Breaking News

ခန့်ဝါငြိမ်း - နှစ်သစ်-၃


ခန့်ဝါငြိမ်း - နှစ်သစ်-၃

မိုးမခ ၊ ဧပြီ ၁၉ ၊ ၂၀၂၆


နှစ်သစ်မှာ

လေယာဉ်သစ်တွေနဲ့

ဗုံးသစ်တွေကို

ငါတို့အိမ်ဟောင်းတွေပေါ်ကို

ကျဲဦးမှာလား။


ငါတို့ဟာ

ဒဏ်ရာသစ်တွေ

မျက်ရည်သစ်တွေနဲ့

အိပ်မက်သစ်တွေကို ထမ်းပြီး

လမ်းဟောင်းလေးပေါ်

လျှောက်နေဆဲပါ။


ခေတ်ကြီးရေ

အမေတွေနဲ့ သားတွေကြားက

လမ်းတွေကို ဆွဲဆန့်နေတာကို

ရပ်ပါတော့။


ငါတို့လက်တွေ ပေါက်ပြဲနေပေမဲ့

ဒီလွန်ကြိုးကို လွှတ်လို့မဖြစ်ဘူး

မကြာခင်

အာဏာရှင်ဆေးမိုးတွေ ရွာတော့မယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar