တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၃)
တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၃)
(မိုးမခ) မတ် ၁၈၊ ၂၀၂၀
(၁)
“စာပေလောက၊ ကျယ်ပြောလှ၏
သူကတဖြာ၊ ငါက တဖုံ
ထုံတတ်သည်မှာ၊ ဓမ္မတာတည့်။
အထုံအဖီ၊ စုံညီအတွဲ
ရှိစမြဲတည့်။
ငါစွဲမသို၊ ကိုယ်စွဲမထား
စာပေအားသာ၊ ပွားပါစေချင်
တိုးစေချင်သည်
ငါ့တွင် ဆန္ဒကြီးနိုင်မှ ..” တဲ့..။
ဆရာဇော်ဂျီဆုံးမခဲ့တဲ့ စာပေလောက သြဝါဒကဗျာပါ။ ကျယ်ပြောလှတဲ့ စာပေလောကကြီးထဲမှာ အယူအဆအမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုး ထွေပြားပွားများတတ်ကြတာ ဓမ္မတာထုံးစံပဲ ဖြစ်ပါတယ်။
အလိုတူတာလည်းရှိ၊ ဖီလာဆန့်ကျင်ဖြစ်တာလည်း ရှိပါတယ်။
ဘာပဲပြောပြော “ငါစွဲ” ကိုဖြုတ်ဖို့လိုပါတယ်။ ငါလုပ်သမျှ ဟုတ်ရမယ်။ ငါကြံသမျှမှန်ရမယ်ဆိုတဲ့ ငါစွဲ အတ္တစွဲ တင်းလင်းခံနေရင် အမှန်ကိုရောက်မှာ မဟုတ်ပါ။ ငါစွဲ အတ္တစွဲဖြုတ်ပြီး အဟုတ်အမှန်ကို မြင်အောင်ရှုတတ်မှသာ နေရာကျပေမယ်။
နေရာခပ်သိမ်းမှာ ငါစွဲအတ္တ ကြီးမားနေကြတဲ့အတွက် ဒိဋ္ဌဓမ္မကို မမြင်နိုင်ဘဲ လမ်းလွဲ လမ်းမှားရောက်သွားကြရခြင်း ဖြစ်ပါတယ်။
ငါတလုံးနယ် အနှုန်းကျယ်နိုင်ပါပေ့။
(၂)
ငါစွဲကိုမြင်နိုင်ဖို့ ခက်ခဲတယ်။ သိမ်မွေ့လွန်းသဖြင့် ငါမဏ္ဍိုင်စိုက် အမှောင်တိုက်ဖုံးနေတာကို မမြင်နိုင်။ ပြဿနာရဲ့ အရင်းအမြစ်ကို ရှာမတွေ့နိုင်ဖြစ်တတ်ပုံကို တခါက ဒီလိုကဗျာဖွဲ့ခဲ့ဖူးပါတယ်။
“ငါစွဲမရှိ ငါကဝိ” ဆိုတဲ့ကဗျာမှာ …
“ငါစွဲကို ငါပယ်
ငါနှယ်လူမရှိ
သူတကာ ငါ … ငါစွဲတာ
ငါပဲမြင်၏” တဲ့။
ငါစွဲကို ငါသာလျှင်ပယ်နိုင်တယ်။ ငါစွဲကို ပယ်နိုင်စွမ်းရှိတဲ့ ငါလိုလူ ဇမ္ဗူမှာ ရှိနိုင်ရိုးလား။ တပါးသူငါတွေ ငါစွဲအတ္တ ကြီးမားနေတာတွေကို ငါပဲမြင်နိုင်စွမ်းရှိတယ်။ ငါဆိုတဲ့အကောင်ဟာ အဲသည်လောက် ဉာဏ်မြင်ကြီးမားတဲ့ ပုဂ္ဂိုလ်ဟာ ငါကိုယ်ပါကလားနော် … လို့ လှောင်ရယ် ရယ်မိတဲ့ ကဗျာပါ။
မြန်မာနိုင်ငံသားတွေ ရပ်ခြားမြေခြားမှာ အသင်းအဖွဲ့ဖွဲ့လေတိုင်း တွဲရင်ခဏ၊ ကွဲတာ ထာဝရလို ဖြစ်နေတာ။ မြန်မာ့သဘာဝလို့ဆိုချင်စရာ။
“ငါနှင့်ငါသာ နှိုင်းစရာဟု
ပညာမုန်ယို၊ အရွယ်ပျိုက
မဆိုစလောက်၊ မာန်စောင်မြောက်၍
နှုတ်ငေါက်လွန်မိ၊ ဒေါသရှိ” လို့ …
ရှင်မဟာရဋ္ဌသာရက မိမိရဲ့မာနကို သတိရနှိမ့်ချပြီး ကန်တော့ပန်း ဆင်ခဲ့ဖူးပါတယ်။ ပညာရှိပီသလှပါတယ်။
“ငါသာ ငါ့ထက်၊ မာန်မတက်နှင့်
အထက်နေမင်း၊ လေးကျွန်းချဉ်းလည်း
မလင်းတိမ်တိုက်၊ တကျွန်းမိုက်၏
နှိုင်းလိုက်သည်သာ ဤအရာကို
ပညာရှိက၊ သတိရလိမ့်” လို့ …
ရှင်မဟာသီလဝံသဆရာတော်က အမြော်အမြင်ရှိရှိ ဆုံးမခဲ့ဖူးပါတယ်။ အတ္တမာန ဟုန်းဟုန်းထနေတဲ့သူတွေ သတိရစရာဖြစ်ပါတယ်။
ထောင်ထဲမှာ “မာန်တက်တယ်” ဆိုတဲ့စကား အသုံးတွင်ကျယ်လှပါတယ်။ အရာရာမှာ တက်လာတတ်တဲ့ မာန်စွယ်ကို သတိပြုဖွယ်အသုံးအနှုန်းမို့ နှစ်သက်ဖွယ်ကောင်းလှပါတယ်။
“ငါစွဲ အတ္တ၊ မာန်နှိမ့်ချလျက်
လောကချမ်းသာ၊ ငါချမ်းသာလိမ့်။
ငါသူတပါး၊ လူအများတို့
တသားတည်းပင်၊ သွေးစိတ်ဝင်လျက်
ချစ်ခင်ကြင်နာ၊ လက်တွဲပါမူ
ငါကောင်း သူကောင်း၊ အများကောင်းလိမ့်။
ပေါင်းဖော်များစွာ၊ လူ့ကမ္ဘာကို
စုကာဖန်တီး၊ ဉာဏ်ဆီမီးဖြင့်
ခရီးရှေ့သို့၊ တက်ကြစို့ …” လို့ …
တယောက်တလက် လက်ချင်းဆက်ပြီး လူ့လောကတည်ဆောက်ကြဖို့ လှုံ့ဆော်ရေးသားမိပါတယ်။လက်တချောင်းနဲ့ ဓားကောင်းကိုဆုပ်ကိုင်နိုင်မယ်မဟုတ်။ နှမ်းတလုံးတည်းနဲ့ ဆီရွှဲရွှဲဆမ်းလို့မရနိုင်။
“ငါမပါ၊ ဘယ်ဟာမှ မပြီး၊
ငါပါပြန်တော့လဲ
ဘယ်ဟာမှ မပြီး”
ဆိုတဲ့ ခေတ်သုံးဆိုရိုးစကားလို အမှားကိုမြင်ပြီး စိတ်ယဉ်အောင် ဆုံးမနိုင်မှ နှလုံးလှနိုင်မှာ မုချ။
ခေတ်သီချင်းတပုဒ်မှာ “အတ္တက တောင်လိုမှောက်၊ ကမ္ဘာကြီးဟာ မီးလိုတောက်” လို့ဆိုသံကို ကြားလိုက်ရဖူးပါတယ်။
မှန်လိုက်ပလေ ဟုတ်ပလေ။ ဒီနေ့ ကမ္ဘာကြီးတခုလုံးမှာ မငြိမ်းနိုင်မသိမ်းနိုင်အောင် တောက်လောင်နေတဲ့ မီးတောက်မှာ အတ္တမီးတောက် မဟုတ်ပါလား။ ။
ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၃၈)၊ နိုဝင်ဘာ ၂၀၀၄