Breaking News

ခိုင်မျိူး - နိုင်ငံတော်နှင့် လဘက်ရည်သောက်ခြင်း

Photo - သီဟသွေး

ခိုင်မျိူး - နိုင်ငံတော်နှင့် လဘက်ရည်သောက်ခြင်း

(စံတော်ချိန်သတင်းစာ၊ ဇူလိုင် ၁၆၊ ၂၀၁၉)
မိုးမခ၊ ဇူလိုင် ၁၇၊ ၂၀၁၉

သွားကြားထိုးတံကနေ
ညူကလီးယားဒုံးပျံအထိ
ကမ္ဘာပေါ်မှာ
အရောင်းအဝယ်ရှိရဲ့။

ရေထဲက ကျွန်းကနေ
နှင်းဖုံးထားတဲ့ တောင်ကုန်းအထိ
အငြင်းအခုံ ရှိရဲ့။

အခု ...
ဘာကို ခင်းပြီး ဘာကို ငြင်းမလဲ
ဘာကိုခုန်ပြီး ဘာကို ပုံမလဲ
လဘက်ရည်ဆိုင်ဘက်ဆီ
`နဂါးနီသီချင်းနဲ့ အမျိူးဂုဏ်တက်စေမည်'
ဆိုတဲ့အကြောင်းပြောဖို့
ကျနော်တို့ ထွက်လာခဲ့ကြတယ်။