Breaking News

လှကျော်ဇော - ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းများနေ့အတွက် ရဲဘော်ဖိုးသံချောင်းရဲ့ အမှာစကား

 May be an image of text that says 'ကိုကိုးကွန်း ပြည်သူ့သူရဲေ ပြည်သူ့သူဲကောင်းများနေ့ ใ ကိုလိုးကျွန်းပြန် ပါတီခေါင်းဆောင် ရဲဘော်အောင်ငြိမ်းုမြင်းခြုံ)၏ ាមាពោះ'

လှကျော်ဇော - ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းများနေ့အတွက် ရဲဘော်ဖိုးသံချောင်းရဲ့ အမှာစကား

မိုးမခ ၊ ဩဂုတ် ၉ ၊ ၂၀၂၆



ဗမာပြည်ကွန်မြူနစ်ပါတီမှ ရဲဘော်ဖိုးသံချောင်း (ကိုကိုးကျွန်းပြန်) ရဲ့ ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းများနေ့အတွက် ဂုဏ်ပြုအမှာစကား

လူတစ်ယောက်ရဲ့ တဘဝ တနေရာ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်ကျော်တုန်းက၊ ကျွန်တော့်ရဲ့ လက်ရှိအသက်ရဲ့ တဝက်သာသာလောက်တုန်းက ဗမာပြည်ကြီးရဲ့ အနောက်တောင်ဘက် လူမနီးသူမနီး၊ ငါးမန်းကြီးတွေနဲ့ လှိုင်းကြီးတွေသာ စိုးမိုးတဲ့နေရာ၊ လူလုပ်လှောင်ချိုင့်တွေထဲ ရောက်သွားပြီး ညလည်းရောက်ရော ပင်လယ်ရေနဲ့ ခြေဆေးတဲ့ဘဝကို ရောက်သွားတယ်။

ဒီလိုနဲ့ နောက်တစ်နေ့ကစပြီး ဗမာပြည်သမိုင်းမှာ တစ်ခါမှ မကြားဖူးတဲ့ ထောင်ဇာတ်လမ်း၊ ထောင်အတွေ့... ဒီနောက်မှာတော့ ဗမာပြည်သမိုင်းမှာ ဘယ်တုန်းကမှ မကြားဖူးတဲ့ တိုက်ပွဲမျိုးတွေ၊ မဟာမိတ်ဖွဲ့မှုတွေ၊ ရယ်မောသံတွေကို အဲဒီအဆောင်တွေထဲမှာ တွေ့ရ၊ တိုးတိုးရော ကျယ်ကျယ်ပါ ကြားကြရပါတော့တယ်။

ဒီလိုနဲ့ ဒီကျွန်းပေါ်မှာ ဗမာပြည်သမိုင်းတလျှောက် တစ်ခါမှ၊ ဘယ်နေရာမှာမှ မကြားဖူး၊ မတွေ့ဖူးတဲ့ ထောင်တွင်းတိုက်ပွဲတွေ၊ လူတစ်ယောက် သေတိုင်း သွားလေသူ သူတို့ရဲ့ရဲဘော်အတွက် သီချင်းသံပြိုင် အော်ဆိုကြတာတွေ မြင်ရ၊ ကြားရပါတော့တယ်။ အလောင်း ၈ လောင်းအကြားမှာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ လူ ၂၀၀ ကျော်၊ အကုန်လုံး မကြားဖူး မကြုံဖူးတာတွေချည်း ဖြစ်နေလို့ ကိုယ့်ဘဝနဲ့အသိတွေ တဆစ်ချိုး ပြောင်းသွားတဲ့ နေရာလို့ပဲ မှတ်တမ်းထိုးလိုက်ပါတော့တယ်။

ဖိုးသံ (လူထု)
၃၁-၇-၂၀၂၆

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar