ခန့်ဝါငြိမ်း - နှစ်သစ်-၃
ခန့်ဝါငြိမ်း - နှစ်သစ်-၃
မိုးမခ ၊ ဧပြီ ၁၉ ၊ ၂၀၂၆
နှစ်သစ်မှာ
လေယာဉ်သစ်တွေနဲ့
ဗုံးသစ်တွေကို
ငါတို့အိမ်ဟောင်းတွေပေါ်ကို
ကျဲဦးမှာလား။
ငါတို့ဟာ
ဒဏ်ရာသစ်တွေ
မျက်ရည်သစ်တွေနဲ့
အိပ်မက်သစ်တွေကို ထမ်းပြီး
လမ်းဟောင်းလေးပေါ်
လျှောက်နေဆဲပါ။
ခေတ်ကြီးရေ
အမေတွေနဲ့ သားတွေကြားက
လမ်းတွေကို ဆွဲဆန့်နေတာကို
ရပ်ပါတော့။
ငါတို့လက်တွေ ပေါက်ပြဲနေပေမဲ့
ဒီလွန်ကြိုးကို လွှတ်လို့မဖြစ်ဘူး
မကြာခင်
အာဏာရှင်ဆေးမိုးတွေ ရွာတော့မယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar