Breaking News

လင်းသက်ငြိမ် - လွယ်လွယ်လေး သူငယ်ချင်း

KT#
လွယ်လွယ်လေး သူငယ်ချင်း
လင်းသက်ငြိမ်
(မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၁၉

မင်းပြန်သွားပြီလို့ပြောတယ်
မင်းက ဘယ်မှာရှိတော့လို့လဲ
တစ်ယောက်နဲ့တစ်ယောက်က နှစ်ယောက်ဖြစ်သွားပြီ
သဘောင်္တွေ ဘူတာရုံမှာမဆိုက်ကပ်ကြဘူး
ဒီအကြောင်းကို ငါမပြောချင်ဘူးဆိုတဲ့အကြောင်း
ရေးပြလိုက်ရတာပေါ့
အခန်းတံခါးပိတ်ပြီး ကြယ်ကြွေတာကိုကြည့်ချင်တာ
မရိုးတော့ဘူး
ကိုယ့်နာမည်ကိုယ် လေယာဉ်ပျံမှာချိတ်ဆွဲရင်
မင်းနာမည်ကြီးလွင့်နေမှာပေါ့
ကောင်းသောညတွေကိုလိုချင်တဲ့အခါ
ကောင်းတဲ့နေ့လည်တွေကိုစီရင်ခဲ့ရလိမ့်မယ်
ကိုယ့်အကြောင်းကိုယ်တော့
မမွှေး မွှေးအောင်ပြောနိုင်တဲ့ လူတွေချည်းပါပဲကွာ
တစ်ယောက်ဘဝတစ်ယောက် မှောက်ပစ်လိုက်ရအောင်
ဘယ်ဘဝကမှ အလကားရလာတာ မဟုတ်ဘူး
သူတပါးကို အရိပ်မိုးပေးချင်ရင်တော့
ကိုယ့်အခက်အလက်တွေကို ဝေဆာအောင်ကြိုးစားပေါ့
လှတဲ့ပန်းဆိုတာ အပင်နဲ့ဝေးသွားလည်း
လှနေမှာပါပဲ
တကယ်တော့ မခက်ပါဘူး
ကိုယ့်ကိုယ်ကို အမှန်အတိုင်း မြင်တတ်ရင်
ဘာမှ သိပ်မခက်တော့ပါဘူး ။

လင်းသက်ငြိမ်