Breaking News

ဝင်းဖေ – သင်္ကြန်အတွေး



ဝင်းဖေ – သင်္ကြန်အတွေး

မိုးမခ၊ ဧပြီ ၁၃၊ ၂၀၁၉ (မိုးမခ ပြန်လည်ဆန်းသစ်ခြင်း)

(မိုးမခ ၂၀ဝ၇ သင်္ကြန်အစီအစဉ်ကနေ ပြန်လည်တင်ဆက်ပါတယ်)

မြန်မာသင်္ကြန်နဲ ့ပတ်သက်ပြီး ထူးခြားတာလေးတစ်ခု တင်ပြချင်ပါတယ်။
“ကမ္ဘာ့လူသားတွေမှာ မွေးရာပါ စိတ်ကောင်းရော၊ ယုတ်ညံ့တဲ့ စိတ်ဆိုးတွေရော၊ ရုပ်ခန္ဓာ ကိုယ်ဖြစ်တဲ့ ခြေတွေလက်တွေလို ပါလာကြပါတယ်” တဲ့။

ပညာရှိတွေရဲ့ သုံးသပ်ချက်ပါ။ ခြေတွေလက်တွေကို အသုံးမပြုဘဲ ကြာကြာထားရင် သွေးမလျှောက်ဘဲ ကျန်းမာရေး ဖောက်ပြန်ကုန်ပြီး တခြားအစိတ်အပိုင်းတွေကိုပါ ဒုက္ခပေးမှာဖြစ်သလို လူတွေရဲ ့ မွေးရာပါ စိတ်ဆန္ဒတွေဖြစ်တဲ့ စိတ်ကောင်းရော၊ စိတ်ညံ့တွေကိုရော အရှိအတိုင်း မကျင့်သုံးရရင် အလားတူပဲ ကျန်းမာရေး ဖောက်ပြန်လာနိုင်ပါတယ် … တဲ့။

လူတွေရဲ ့မွေးရာပါ စိတ်ကောင်းတွေကို လိုက်လျောကျင့်သုံးဖို ့ပြဿနာမရှိပါဘူး။ ဥပမာ … မေတ္တာတို့ ကရုဏာတို ့ဆိုတဲ့စိတ်တွေပါ။ ပြဿနာ မရှိရုံသာမကဘဲ ငြိမ်းချမ်းသာယာတဲ့ ဝန်းကျင်တွေကိုတောင် ဖြစ်ထွန်းစေမှာပါ။

ဒါပေမယ့် မွေးရာပါ စိတ်ယုတ် စိတ်ညံ့တွေကို အညောင်းပြေအောင် ကျင့်သုံးပေးဖို့ကိစ္စကတော့ ပြဿနာကြီးပါတယ်။ ဥပမာ … သူများကို စော်ကားချင်တဲ့ စိတ်၊ ထိပါးချင်တဲ့ စိတ်မျိုးတွေ ဖြစ်ပါတယ်။ အဲဒီလို စိတ်မျိုးတွေကို ဖြေဖျောက်ဖို ့အနုပညာတွေက တစိတ်တပိုင်း အစားထိုး သက်သာစေတယ်လို့ ပညာရှိတွေက ဆိုပါတယ်။ ဥပမာ … ဝတ္ထုတွေထဲမှာ ပါတဲ့ မကောင်းမှုတွေကို အစားထိုး ခံစားနိုင်မှုဆိုတာမျိုးတွေ ဖြစ်ပါတယ်။

အလားတူပဲ သင်္ကြန်တွင်းမှာ ပျော်ကြပါးကြသူ အချင်းချင်း မေတ္တာစိတ် ကရုဏာစိတ် ဆိုတာမျိုးတွေနဲ ့ ဆက်ဆံရင်း စိတ်အညောင်းဖြေနိုင်တာ ရှိသလို ကိုယ့်ဟာကိုယ်တောင် မသိလိုက်ရဘဲ လူလူချင်း ထိပါး စော်ကားတာမျိုးကလေးတွေ ပြုလုပ်ရင်း စိတ်ယုတ်စိတ်ညံ့တွေကို အညောင်းပြေစေတာမျိုးလည်း ရှိနိုင်တယ်လို့ သုံးသပ်မိပါတယ်။

သင်္ကြန် ရေပွဲသဘင်ကြီးဟာ အများပြည်သူတွေ တစ်ယောက်နဲ့တစ်ယောက် သိသိ မသိသိ ထွေးရောယှက်တင် ရဲရဲတင်းတင်း ရေလောင်းရေပက် အော်ဟစ်ကျီစယ် နောက်ပြောင် ဆက်ဆံနိုင်တဲ့အတွက် ၁ နှစ်မှာ ၃-၄ ရက် စိတ်အညောင်း ရုပ်အညောင်း ဖြေခွင့်ရကြတဲ့ အကျိုးကြီးမားတဲ့ ပွဲသဘင်ကြီးတစ်ရပ်လည်း ဖြစ်ပေတယ်လို ့သုံးသပ်မိပါကြောင်း။                   ။


(ဓာတ်ပုံ – ဆရာကြီးဦးဝင်းဖေ၏ပုံကို ခက်မာ၏ ဆောင်းပါးတပုဒ်ကနေ ကူးယူပါတယ်)