Breaking News

ကိုအောင်မှိုင်း - သက္ကရာဇ်အိုတွေပေါ်က လိပ်ပြာ



ကိုအောင်မှိုင်း - သက္ကရာဇ်အိုတွေပေါ်က လိပ်ပြာ

(မိိုးမခ) ဇန်နဝါရီ ၂၊ ၂၀၁၉

နံရံပေါ်က စက္ကူစုတ်ဖြစ်သွားတဲ့
ပြက္ကဒိန်ကို တချက်ကြည့်ရင်း
အနတ္တကို ဆင်ခြင်မိတယ်။

အဲဒီပြက္ကဒိန်ရဲ့့တန်ဘိုးဟာ
စက္ကူစုတ်ဖြစ်သွားရလောက်အောင်
တန်ဘိုးမဲ့သွားပြီလား။

ပြက္ကဒိန်ထဲက သက္ကရာဇ်အိုတွေထဲမှာ
ကြောက်ခမ်းလိလိစစ်ပွဲတွေကို တွေ ့ရမယ်။
နိုင်လိုမင်းထက်အမှုတွေကို တွေ ့ရမယ်။
ဂုဏ်သိက္ခာမဲ့လိမ်လည်မှုတွေကို တွေ ့ရမယ်။
သစ္စာစောင့်သိဘို့ပျက်ကွက်သူတွေကို တွေ ့ရမယ်။
နောက်ကြောဓါးနဲ့ထိုးဘို့ ကြံစည်နေတဲ့
မိတ်ဆွေတုတွေကို တွေ ့ရမယ်။
အရိုးအရင်းကိုက်ဘို့ထက်
ဘာမှပိုမစဉ်းစားတော့တဲ့သူတွေကို တွေ့ရမယ်။
မျက်နှာဖုံးအမျိူးမျိူးစွတ်ထားတဲ့
ဖေါက်ပြန်ရေးသမားများစွာကို တွေ ့ရမယ်။
တွေ့ရမယ် တွေ့ရမယ် တွေ ့ရမယ်ဆိုတာထက်
ပိုတွေ့ကြရလိမ့်ဦးမယ်။


အဲဒီသက္ကရာဇ်တွေထဲမှာဘဲ
ဈာပနပေါင်းများစွာကို တွေ ့ရမယ်။
တပ်ဥိးအလံကိုင်တွေကိ်ု တွေ ့ရမယ်။
သစ္စာစောင့်သိသူတွေကို တွေ ့ရမယ်။
အမှန်တရားအတွက် နောက်ဆုံးထွက်သက်ထိ
သံဓိဌာန်ချထားသူတွေကို တွေ ့ရမယ်။
အဖိနှိပ်ခံ တိုင်းရင်းသားလုပ်သား
ပြည်သူလူထုဆိုတာကြီးကို
ရင်းရင်းနှီးနှီး တွေ ့ရလိမ့်မယ်။

သက္ကရာဇ်ဖြိုတဲ့အထဲ
အားလုံးကတော့ စက္ကူစုတ်ဖြစ်မသွားကြပါဘူး။
တချိူ ့ကတော့ စက္ကူစုတ်ထက်ဆိုးတဲ့
မြွေဟောက်တွေ အဆိပ်ရှိတဲ့ပုတုန်းကောင်တွေ
ကျားရဲတိရိစ္ဆာန်တွေလို ဖြစ်သွားကြတယ်။
တချိူ့ကတော့ ရွှေလိုစိန်လိုတန်ဘိုးရှိသွားကြတယ်
စွန့်လွှတ်အနစ်နာခံမှုတွေမှာ စံထားရမဲ့သူတွေ
အမှန်တရားအတွက် တိုက်ပွဲပျော်တွေ
ယုံကြည်ချက်အတွက် သူရဲကောင်းတွေအဖြစ်
ဒီသက္ကရာဇ်တွေထဲကဘဲ မွေးဖွားပေးခဲ့ပြန်တယ်။

သက္ကရာဇ်အဟောင်းကိုဖြိုပြီးရင်
သက္ကရာဇ်အသစ်ကို ရကြမှာပါ။

လမ်းဆုံးရင်တော့ ရွာရောက်မှာဓမ္မတာပါ။
သက္ကရာဇ်အသစ်မှာလေ တလောကလုံးကို
အရောင်သစ်တွေနဲ့ တန်ဆာဆင်ပေးဥိးမှာပါ။
အဓမ္မတွေကို ဓမ္မတွေနဲ့ အစားထိုးပစ်ကြဥိးမှာပါ။
အလင်းရောင်ဟာ လူသားအားလုံးအတွက်
တန်းတူညီမ ျှဖြစ်ကိုဖြစ်ရစေမယ်ဆိုတာ သံဓိဌာန်ပါ။


မိုးကောင်းကင်က ချိူးဖြူဆိုတဲ့
ငြိမ်းချမ်းရေးသံတမန် လေဆန်ချင်ဆန်ပါစေ
ပြန်သန်းခဲ့စမ်းပါ ကျူပ်တို့ထံကိုပါ
နှစ်သစ်မှာလေ စွန့်လွှတ်မှုအသစ်တွေနဲ့
ခင်ဗျားကို ကြိုဆိုချင်လွန်းလို့ပါဗျာ။

ကိုအောင်မှိုင်း
(၁ရက်၁လ၂၀၂၀ခုနှစ်)