Breaking News

ဇင်လင်း - အမျိုးသား သွေးစည်းညီညွတ်ရေး ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ထူထောင်ရေး



ဇင်လင်း - အမျိုးသား သွေးစည်းညီညွတ်ရေး ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ထူထောင်ရေး

(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၂၁

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်း တာထွက်ပုံမှာ အနည်းငယ် လှုပ်လှုပ်ခတ်ခတ်ရှိသည်ဟု ဆိုရမည်။ အာဏာ ရပါတီအဖို့ မြင်းရိုင်းတစ်ကောင် စီးရသကဲ့သို့ ရှိပေမည်။ လုံခြုံရေး အခြေအနေကြောင့် ရွေးကောက်ပွဲ မကျင်းပ နိုင်ခဲ့သော ရခိုင်ပြည် နယ်နှင့် ရှမ်းပြည်နယ်များရှိ မြို့နယ်များတွင် အမြန်ဆုံး ရွေးကောက်ပွဲပြန်ကျင်းပပေးရန် တပ်မတော် က ဇန်နဝါရီလ ဆန်းစ မှာပင် ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့သည်။ လာမည့် ဖေဖော်ဝါရီလ တစ်ရက်နေ့တွင် ရွေးကောက်ခံကိုယ်စားလှယ် အသစ်များ ပါဝင်မည့် လွှတ်တော်အစည်းအဝေး စတင်တော့မည်ဖြစ်၍ ယင်းကာလမတိုင်မီ ရွေးကောက်ပွဲများ အမြန်ဆုံး ကျင်းပပေးပါရန် တပ်မတော်က တိုက်တွန်းနှိုးဆော်သည်ကို ကြားသိရသည်။ အမှန်ဆိုလျှင် ထိုကိစ္စသည် တပ်မတော်၏ လုပ်ဆောင်ပိုင်ခွင့်ဘောင်တွင် အကျုံးမဝင်သော ကိစ္စဖြစ်၍ UEC က စဉ်းစားဆုံးဖြတ်ရမည့် ကိစ္စဖြစ်သည်။

ရခိုင်ပြည်နယ်ထဲတွင် ရွေးကောက်ပွဲများ ပြန်လည် ကျင်းပနိုင်ရန် တပ်မတော်က ရခိုင့်တပ်တော် AA နှင့် ဆွေးနွေးထားပြီး ဖြစ်သည်ဟု ဆိုသည်။ ပစ်ခတ်တိုက်ခိုက်မှုများလည်း ရပ်စဲထားကြောင်း တပ်မတော်၏ ကြေညာချက်၌ ဖော်ပြထားသည်။ AA တပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ NLD ရွေးကောက်ခံ လွှတ်တော်အမတ်လောင်း သုံးယောက်ကိုလည်း ရခိုင်ပြည်နယ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမျာ ကျင်းပနိုင်ရေးအတွက် ရည်ရွယ် လျှက် တပ်မတော်နှင့် ရခိုင်တပ်တော် AA တို့အကြား ညှိနှိုင်းကာ ပြန်လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။

ထူးခြားသည့်အချက်မှာ ၂ နှစ်ကြာ အပြင်းအထန်တိုက်ခိုက်နေခဲ့ပြီးနောက်၊ တပ်တော်က အကြမ်းဖက်အဖွဲ့အဖြစ် သဘော ထားခဲ့သော ရခိုင့်တပ်တော် AA နှင့် ရုတ်တရက် သဘောတူညီမှုရရှိကာ ရခိုင်၌ ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပပေးရန် တောင်းဆိုလာခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် အဆင် သင့်ရှိကြောင်း RFA သတင်းသို့ ပြောခဲ့သည်။ သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ရွေးကောက်ပွဲ ပြန််လည်ကျင်းပရေးအတွက် အဆင်သင့်ဖြစ်/မဖြစ် တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။ ရခိုင်ပြည်နယ်အတွင်း ရှိ မြို့နယ်များတွင် ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ က ဝိုင်းဝန်းဆောင်ရွက်ကြရန်လည်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ၂၀၂၀ ဒီဇင်ဘာလ ၁၅ ရက် ၄၆ နှစ်‌မြောက် ရခိုင်ပြည်နယ်နေ့တွင် တိုက်တွန်းပြောဆိုခဲ့သေးသည်။

ရွေးကောက်ပွဲလုပ်ရန်ကျန်နေသည့် ရခိုင်ပြည်နယ် မြို့နယ် ၉ မြို့နယ်တွင် အစိုးရကလည်း ရွေးကောက်ပွဲလုပ်စေချင်သည် ဟု ဆိုသည်။ သို့ရာတွင် လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ ရခိုင့်တပ်တော် AA နှင့် အစိုးရတို့အကြား သဘောတူညီမှုများ ရရှိရန် လိုအပ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ဆိုသည်။

“အစိုးရပိုင်းအနေနဲ့ ကျွန်တော်တို့က ဖြစ်စေချင်တယ်။ နံပါတ် ၁ ကျွန်တော်တို့က ဖြစ်စေချင်တယ်၊ နံပါတ် ၂ ဒီအတိုင်း တော့ ဖြစ်လို့မရဘူး၊ ဒီအတိုင်း ပြီးပြီးရောတော့ လုပ်လို့ မရဘူး၊ အဲဒီတော့ ဒီလိုအဆင့်တွေ လုပ်ငန်းစဉ်တွေရှိတယ်။ ဒီ Process တွေ ခိုင်ခိုင်မာမာ လုပ်ဖို့အတွက် ကျွန်တော်တို့ကြားမှာ ခိုင်မာတဲ့ သဘောတူညီချက်တွေ ရဖို့လိုတယ်။ အဲဒါ ဘာလဲဆိုတော့ ကျွန်တော် ပထမ ရှင်းပြတဲ့ လေးဖွဲ့နဲ့ လုပ်နေတဲ့ အဆင့် ၃ ဆင့်ပဲ။ ဒီအဆင့် ၃ ဆင့်ကို မြန်မြန်သွားဖို့ လို တယ်၊ Bilateral နှစ်ဖက် အပစ်အခတ်ရပ်စဲရေးရပြီး ထိုးတာက တစ်ပိုင်း၊ အဲဒီမှာ ကိစ္စတစ်ခုချင်း ကျတော်တို့ ရှင်းရမယ်။ IDP စစ်ဘေးရှောင်စခန်းတွေ ကိစ္စရှိမယ်။ ရွေးကောက်ပွဲ မကျင်းပရသေးတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ကိစ္စရှိမယ်။ ပြီးရင် တပ်နေရာချထားရေး ကိစ္စတွေရှိမယ် ၊ တိုက်ပွဲ မဖြစ်အောင်ရှောင်ရှားရေး စသဖြင့်ပေါ့နော် တစ်ခုချင်း တစ်ခုချင်း သဘောတူပြီးသွားရင် အဲဒါ သဘော တူညီချက်အရ လုပ်လို့ရတယ်" ဟု ဦးဇော်ဌေး က RFA သတင်းသို့ ပြောသည်။

လွှတ်တော်သစ် မစတင်မီ ရခိုင်နှင့် ရှမ်းပြည်နယ်များတွင် ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပပေးရန် တပ်မတော်ဘက်က ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အား ယနေ့အထိ တပ်မတော် ဘက်က လုံခြုံရေးဆိုင်ရာ အာမခံချက်ပေးရန် တရားဝင် အကြောင်းကြားခြင်း မရှိသေးဟု ဦးဇော်ဌေးက ဆိုသည်။

