Breaking News

စိုးခိုင်ညိန်း ● နေ့ပတ်ရထား

စိုးခိုင်ညိန်း ● နေ့ပတ်ရထား
(မိုးမခ) မေ ၁၉၊ ၂၀၁၉

တနေကုန်အောင် ထိုင်စောင့်ခဲ့ရတယ်
ဆိုက်ရောက်လာတဲ့ ညနေခင်းထဲ
သစ်ရွက်ကြွေတွေ ညပ်ပါလာတော့
အိပ်ခန်းပြတင်းကိုဖွင့် 
အတူလိုက်ပါလာတဲ့ တိမ်တွေကို
ပြုံးပြနှစ်သိမ့်ရတယ်။

ရေနွေးငွေ့တွေကိုတင်ပြီး ညရထားဟာ
မရပ်မနားခုတ်မောင်း ထွက်ပြေးခဲ့ပေမဲ့
အလင်းရောင်အောက်မှာ
နေ့တစ်နေ့ရဲ့ သံလမ်းတွေကိုတော့ 
မျက်ခြေဖြတ်မထားနိုင်ခဲ့ဘူး။

မနက်လင်းတာနဲ့
သစ်ရွက်စိမ်းတွေနဲ့အတူတူ
တနေကုန်အောင် ထိုင်စောင့်ရပြန်ဦးမယ်
နောက်ရထားတစီး ပြောင်းစီးဖို့။

စိုးခိုင်ညိန်း
ဧပြီ ၁၉၊ ၂၀၁၉