Breaking News

မင်းကိုနိုင် - ချစ်မိသူတို့အကြောင်း

မင်းကိုနိုင် - ချစ်မိသူတို့အကြောင်း

(စာရေးသူ၏ အထွန့်တက်စကား)
(မိုုုုုုးမခ) နိိုုု ဝင်် ဘာ  ၂၇၊ ၂၀၁၉
သူ့ဖေ့စ်ဘွတ်ကနေ ယူပါသည်)

အရွယ်ရောက်သူတိုင်း ချစ်မိသူရှိကြစမြဲ။
အနည်းအများသာ ကွာမည်။
ထိုချစ်မိသူတွေအကြောင်း သူတစ်ပါးအား ပြောမိတတ်ကြမြဲ။
တစ်ခွန်းတစ်လေနှင့် စီကာပတ်ကုံးသာ ကွာကြမည်။

ယခုစာအုပ်သည် ဤသဘောသာ ဖြစ်ပါ၏။
ဤစာအုပ်၌ ကျွန်တော်ချစ်မိခဲ့သူတွေအကြောင်း စာကဗျာများဖြင့် ပြောပြထားတာ ပါသလို အချို့ကို ပုံလည်း ဆွဲပြထားပါသည်။
ဒါက ဘာသဘောလဲဆိုရင် အချို့အရာတွေမှာ စာတွေ စကားတွေထက် ပုံဆွဲပြလိုက်ရတာက ပိုအရသာရှိ အဆင်ပြေထိရောက်သည် မဟုတ်ပါလား။ အထူးသဖြင့် ကလေးငယ်တွေ ဒီနည်းကိုသုံးကြတာများကြောင်း သတိပြုမိပါလိမ့်မည်။ ကျွန်တော်လည်း ဒီအတုကိုယူခြင်း ဖြစ်ပါ၏။

တစ်ခုတော့ ထူးနိုင်၏။
ဤစာအုပ်ပါ ကျွန်တော် ချစ်မိခဲ့သူများသည် မရှိတော့သူများသာ ဖြစ်ကြောင်း တွေ့ရအံ့။
သည်အတွက် အကြောင်းခိုင်မာ ရှိပါသည်။
ရှင်နေသူများမှာ ပြီးဆုံးကြသူများ မဟုတ်သေးပါ။

ထိုပြီးဆုံးခြင်း မရောက်သေးသူများအကြောင်း ပြောရတာ လွန်စွာ ပြဿနာရှိပါ၏။

ရှင်သူတွေအကြောင်း ပြောရာမှာ အချက်အလက်လွဲလျှင် ပြင်ဆင် တောင်းပန်ရနိုင်သေးသည်။ ကောက်ချက်မှားလျှင်တော့ ဘွာခတ်မရဟု ကျွန်တော် ယူဆထား၍ ဖြစ်ပါ၏။
.
လေးစားသမှုဖြင့်
#မင်းကိုနိုင်

မှတ်ချက်။ ။ ယခုစာဖတ်သူလည်း ငါ့အကြောင်း ဒီလိုစာအုပ်ထဲ (ဒုတိယပိုင်း၌) ပါနိုင်သည်ဟု နှလုံးသွင်းပြီး သတိနှင့်နေရန် ဆင်ခြင်မိသည်ဆိုပါကလည်း ကျွန်တော့်အနေဖြင့် ကန့်ကွက်ရန် အကြောင်းမရှိပါကြောင်း။
.
စာအုပ်မှာ လိုသူများ အောက်ပါ link ကို ကြွပါ
https://www.facebook.com/roadsofyangon/photos/a.794078910783743/1259110997613863/?type=3&theater