စင်စစ်တွင် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲများ ကျင်းပရန် ပျက်ကွက်ရခြင်း၏ အဓိက အကြောင်းမှာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခဲ့သောကြောင့်ဖြစ်သည်။ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက် နက်ကိုင်များ(EAOs) အကြား NCA စာချုပ် အကောင်အထည်ဖေါ်ရာ၌ တစ်ဆို့မှုများပေါ်ပေါက်နေခဲ့၍လည်း ဖြစ်သည်။ ယခင် ၅ နှစ်တာကာလ သမိုင်းအတွေ့အကြုံကို ပြန်ပြောင်း သုံးသပ်ကြည့်လျှင် NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တို ဘာ ၁၅ ရက်တွင် EAOs ၂၁ ဖွဲ့အနက် KNU ကရင်အမျိုးသားအစည်းအရုံးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ လက်မှတ် ရေးထိုးခဲ့သည်။ ထိုစဉ်က ကချင်လွတ်လပ်ရေးအဖွဲ့KIO/KIA သည် ‘အားလုံးပါဝင်ခွင့်ပြုရေးမှု’ကို ဆုပ်ကိုင် ထားခဲ့သည်။ အလားတူ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် တအာန်းအဖွဲ့TNLA ၊ ရခိုင်အဖွဲ့ULA/AA နှင့် ကိုးကန့် အဖွဲ့ MNDAA တို့ကို တပ်မတော်နှင့် ယခင်အစိုးရတို့က လက်မခံခဲ့သဖြင့် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခွင့် မရရှိခဲ့ ကြပေ။ ထိုအချိန်မှ စတင်ပြီး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အဆင်မပြေဖြစ်ခဲ့ရပြီး၊ တစ်ဆို့မှု အမျိုးမျိုး ကြုံခဲ့ရသည်။ နောက်ဆက်တွဲ ရလဒ်များမှာ ကချင်၊ ကိုးကန့်၊ တအန်း(ပလောင်) နှင့် ရခိုင်ပြည်နယ်တို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်စွာ ဖြစ်ပွား ခဲ့ရသည်။

သတင်းကောင်းတစ်ခုမှာ ၂၀၂၁ ဇန်နဝါရီလ ၈ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်ပွဲ၌ ပဏာမ အပစ်အခတ်ရပ်စဲ ရေး သဘောတူညီမှု ရရှိရေးအတွက် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် အစိုးရက စီစဉ်နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။ ဆွေးနွေးပွဲကို ဇန်နဝါရီ ဒုတိယ သီတင်းပတ်တွင် ကျင်းပရန် အစိုးရ ဘက်က ကမ်းလှမ်းထားသည်ဟု ဆိုသည်။ မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ဘက်က အကြောင်းမပြန်သေးဟုလည် သတင်းစာရှင်းလင်းပွဲ၌ ဦးဇော်ဌေးက ပြောသည်။ အစိုးရ၏ ပဏာမ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူချက် မူကြမ်းကို မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် AA၊ တအာင်း လွတ်မြောက်ရေးတပ် TNLA နှင့် ကိုးကန့် MNDAA အဖွဲ့တို့ထံ ပေးပို့ထားပြီးဖြစ်သည်ဟု လည်း ဆိုသည်။

အစိုးရဘကျက တှေ့ဆုံဆှေးနှေးပှဲကို မွစျကွီးနား၊ သို့မဟုတျ ကြိုငျးတုံမွို့တှငျ ကငြျးပနိုငျရနျ စီစဉျနသေညျဟုလညျး သတငျမြား ထှကျပေါျနသေညျ။ ရှေးကောကျပှဲ မကငြျးပဖွစျခဲ့သညျ့ ဒသေမြားတှငျ ရှေးကောကျပှဲကငြျးပနိုငျရေးကိစ်စ အပါအဝင် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊ အပစ်အခတ် ရပ်စဲရေးခိုင်မာစေရန်ကိစ္စ၊ နှစ်ဖက်တပ်များ တိုက်ပွဲ ရှောင်ရှားနိုင် ရန် တပ်နေရာချထားရေး နယ်မြေကိစ္စ၊ စသည်တို့ အပြင် စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စကိုလည်း တစ်ဖွဲ့ချင်းစီ နှင့် ဆွေးနွေးညှိနှိုင်းသွားရန် အစိုးရဘက်က စီစဉ်ထားသည်ဟု ဦးဇော်ဌေးက ဆိုသည်။

တပ်မတော်နှင့် အစိုးရအနေဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရေး အကြောင်းကြားထားသည်မှာ မှန် ကန်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က RFA သို့ ဇန်နဝါရီ (၁) ရက်နေ့က ပြောကြားခဲ့သည်။ သို့သော် ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခ က ထိုသို့တွေ့ဆုံရန်ကိစ္စ သူ့ထံသို့ အတည်ပြုချက် မရောက်သေး ကြောင်း RFA သို့ ပြောကြားသည်။ ထိုအတောအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များအနက် ရက္ခိုင့်တပ်တော် AA၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့က ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လတာ အပစ်ရပ်ထားမည်ဟု ဇန်နဝါရီ (၁) ရက်နေ့က ကြေညာထားသည်ကို တွေ့ရသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံတော်အနာဂတ်အတွက် ညီညွတ်ပေါင်းစည်းကာ ယုံကြည်မှု တည်ဆောက်နိုင်ကြမည်ဆိုပါက သဘောထားကွဲလွဲမှု နှင့် သံသယစိတ်များ လျော့နည်းပျောက်ကွယ်သွားမည်ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ရက်နေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်၏ အနာဂတ်အတွက် တူညီသည့် စိုးရိမ်စိတ်ဖြင့် ညီညွတ်ပေါင်းစည်းကာ ယုံကြည်မှု တည်ဆောက်နိုင်ကြလျှင် သ ဘောထားကွဲလွဲမှုနှင့် သံသယ စိတ်များ လျော့နည်းပျောက်ကွယ်သွားမည်ဟု NLD ပါတီက ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ရက် တွင် ကျရောက်သည့် (၇၃)နှစ် မြောက် လွတ်လပ်ရေးနေ့အခမ်း အနားကို ဒီချုပ်ပါတီကအကျဉ်းရုံး ကျင်းပပြီး ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကိစ္စအပါအဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိစ္စများနှင့်ပတ်သက်၍ အစိုးရနှင့် တပ်မတော်တို့ အကြား ညှိညှိုနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် လုပ်ဆောင်မှုမရှိဘဲ ဆောင်ရွက်နေပါက တိုင်းရင်းသားအရေး ရလဒ်ကောင်း ထွက်ဖွယ်မရှိဟု ဝေဖန်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ ထို့ကြောင့် အစိုးရနှင့် တပ်မတော်တို့အကြား သဟဇာတဖြစ်စေလိုသော အမြင်သဘောထားများ လူထုအတွင်း ပြောဆိုသုံးသပ်မှုများလည်း ရှိနေသည်။

ဇန်နဝါရီလ ၄ ရက်နေ့ က သမ္မတအိမ်တော်၌ ကျင်းပသော လွတ်လပ်ရေးနေ့ ဂုဏ်ပြုဆုများ ပေးအပ်ပွဲအခမ်းအနားတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့ တွေ့ဆုံစကားပြောခဲ့ခြင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအတွင်း မေးမြန်းခဲ့ရာ အပြုသဘောဆောင်ပြီး ကောင်းမွန်ကြောင်း ဦးဇော်ဌေး က ဆိုသည်။ သတင်းဓါတ်ပုံများလည်း ထုတ်ပြန်ပေးထားသဖြင့် အရိပ်အကဲခန့်မှန်းကြည့် နိုင်ကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။ ထို့ပြင် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုနိုင်သည့် နိုင်ငံရေးပါတီ အချို့၏ ဝေဖန်ချက်များနှင့် တရားစွဲဆိုမှုများ ရှိသော်လည်း အစိုးရသစ် ဖွဲ့စည်း ရေးကိစ္စ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်၍ အစိုးရ လွှဲပြောင်းရေးလုပ်ငန်းစဉ် အခက်အခဲမရှိကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်မခံနိုင်သည့် အတိုက်အခံပါတီအချို့က NLD ပါတီ၏ အောင်မြင်မှုအပေါ် အခြေအမြစ်မရှိ ပုတ်ခတ်တိုက်ခိုက်နေကြရုံမက တရားစွဲဆိုရန်အထိ လုပ်ဆောင်နေကြသည်။ သို့သော်လည်း ဥပဒေ ပညာရှင်များ၏ သုံးသပ်ချက်များအရ လက်ရှိသမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့အား တရားစွဲ၍ မရနိုင်ဟု ဆိုသည်။ သို့ဖြစ်၍ NLD ပါတီအနေဖြင့် ဒုတိယအကြိမ် အစိုးရသစ်ဖွဲ့ရေးကိစ္စ အခက်အခဲရှိမည်မဟုတ်ပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ (၇၃)နှစ် မြောက် လွတ်လပ်ရေးနေ့ကြေညာချက်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ပြည်သူလူထုက NLD ပါတီကို ဒုတိယ အကြိမ် ယုံယုံကြည်ကြည် တာဝန်ပေးအပ်လိုက် သောကြောင့် ပါတီ၏ မူလရည်ရွယ်ချက်ဖြစ်သော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးအတွက် တိုင်းရင်းသားမျိုးနွယ်စု နိုင်ငံရေးပါတီများကို ဖိတ်ခေါ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ အဆင့်အတန်းတူ၊ အခွင့်အလမ်းတူညီခြင်းဟူသော လောကပါလတရားနှင့်အညီ တည်ဆောက်ခဲ့သော အမျိုးသားလွတ်လပ်ရေးသည် ပြည်သူလူထုနှင့် တိုင်းရင်းသားမျိုးနွယ်စု အားလုံး၏ သွေးစည်းညီညွတ်မှု သင်္ကေတဖြစ်သကဲ့သို့ လွတ်လပ်ရေးအလွန် သက်ဆိုးရှည်နေဆဲဖြစ်သည့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ အနိဌာရုံများနှင့် မှားယွင်းသော အုပ်ချုပ်ရေးစနစ်ဆိုးများသည် အမျိုးသား စည်းလုံးညီညွတ်မှု အားနည်းပြိုကွဲခြင်း၏ အကျိုးဆက်ဖြစ်သည်ဟု NLD ပါတီ က သုံးသပ် ညွှန်ပြထားသည်။

ခြုံငုံသုံးသပ်ရလျှင် ယနေ့ ပြည်သူလူထု၏ နိုင်ငံရေးရေချိန် မြင့်မားမှုကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ပြည်သူ လူထုက ရွေးကောက်ပွဲတွင် ပြတ်သားစွာ ထောက်ခံလိုက်သည်ကို တွေ့ရသည်။ ပြည်သူတို့၏ နိုင်ငံရေးရေချိန်ကို မကျော် နိုင်သဖြင့် အတိုက်အခံများ၏ လတ်တလော တန်ပြန်တိုက်ခိုက်မှု အမျိုးမျိုးမှာလည်း သဲထဲရေသွန် ဖြစ်လျှက်ရှိသည်။ NLD ပါတီက အမျိုးသား သွေးစည်းညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ထူထောင်ရေး ကို အထူးအလေးပေးကြိုးပမ်းမည်ဟုဆိုသဖြင့် တိုင်းရင်းသားပါတီများနှင့် ညီညွတ်ရေး အလားအလာလည်း ကောင်းနေ သည်။ နိုင်ငံတော် အနာဂတ်အတွက် ညီညီညွတ်ညွတ် ပေါင်းစည်းကာ ယုံကြည်မှု တည်ဆောက်နိုင်ကြမည်ဆိုပါက သဘောထားကွဲလွဲမှုနှင့် သံသယစိတ်များ အမှန်ပင် လျော့နည်းပျောက်ကွယ်သွားမည့် လက္ခဏာများလည်းတွေ့ရသည်။

ထို့ကြောင့် ရခိုင်ပြဿနာအပါအဝင် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး(NCA) ကိစ္စနှင့် ၂၁-ရာစုပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိစ္စတို့ကို ယခုအစိုးရသက်တမ်းတွင် အောင်အောင်မြင်မြင် အဖြေထုတ်နိုင်လိမ့်မည်ဟု သုံးသပ်မိပေသည်။ #

Published in the First Weekly News Journal; Vol.11- No.453 (22-1. 2021)