ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၄၀)
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၄၀)
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၂၆
ကျောက်ကျင်ကို သောက်မြင်ကတ်လိုက်၊ ကျောက်ကျင်က သောက်မြင်ကတ်လိုက်နဲ့ တရုတ်မနဲ့ ငရှုပ်ပွတို့ အုပ်စု ဒုက္ခနဲ့ လှလှတွေ့သလို တွေ့နေကြပြီ။
ကျောက်ကျင်က နီပိန်းတွေထက် စိမ်းပိန်းတွေ များတယ်ဆိုတော့ တဂါးဂါးနဲ့ တဂီးဂီးပြီပေါ့။ တရုတ်နဲ့ တဟီးဟီး လုပ်နေရာကနေ တရီးရီး ဖြစ်နေကြပေလေ။
စိမ်းပိန်းတွေက တိုင်းရင်းသား အဖွဲ့တွေကို တရုတ်က ထိန်းပေးထားတာမှ အားမနာ၊ နယ်မြေကိစ္စ ပြောပြီဆိုရင် အတည်ပေါက်ကြီးနဲ့ ပါတီထောင်ပြီး ရွေးကောက်ပွဲ အရင်ဝင်၊ ပြီးရင် လွှတ်တော်ထဲ လာခဲ့၊ လွှတ်တော်ထဲ လာပြောဆိုပြီး အချောင်ဝင်ထိုင်ထားတဲ့ စစ်သားအမတ်တွေဆီ လာခိုင်းနေတာ၊ သူတို့ အဆုံးအဖြတ် လာခံဆိုပြီး ဟောင်ဟောင်နေတာ နားကြားပြင်းကပ်လာတော့ တိန့်ရှီကျွင်းက NCA ပွဲမှာ လူနည်းစု တိုင်းရင်းသားတွေအတွက် အဆင့်မြင့် အုပ်ချုပ်ရေးပုံစံဆိုပြီး နှုတ်သီးဖြတ် ကန်တော့တာ၊ NCA ပွဲမှာ တဂိန်ဂိန် အသံတွေဆိုတာ ညံနေတာပဲ။ အဲဒီပွဲမှာ ဟောင်ကောင် အုပ်ချုပ်ရေးမှူး မအလ မပီကလာ ပီကလာနဲ့ မအီမသာ အတည်ပေါက် အူပြထားတာတွေတောင် ဘယ်သူမှ စိတ်မဝင်စားတော့။
ကျောက်ကျင်ရဲ့ သောက်မြင်တစ်ခုက နင့်ကောင်တွေ အဲဒီလို ပေါက်ကရတွေ ဟောင်နေရင် မြောက်ပိုင်းမှာ စစ်ပွဲ ပြန်စနိုင်တယ်လို့ မအလကို ဩဝါဒပေးခဲ့တာတွေပါ ချပြလိုက်တော့ တပ်အူသံတွေ ထပိ ဆူညံသွားတော့တာပေါ့။ အူသမှ ခွေးတိုင်းနီးနီး အာပျံကြီး လွှတ်နေသလား မှတ်ရတယ်။
သူများကို မဟုတ်မတရား ပြောရမယ်ဆို မြူးသွက်နေတဲ့ ဘူးလက်လည်း ဘယ်နေမလဲ၊ သောက်ကောင်မ ဘာညာနဲ့ စောကြည်ကို ဟောဒီမှာဆိုပြီး ပုဆိုး မပြလိုက်တာ လက်လွန်ပြီး ကြက်သွန်ခင်းပေါ် တက်ထွန်ထားမိသွားလို့ ဒုတ်ကြောက်၊ အဲလေ တရုတ်ကြောက် ရောဂါဝင်ပြီး အကြောပါ ငင်နေပတဲ့။
မဘသတွေကို ပစတွေကို မြှောက်ပေး တရုတ်ဆန့်ကျင်ရေး လှုံ့ဆော်တဲ့ အေးနေဝင်းလည်း ခုတော့ ပြေးပေါက် ရှာနေပြီဆိုလား။ ဒီကောင်က ဝက်ပါးလေ။ အလဲဗင်းလည်း ဗျင်းခံရမှာ။ တရုတ်တွေ ကိုယ့်ဘာသာ ထောက်ပို့လုပ်နေတဲ့ ခြေဥအတိုင်း သွားနေတာကို အသာတကြည် ကြည့်နေဖို့၊ အဆင့်မြင့် အုပ်ချုပ်ရေး ဘာညာ မအာဖို့ ပြောပြီဆိုတော့ ဗျင်းမှာပေါ့။ တကယ်တမ်း တရုတ်ကို သောက်မြင်ကပ်တာက သူတို့ မုန်းတီးရေး လှုံ့ဆော် ရေးသားလို့ မဟုတ်ဘဲ ကျောက်ကျင်ရဲ့ ရှောက်ထင်ရာ အရေးတွေကြောင့်တဲ့။ နီပိန်းတို့ စိမ်းပိန်းတို့လို မြန်မာလူမျိုးတွေအပေါ် နှိမ့်ချစော်ကားလေ့ရှိတဲ့ လေးဘမ်းက သေးပန်း စကားတွေကြောင့်ဆိုပြီး ထပ်ရေးတော့ ကျောက်ကျင်လည်း မျောက်ဖင် ဆူးစူးသလို ခုန်ပြီလေ။
ဝက် တို့၊ ဘူးလက် တို့၊ ဆယ့်တစ် တို့ဆိုတာလည်း ညောင်သီးလေး စားချင်လို့သာရယ်၊ လေးသားက မကြားတာ မဟုတ်။ မကြောက်လို့ ရမလား သားကြီးရဲ့၊ သူ ခိုင်းလို့ လုပ်ရတယ်ဆိုပေမဲ့ မအလက အကျပ်အတည်း ဆိုက်လာရင် အကုန် ငလမ လုပ်ပစ်မှာလေ။ ငလမ လုပ်တယ်ဆိုတာ တော်သလင်းကျင့် တော်သလင်းကြံ ကြံတာကို ပြောတာ။ သီတင်းကျွတ် ရောက်နေပေတဲ့ တော်သလင်းကျင့်က မပျောက်ဘူးရယ်။
ဘာကြောင့် ကျင့်ခံရနိုင်လဲဆို စောကြည်မက သိပ်စွာတာကိုး။ စောကြည်မ အဲလောက် စွာမယ်၊ ဖွာမယ်၊ အာကျယ်မယ် မထင်ခဲ့တာ သူတို့ အမှား။ ကျင်ကျောက်က ရှင်ပေါက်လို့ ပလစ်ထားမယ် ထင်တာ သူတို့ မမှား။ တကယ်တော့ ကျင်ကျောက်က ဘယ်ခွေးမှ လူမထင် ကျင်ကျောက်။ ပျူသခင် ရှင်ပေါက်သာ ယင်လောက်လောက် သဘောထားလို့ မပြောကြားတာလေ။ အေး ကျောက်ကျင် စောကြည်တို့ကလည်း သောက်မြင် ပြောပြီဆို တရုတ်မသာ ပြောတာ၊ ဗမာလို အာရာမှာတော့ ငါးစိမ်းတန်း အုပ်ကြီးအဆင့်။ အဂ္ဂအဖွာ ငါးစိမ်းသည်မ။ အမယ် ကဗျာကလည်း ဆန်တတ်သေး၊ အလဲဗင်းကိုဆို "အစိမ်းရောင် တရုတ်မုန်းတီးရေး လှိုင်းသစ်" တဲ့။ ဗမာကွန်မြူနစ် လေသံအစစ်ကြီးနဲ့ ကစ်တာ။
ဒီလိုရေးတာဟာ "တိုက်မနိုင်လို့ အသံကျယ်ကျယ် ထဟောင်တဲ့ သဘောလား" ဆိုပြီး ကောက်ပင် ရိတ်လှီးလိုက်သေးတာ။ အဲဒီလို မေးပုံက တစ်ဖက်လှည့်နဲ့ တစ်စိမ်းလုံးကို ခွေးတွေလို့ တိတိကျကျ ဆိုလိုက်တာပဲလေ။ အိုး စစ်စိမ်းအုပ်ကို ခွေးလို့ သတ်မှတ်တာ ကိုယ်တွေချည်း ထင်နေတာ၊ သူတို့ကတောင် ကိုယ်တို့ထက် စောနေလား မသိဘူး။ လေသံကတော့ ခေါ်နေပြောနေကျ အသံမျိုးကြီးရယ်။ ကွယ်ရာမှာ ခွပ်တေးလို့ ခေါ်ကြပုံပဲ။ အင်း ခုတော့ စကားစကား ပြောပါများပြီး စကားထဲက ဇာတိ ထုတ်ပြကြပြီပေါ့။
ကျောက်ကျင်ရဲ့ နောက်အမြင်တစ်ခုက မြောက်ပိုင်းမှာ စစ်ရှုံးတဲ့ အရှက်ကို ဖုံးကွယ်ချင်လို့ တရုတ်အပေါ် အပြစ်ပုံချပြီး ပြည်တွင်းစစ်ကို ပြည်ပကျူးကျော်စစ် ပုံစံ လှည့်နေတာဆိုတဲ့ ဟာပါပဲ။ တကယ့်ကို သာသာနဲ့ နာနာ၊ နှုတ်သီးတွေချည်း ဖြတ်ရိုက်ပစ်တာ။
အလဲဗင်းဘက်ကလည်း ဒီလောက် ရိုက်နေတာကို "မြန်မာပြည်နဲ့ ခပ်ဝေးဝေးမှာ နေပေးပါ" ဆိုပြီး နှုတ်သီး ထပ်ကျွံပြန်ရော။ အဲဒီမှာ မအလကို တဆုံးကျွေးသလို ဖြစ်သွားပြီး မအလခမျာ ခွေးဖျင် ဆင်၊ အဲလေ လည်ချောင်းတလျှောက် ကောက်ညင်းကျည်တောက် ဝင်နေသလို နင်ပြီးရင် ငင်နေတော့တာပေါ့။
ဟို မအလကောင်က တရုတ် မရှိရင် ဘာဟောင်စရာမှ မရှိ။ ဘာအူလို့ အူရမှန်းမသိ။ သားရေနား ကိုက်ဖို့ထား၊ အရိုးတောင် ဘယ်ရှာရမှန်းမသိ ဖြစ်သွားမှာလေ။ အဲလို ဗလရော ဇရော မရှိမှန်း သိသိနဲ့ တရုတ်သွားပြီး မြန်မာပြည်နဲ့ ခပ်ဝေးဝေးမှာ နေပေးပါ သွားလုပ်တာ။
ဒါ သက်သက် မအလ တို့ဘဝ ဖျက်တာပဲလေ။ သမီးလေး ခင်သီရိသက်မွန်ရဲ့ လျှပ်စစ်ကား အိပ်မက်၊ သားလေး အောင်ပြည့်စုံရဲ့ ဆိုလာ အကြံအဖန်တွေပါ တခါတည်း မြေလှန်ပစ်တဲ့ သဘောပဲလေ။ ဒင်းတို့ တမိသားစုလုံးရဲ့ တရုတ်အားကိုး ပလွေရိုးကို ရိုက်ချိုးလိုက်တာနဲ့ အတူတူပဲလေ။
တရုတ်မုန်းတီးရေး လုပ်နေတဲ့ နင့်သောက်လုပ်တွေ ရပ်၊ နင့်သောက်ကောင်တွေကို ထိန်း၊ မဟုတ်ရင် ရှမ်းမြောက်မှာ ဂန်းဖောက်လာနိုင်တယ်လို့ မအလကို တရုတ်ခရီးစဉ်မှာကတည်းက အမြီးလှန်ချိုးလိုက်ပြီးသားလို့ စောကြည်က ပြောပြီလေ။ အဲဒီမှာ အစိမ်းတွေ ဒိန်းတလိန်း နတ်ပူးတော့တာ။ အလဲဗင်း ဆောင်းပါးမှာ MNDAA ဟာ သူတို့ သိမ်းပိုက်ထားတဲ့ မြို့တွေကနေ မဆုတ်ခွာရင် မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်မယ်လို့ ပြန်ဖြဲထားတော့ စောကြည်ကလည်း တိုက်ပွဲ ဖြစ်ပွားမဲ့ အချိန်ကိုသာ စောင့်ကြည့်မယ်လို့ ဆိုပြီးသကာလ ဒီသဘောထားဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးကို “ငါတို့ အင်အားရှိလာရင် နင်တို့ကို တိုက်ကိုတိုက်မယ်” ဆိုတဲ့ အသံပေးရာ ရောက်တယ်၊ အဲဒါကြောင့် အချင်းချင်း ယုံကြည်မှု တည်ဆောက်ဖို့ အလွန်ခက်ခဲတဲ့အတွက် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အခြေအနေဟာ လာမဲ့နှစ် ၃၀ မှ ၅၀ အတွင်း မြင်နိုင်တဲ့ အလားအလာ မရှိသလောက်ဘဲလို့ အောက်ကလိအာလိုက်တော့ ပြာကြပေလေ။
အပြောနီတဲ့ စောကြည် ခေါ် ကျောက်ကျင်က နောက်အမြင်တစ်ခု ထပ်ပြောလာတယ်။
မအလနဲ့ အတူနေ မီဒီယာက အခုလို ဆိုးရွားတဲ့ တရုတ်ဆန့်ကျင်ရေး ဆောင်းပါးတပုဒ် ထည့်သွင်းဖော်ပြတာဟာ မြန်မာစစ်တပ် ဒါမှမဟုတ် မင်းအောင်လှိုင်ရဲ့ သဘောထားကို ရာနှုန်းပြည့် ဖော်ပြတာလား၊ အတိုင်းအတာတစ်ခုအထိ ဖော်ပြတာလား၊ ဒါမှမဟုတ် မြန်မာ အစွန်းရောက် အမျိုးသားရေးသမားတွေရဲ့ သဘောထားကိုသာ ဖော်ပြတာလား ဆိုတာကို စဉ်းစားသုံးသပ်ဖို့ လိုအပ်တယ်ဆိုတဲ့ စကား။
ဒါ့အပြင် အဲဒီ ဆောင်းပါးဟာ မြန်မာစစ်တပ် ဒါမှမဟုတ် မအလရဲ့ ဆန္ဒအရ သူတို့ သဘောထားကို ရာနှုန်းပြည့် ဖော်ပြတာဆိုရင်တော့... ဟင်း ဟင်း တရုတ်-မြန်မာ ဆက်ဆံရေးဟာ ပြောင်းပြန်လည်ပြီး ၁၉၆၇ ခုနှစ် နေဝင်းခေတ် အခြေအနေ ပြန်ရောက်သွားမယ်လို့ ချေမိုး ကုဋေစိုး လုပ်ပြီလေ။
နေဝင်းခေတ်တုန်းက ပီကင်းရေဒီယိုက နေဝင်း စန်းယု စစ်အစိုးရဆိုပြီး နေ့စဉ်နေ့တိုင်း ဆဲတာဆဲတာများဆို၊ အဲတုန်းက လက်နက်တွေ ငွေတွေလည်း ဗကပဟာ အများကြီး ရခဲ့ပေါ့။ လူတွေပါ ပါသလေ။ အဲလို ပါလာရင်တော့ မအလနဲ့ တပ် လက်ရော ဇက်ရော ပြတ်ပြီပဲ။
ဆယ့်တစ်ကလည်း တရုတ်အထူးကိုယ်စားလှယ်ရဲ့ အလုပ်ဟာ ပုပ်သိုးသွားပြီလို့ ပြောပြီး တိန့်ရှီကျွင်းကိုလည်း သွယ်ဝိုက် ဆဲထားပါတယ် ဆိုပြီး လှော်ပြီလေ။ မြန်မာစကားပုံကလည်း အပြောမတတ် ဆဲသလိုလို့ ဆိုသမို့လား။ တကယ်တော့ ကျောက်ကျင်က မြန်မာစာ ကျွမ်းကျင်လေ။ စကားကြီး ဆယ်မျိုးကို ဒိစိနဲ့ ဂျမနိုင်း စပ်ရေးနေတာကလား။
တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းဟာ တရုတ်အစိုးရ ကိုယ်စားလှယ်တော်ကြီးမို့ သူ့အလုပ် ပုတ်သိုးတယ် ပြောတာဟာ မဟုတ်တရုတ် ဆိုတဲ့ မြန်မာလေသံအတိုင်း တရုတ်လုပ် ရှမ်းမြောက် တည်ငြိမ်ရေးဟာ မဟုတ်ဘူး၊ လစ်တော့လို့ ပြောလိုက်တာပါပဲတဲ့။ တဆုံး ထည့်တာနော်။ ဟိုကောင် မအလ ပျို့လိုက် အန်လိုက် လှန်လိုက် မှောက်လိုက် ကုံးလိုက် ကွလိုက် ဖြစ်ပြီပေါ့။
ပြီးတော့ မြန်မာစစ်တပ်နဲ့ နီးကပ်တဲ့ မီဒီယာက ဖော်ပြချက်ဟာ မြန်မာစစ်တပ်ရဲ့ သဘောထားကို အတိုင်းအတာတခုအထိ ကိုယ်စားပြုနေလို့ကတော့ နောက်ပိုင်း ကူမင်းမှာ လုပ်မဲ့ ဆွေးနွေးပွဲတွေမှာ ခွေးနေရာ မရ ဖြစ်နိုင်တယ်လို့လည်း ကျောက်ကျင် တရုတ်မက မကြောက်ရင် လုပ်ကြဆိုပြီး တကွက်တွေ ထုတ်ပြလာတယ်။
ဆယ့်တစ်ရဲ့ ရည်ရွယ်ချက်က တရုတ်မုန်းတီးရေး လှုံ့ဆော်ပြီး တရုတ်ကို ဖိအားပေးကာ ပြန်ရချင်တဲ့ နေရာတွေကို အန်းတားတချက် ခေါက်စရာမလိုဘဲ တရုတ်အမိန့်နဲ့ ကိုးကန့်ဆီက ပြန်ရချင်တဲ့ အကွက်တဲ့။ ဒါဟာ ခွပ်တေးရဲ့ လုပ်ထုံးလုပ်နည်းတဲ့။ မကိုက်နိုင်ရင် အသံကျယ်ကျယ် ဟောင်တယ်တဲ့။ လောလောဆယ် တရုတ်မှာ သောက်လုပ်တွေ ရှုပ်နေလို့ နင်တို့ “ဟောင်သံ” ကိုတော့ ကြားမှာ မဟုတ်၊ အဲဒီ အသံကို ကြားရင်တော့ ရှမ်းမြောက် တည်ငြိမ်ရေး ထိန်းချုပ်နေတဲ့ လက်ကို နည်းနည်း လျှော့ပေးလိုက်ရင် ဆိုပြီး အစိမ်းတအုပ်လုံးကို အမြီးချည်း ဆွဲဖြုတ်ပစ်တော့တာ။ အကုန် အဆီဘူးတွေ ရောင်ကုန်တာပေါ့။
အစိမ်းတွေ အဆီဘူး ခါနေပါတယ်ဆို အရေးထဲမှာ ကျော်မျိုးမင်း ဆိုတဲ့ ကောင်ကလည်း တကိန်ကိန် လုပ်နေသေးတယ်။
သူတို့ ခွပ်တေး လော်ဘီ မီဒီယာသမား ၅ ကောင်ကို ထိုင်ဝမ် ယဉ်ကျေးမှုနဲ့ စီးပွားရေးဌာနက ဖိတ်တာကို တရုတ်က ပိတ်လို့ မအလက မသွားရ လုပ်လိုက်တော့ တရုတ်က ရှုပ်ရသလား၊ တရုတ်က လာအုပ်ချုပ်နေပြီလား၊ တည့်တည့် ပြောရရင် အဘတို့ တရုတ်ကို သိပ်ကြောက်လားဆိုပြီး အီနေတာ၊ အီလို့သာ အီနေတာ၊ သူ့ အဘတွေက တရုတ် ခွင့်မပြုရင် ကိုယ့်ရုပ်ရှင်တောင် ကိုယ်ရုံမှာ မတင်ရဲလို့ ရုပ်ရှင်တောင် ရုပ်သေ ဖြစ်သွားပြီလို့ ပြောနေကြတာ သူ သိတယ်။
ကျော်နုကတော့ သူ့ ထိုင်ဝမ်ခရီးစဉ် မူစကူဒူး ခံရပြီးနောက် တရုတ် ဆန့်ကျင်ရေးကို ကိန်ရာကနေ ဟောင်တဲ့အဆင့် တက်လာပြီ။ မအလက စ ဘယ်လို လုပ်ရမယ်ဆိုတဲ့ ပလန်တွေတောင် ထုတ်ဟောင်လာပြီ။
မဘသ လှိုင်းကြီး ဝင်လာလို့ကတော့ တရုတ်ပြည်မှာ မုန်တိုင်းဝင်တာထက် ဆိုးတော့မယ်လေ။ အင်း ဘယ်တတ်နိုင်မလဲ၊ သဗ္ဗေသတ္တာ ကမ္မသကာပေါ့။
👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar