Breaking News

မိုးမင်းသိမ်း - ဗန်းမော်တင်အောင် - ပြင်ဥက္ကာနွေဦး

ဗန်းမော်တင်အောင် - ပြင်ဥက္ကာနွေဦး
မိုးမင်းသိမ်း
(မိုးမခ) ဖေဖော်ဝါရီ ၉၊ ၂၀၂၀
ဗန်းမော်တင်အောင်
ပြင်ဥက္ကာနွေဦး
စိတ်ကူးချိုချိုအနုပညာ၊
ပထမအကြိမ်၊ ဒီဇင်ဘာ ၂၀၁၉။
မျက်နှာဖုံးပန်းချီ - တော်တီဆွေ။
၁၃ စင်​တီမီတာ x ၁၉ စင်​တီမီတာ။
စာမျက်နှာ - ၇၁၊ တန်ဖိုး - ကျပ် ၁၀၀၀။

ဗန်းမော်တင်အောင် ရာပြည့်အမှတ်တရ ထုတ်ဝေထားခြင်း ဖြစ်သည်။ ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလထုတ် ငွေတာရီမဂ္ဂဇင်းတွင်ဖော်ပြခဲ့သော ဝတ္ထုရှည်ဖြစ်သည်။ ကနဦးဖော်ပြခဲ့သည့် မဂ္ဂဇင်းသရုပ်ဖော်ပန်းချီကိုလည်း ထည့်သွင်းဖော်ပြထားသည်။
လွတ်လပ်ရေးမကြေညာမီက ရန်ကုန်ပြည်လမ်းမှ သာမန်တောစက်သူဌေးကလေးတစ်ဦးမျှသာဖြစ်သော အဓိကဇာတ်ကောင် ဦးဘတင့်ကို အခြေပြုရေးဖွဲ့ထားသည့် ဝတ္ထုရှည်ဖြစ်သည်။
လွတ်လပ်ရေးကြေညာပြီးသည့်နောက် တစ်နှစ်သာသာ နှစ်နှစ်ခန့်အတွင်း အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာသော လက်နက်ကိုင်ထကြွပုန်ကန်မှုတို့ကြောင့် ဦးဘတင့်၏ ဆန်စက်နှင့် ဆန်စပါးလုပ်ငန်း လစ်ဟင်း ပျက်စီ းခဲ့သည်။ ပြည်တော်သာခေတ်မတိုင်မီတစ်နှစ်အတွင်း ငြိမ်းချမ်းရေးရရမည်ဟူသော ကာလ၌ ရန်ကုန်သို့ဆင်းလာသည်။
ကုန်စျေးနှုန်းချရန် လူသုံးကုန်ပစ္စည်းများပေါများမှ ဖြစ်လိမ့်မည်ဆိုကာ သွင်းကုန်လိုင်စင်များ အလျှံပယ်ချပေးနေသော ခေတ်သမယအခါကြီးလည်းဖြစ်သည်။ အာဏာရနိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့် ဆက်စပ်ပတ်သက်နေသူတိုင်း သွင်းကုန်လိုင်စင်ကုမ္ပဏီများ အလုအယက်ထူထောင်နေသော ကာလပင်ဖြစ်သည်။
'' သွင်းကုန်ကုမ္ပဏီလုပ်ငန်းသည် ပြည်တော်သာခေတ်မတိုင်မီကတည်းကပင် အလွန်တရာသူဌေးအဖြစ်မြန် သော ကုန်သွယ်မှုလုပ်ငန်းတစ်ခုဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်ကာလက ပြည်ထောင်စုအစိုးရသည် ၎င်းတို့အတွက် ကျောရိုးပြုရသည့် လူတန်းစားသစ်တစ်ရပ်ကို ဖန်ဆင်းခြင်းပြုလျက်ရှိသေ ာကြောင့်ဖြစ်လေသည်။ ယင်းသို့ တိုင်းပြည်၏အစိုးရကိုယ်တိုင်က ဤကဲ့သို့မွေးမြူ အားပေးသော လူ တန်းစားသစ်တစ်ရပ်၏လုပ်ငန်းကိုမှလုပ်ကိုင်မိသောဦးဘတင့်သည် ယခင်ကလုပ်ကိုင်ခဲ့မိသော ဆန်စက်လုပ်ငန်း ကို များစွာအထင်သေးသွားလေတော့ သည်။ ''( စာမျက်နှာ ၂၄ မှ )
ပြည်တော်သာခေတ်တွင် ပြည်တော်အသာကြီးသာ လျက်ရှိသော ဘောဂဗလဦးဘတင့်သည် လူတန်းစား သစ်တစ်ရပ်တွင် အပါအဝင်ဖြစ်လာပြီး တစ်စတစ်စလူရည်လည်လာရာမှ လူကြီးလူကောင်းများ နွေရာသီတွင် အပန်းဖြေလေ့ရှိကြသည်ဆိုသော ပြင်ဥက္ကာတောင်စခန်းမြို့ကလေးနှင့် အဆက်အသွယ်ရရှိလာသည်။
'' သူသည် ပြင်ဥက္ကာသို့ နွေရာသီအပန်းဖြေခရီးထွက်သည်ဟု ဘယ်လိုအကြောင်းပြခဲ့သော်လည်း ကမြင်း ကြောထရန်ထွက်လာခဲ့ခြင်းမျှသာဖြစ်လေသည်။ သို့ရာတွင် အသက်အရွယ်အိုမင်းကြီးရင့်ခါမှ ထိုသို့ အပန်း ဖြေကမြင်းကြောထရင်း သောကမီးတစ်ခုနှင့် တွေ့ရလိမ့်မည်ဟူ၍ သူ၏ကိုယ်ကိုယ် ဘောဂဗလဦးဘတင့်သည် အနည်းငယ်မျှ မထင်ခဲ့ချေ။ ထိုကဲ့သို့ မိမိကိုယ်ကိုယ် အထင်ကြီးခဲ့ခြင်းသည်ပင်လျှင် ဦးဘတင့်အတွက် အမှားကြီးမှားခဲ့ခြင်းမျှသာ ဖြစ်ပေတော့သတည်း။ '' ( စာမျက်နှာ ၃၃ မှ )

ပြင်ဥက္ကာနွေဦး၌ တွေ့ခဲ့ရသည့် သောကမီးအား ဦးဘတင့် တစ်ယောက် ငြိမ်းသတ်နိုင်ပါမည်လော။
မိုးမင်းသိမ်း
၇ ဖေဖော်ဝါရီ ၂၀၂၀