ကိုသန်းလွင် - အထီးကျန်
ကိုသန်းလွင် - အထီးကျန်
(မိုးမခ) ဩဂုတ် ၆ ၊ ၂၀၂၃
( ၁ )
ဒေါက်တာကပ်စီယိုပို (Dr Stephanie Cacioppo) သည် တစ်ဦးတည်းသောသမီး ဖြစ်သည်။ သူ မထင်သည်မှာ တသက်လုံး သူမသည် တစ်ယောက်တည်း နေသွားရမည်ဟူ၍ ဖြစ်သည်။ သူသည် အပြုအမူဆိုင်ရာ ပညာရှင်ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ချစ်ခြင်းကို သုတေသနပြုလုပ်သည်။ မမျှော်လင့်ဘဲ ဒေါက်တာကပ်စိ ယိုပိုနှင့် တွေ့ပြီး အိမ်ထောင်ကျခဲ့သည်။ သူသည် နှစ်ကြိမ်တိုင်တိုင် အိမ်ထောင်ပျက်ခဲ့ပြီး တကိုယ်တည်း အထီးကျန်သည့်အကြောင်း လေ့လာရသည့် ဆရာဝန်တစ်ယောက် ဖြစ်သည်။ သူတို့သည် ပဲရစ်မြို့တွင် လက်ထပ်ခဲ့ကြပြီး ချီကာဂို တက္ကသိုလ်တွင် အတူတကွ သုတေသနလုပ်ခဲ့ကြသည်။ အမျိုးသားက တကိုယ်တည်း အထီးကျန်ပြီး သူမက Dr. Love ဖြစ်နေခဲ့သည်။
၂၀၁၈ တွင် ဆရာ ကွယ်လွန်သောအခါ ဒေါက်တာကက်စီယိုပို မှာ ၄၃ နှစ်ပဲ ရှိပါသေးသည်။ ယောကျ်ား ကွယ်လွန်သောအခါ သူ၏ လေ့လာခဲ့သောပညာရပ်သည် သူမအတွက် အဓိကပညာရပ် ဖြစ်လာခဲ့သည်။ ယခုအခါ သူမသည် အော်ရီဂင် တက္ကသိုလ်မှာ အထီးကျန်ခြင်းအကြောင်းကို လေ့လာလျက်ရှိသည်။
ဆရာဝန် မာသီ (Vivek Murthy) မှာ အမေရိကန်နိုင်ငံ၏ ခွဲစိတ်ဆရာဝန်ကြီး (Surgeon General) ဖြစ်သည်။ သူ့ လူနာ တစ်ယောက်မှာ အစားအစာရောင်းချသောအလုပ်ကို လုပ်ကိုင်ခဲ့ပြီး ရိုးသားခဲ့သောဘ၀ အနေအထား ရှိသည်။ ထီပေါက်သွားပြီး သူ့ဘဝ ပြောင်းလဲသွားသည်။ သူသည် အိမ်အကြီးကြီးမှာ ဂိတ်ပေါက် အစောင့်များနှင့် နေရသည်။ သူသည် ဆရာရှေ့မှာထိုင်ပြီး “ထီပေါက်ခြင်းဟာ အဆိုးရွားဆုံး ဖြစ်ရပ်ပါ ” ဟု ပြောသည်။ ချမ်းသာပြီး တစ်ဦးတည်းနေရတဲ့ ဘဝပါပဲ။ တချိန်က ပျော်ပါးစွာနေခဲ့သော သူသည် သူအိမ်နီးနားချင်းများကို မသိတော့ဘဲ သူ့လုပ်ဖော်ကိုင်ဘက်များနှင့်လည်း အဆက်အသွယ်ပြတ်ခဲ့သည်။ သူသည် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါ ဖြစ်ပွားလာခဲ့သည်။
( ၂ )
အသက် ၁၈ နှစ်ကျော်ပြီးသော လူတို့၏ ၅ ပုံ ၁ ပုံသည် တယောက်တည်းတည်း အထီးကျန်ဖြစ်ခြင်း ကို တခါတရံ (သို့) အမြဲတမ်းလိုလို ခံစားရပါသည်ဟုခန့်မှန်းကြသည်။ အခြားအသက်အရွယ်ရပြီးသူတို့တွင် တယောက်တည်း ဖြစ်ရခြင်းမှာ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်စေ ဆက်စပ်နေပြီး ရူးသွပ်ခြင်း (dementia) နှင့် နှလုံးရောဂါများနှင့်ပါ ဆက်စပ်နေပါသည်။ အထီးကျန်ဖြစ်ခြင်းကို ကုစားရန်မှာ ယနေ့ခေတ်သစ်၏စိတ်ဝင်စားဖွယ်ရာ အကြောင်း ဖြစ်နေပါသည်။
အကယ်၍ အထီးကျန်ဖြစ်ခြင်းသည် ရောဂါတမျိုး ဖြစ်သည်ဆိုပါက ၎င်းသည် ပျံ့နှံ့လွယ်သောရောဂါ ဖြစ်သည်။ သို့ဆိုလျှင် ဤရောဂါကို မည်သို့ကုသရမည်နည်း။ ဤရောဂါကို ကုစားရာတွင် ဆေးဆိုင်သို့ သွား၍ ဆေးဝယ်သောက်ရုံဖြင့် ပျောက်သည့်ရောဂါ မဟုတ်။ များစွာသော ဆေးသုတေသနပြုချက်ဟု သိရသည်မှာ ဤရောဂါသည် လူတို့ကိုယ်ခန္ဓာ၏ ဘိုင်အိုလိုဂျီနှင့် ပတ်သက်နေပါသည်။ အကျိုးသက်ရောက်မှု မြောက်မြားစွာ ရှိနိုင်သည်။ လူအများနှင့် ဆက်သွယ်ရန် ဦးနှောက်က အမိန့်ပေးသည့်အခါ ဖြစ်လာသော ကိုယ်တွင်း ဖြစ်ရပ်များသည် လူတို့ ကိုယ့်ဘာသာ ခုခံကာကွယ်ရန် လိုအပ်သည့်အခါနှင့် သေချာစွာ စောင့်ကြည့်ရန်လိုအပ်သည့်အခါတို့တွင် ဖြစ်ပေါ်သော ဖြစ်ရပ်များနှင့် ဆင်ဆင်တူသည်ဟု နျူရို (Neurosientist) များက ဆိုသည်။ ဆိုလိုသည်မှာ အဖြစ်အပျက်များကို ကြိုဆိုခြင်းထက် ခုခံကာကွယ်ရန် လိုအပ်သည်ဟု ဖြစ်ပါသည်။
အထီးကျန်ဖြစ်ခြင်းသည် လူမှုရေးတွင် ကျရှုံးခြင်းသာမက နက်နဲသော၊ ခင်မင်သော ဆက်သွယ်မှုကို မတည်ဆောက်နိုင်ခြင်းကို ပြသည်။ အခက်အခဲများသည် Snow Ball ပမာဏ တဖြည်းဖြည်း ကြီးမားလာပြီး ဦးနှောက်ကို ပြုပြင်တော့သည်။ အထီးကျန်မှုသည် လူနေမှုပတ်ဝန်းကျင်နှင့် ဆိုင်သော်လည်း ၎င်းကိုကုစား ရန်မှာ တဦးချင်းစီမှ စရသည်။
ဤရောဂါကို ကာကွယ်ကုသရန်အတွက် ဆေးရုံ ဆေးခန်းများကို သွားရန်မလို ဒေါက်တာ ရပ်ဆဲလ်က အထီးကျန်မှု စကေးတစ်ခု တီထွင်ခဲ့သည်။ ၎င်းသည် မေးခွန်းများဖြစ်ပြီး ၎င်းတို့၏ အဖြေပေါ်တွင် မူတည်၍ အထီးကျန်မှုကို ခန့်မှန်းရသည်။ မေးခွန်းပေါင်း ၂၀ ပါဝင်ပါသည်။ ဆေးပညာအနေဖြင့် အထီးကျန်ခြင်းကို ကာကွယ်ရန် မည်သို့ဆောင်ရွက်ရမည်ကို သိနိုင်ရန် မလွယ်ကူလှပါ။ အကြံပြုချက်များတွင် မေးခွန်းများကို ထပ်တိုးရန်အတွက် ဖြစ်စေ၊ ဆေးတစ်မျိုးကို ဖြစ်စေ ၎င်း၏ ဘေးထွက်အကျိုးပြုမှုများကိုပါ ဖော်ပြ၍ အကြံပေးရန် ပါရှိသည်။ “ကျွန်တော်တို့ဟာ တစ်ဦးကိုတစ်ဦး အသက်ရှည်ဖို့နဲ့ ကျန်းမာဖို့အတွက် အရေးကြီးတဲ့ သော့ချက်တွေပါပဲ။ ကျွန်တော်တို့ဟာ မိမိတို့ရဲ့ မိတ်ဆွေတွေအတွက် တာဝန်ရှိပြီး တာဝန်ယူနိုင်တဲ့ အသင်းဝင် တစ်ယောက် ဖြစ်ဖို့လိုပါတယ်” ဟု ဆိုသည်။
ပထမဦးစွာ အထီးကျန်ခြင်း ဆိုသည်မှာ ဘယ်လိုအရာနည်း ဆိုသည်နှင့် ၎င်းက ဦးနှောက်အပေါ် ဘယ်လို ထိခိုက်သည် ဆိုခြင်းကို သိနားလည်ရန်လိုအပ်ပါသည်။ သင်သည် အခြားလူများနှင့် ရောထွေးဆက်ဆံပါသလား၊ အထီးကျန်ခြင်း ဆိုသည်မှာ အခြားလူများနှင့် ရောထွေးဆက်ဆံမှု မရှိခြင်းကို ဆိုလိုပါသည်။ အမြဲလိုလို တစ်ယောက်တည်း ဖြစ်နေခြင်း၊ ကခုန် ပျော်ရွှင်ကြသော ပတ်ဝန်းကျင်မှာ တစ်ယောက်တည်း ဖြစ်သလို ခံစားနေရခြင်းကို ဆိုလိုပါသည်။
တနည်းဆိုသော် သင် မျှော်လင့်သလို တခြားလူများက အလိုက်သင့် တုံ့ပြန်မှုမရှိခြင်းနှင့်လည်း သက်ဆိုင်ပါသည်။ လူတယောက်သည် တယောက်တည်း ဖြစ်နေခြင်းအတွက် အကြောင်းပြချက်ပေါင်း များစွာ ရှိနိုင်ပါသည်။ ကျောင်းအသစ်၌ တက်ရခြင်း၊ အလုပ်သစ်၌ တယောက်တည်း ဖြစ်နေခြင်း၊ မိမိ၏ ဇနီး ခင်ပွန်းဖြစ်သူ ဝမ်းနည်းပူဆွေးနေခြင်း၊ အကယ်၍ ၎င်းတို့သည် အကြောင်းရင်းများ ဖြစ်ပါက ၎င်းတို့ကို ကုစားရန် နည်းလမ်းအသွယ်သွယ် ရှိပါသည်။ သို့မဟုတ် ဦးခေါင်းကို နံရံနှင့်တိုက်နေသည့် အဖြစ်မျိုး ကြုံနေရပါသလား၊ လူတစ်ယောက်ကို အကြံဉာဏ် ပေးဖူးပါသလား၊ ကလပ်အသင်း တစ်ခုခုကို ဝင်ရန်၊ မိတ်ဆွေတစ်ဦးဦးကို ခေါ်ရန်၊ လူစိမ်းတစ်ယောက်နှင့်စကားပြောခြင်းတို့ကို သင် လုပ်ဖူးပါသလား။
များစွာသော တဦးတည်း ဖြစ်နေသူတို့မှာ ဝမ်းနည်းနေတတ်ပါသည်။ သို့မဟုတ် ပတ်ဝန်းကျင်မှ လူများ၏ အနေအထားမှာ သူ့ကို ရန်ပြုရန် (သို့) အနည်းဆုံး သူ့ကို ဖိတ်ခေါ်ခြင်းမပြုသော အတွေးအခေါ်မျိုး ရှိတတ်ပါသည်။ အထီးကျန်ခြင်းကို စိတ်၏ချို့ယွင်းမှု (mental anguish) ဟု အသိများသော်လည်း များမကြာမီက သိလာရသည်မှာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် နျူရိုဆိုင်ရာ လိုအပ်ချက်များ နျူရိုအင်္ဂါများ၏ ချို့ယွင်းမှုဟုလည်း သိလာရပါသည်။
တနည်းဆိုသော် အထီးကျန်ဖြစ်ရခြင်းသည် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်သက်သက် မဟုတ်ပါ၊ ကျွန်တော်တို့၏ လူမှုပတ်ဝန်းကျင်တွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့မှာ သက်သေတွေ အများကြီး ရှိပါတယ်ဟု ဒေါက်တာ ဒင်နီလိုဆော့ (Dr. Danilo Bzdok) က ပြောသည်။ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားနေစဉ်အတွင်း သူသည် အထီးကျန်ဖြစ်ခြင်းကို ပြသနိုင်သည့် သက်သေအထောက်အထားကို ဦးနှောက်အတွင်းတွင် တွေ့ရှိရသည်ဟု ဆိုသည်။ အထီးကျန်ဖြစ်သူ၏ ဦးနှောက်မှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း တွေ့ရသည်။ လူ့အဖွဲ့အစည်းတွင် နေထိုင်သည့် ဆွဲအား (Bonding) နှင့် လူမှုဆက်ဆံရေးကို ဖြစ်စေသော (Neuro Transmitter) သည် ဖြစ်ချင်သလိုဖြစ်၍ ပျက်စီးနေကြောင်း တွေ့နိုင်ပါသည်။ ပိုက်ပို သားလမတ်၊ ပစ်ကျူတရီဂလင်း (Pictuitary gland) နှင့် adrenal ကို ထုတ်လုပ်သော စနစ်မှာ လွန်စွာတက်ကြွနေသည်။ ထိုဂလင်းများမှ ထုတ်လုပ်သောအရာသည် လူတို့၏ စိတ်ဖိအားကို ထိန်းချုပ်ပါသည်။ Amygala ခေါ် ထွက်ပြေးမည်၊ စွန့်ခွာမည်ကို ထိန်းချုပ်သော အရာများလည်း လွန်စွာတက်ကြွသော အနေအထားတွင် ရှိနေပါသည်။ ယခင်က ဆရာဝန်များများ တွေ့ရှိပြီးကြသည့်အတိုင်း အထီးကျန်ဖြစ်သူ၏ ဆုံးဖြတ်ချက်သည် မီလီစက္ကန့် ၄၀၀ ထက် တိုသောအချိန်အတွင်း ရနိုင်ပါသည်။ ၎င်းအဖြစ်အပျက်များက လူနာ၏ စိတ်တွင် အလွန်ဝမ်းနည်းနေသည့် အဆင်အပြင်ကိုလည်း တွေ့နိုင်ပါသည်။ ထိုသို့ ဦးနှောက်အတွင်းမှ ပြောင်းလဲချက်များသည် ပြင်ပဆက်ဆံရေးကို လွှမ်းမိုးနေကြသည်။ ထိုအချိန်တွင် လူနာသည် ပြင်ပကမ္ဘာကို ဓမ္မဓိဋ္ဌာန်ကျကျ မမြင်နိုင်တော့ပေ။
စိတ်ဖိစီးခြင်း၊ လူမှုရေးအရ စိုးရိမ်မှုတို့ ပြည့်ဝနေသော အခြေအနေတွင် ဒေါသဖြစ်မှု၊ မုန်းတီးမှု၊ စိုးရိမ်မှု၊ မနာလိုမှု အရှက်ရမှုများနှင့် လုံးချာလိုက်ကာ ထိုသံသရာမှ ရုန်းထွက်နိုင်ရန် ခဲယဉ်းလာပါတော့သည်။ မကောင်းမှုကို မြင်နေသောစိတ်သည် မကောင်းကျိုးများကိုသာ မြင်ရနေပြီး ပြဿနာကို ပိုမိုကြီးမားအောင် ချဲ့ထွင်ကာ ပို၍သာ ဆိုးလာနေပါသည်။ ဦးနှောက်ကလည်း အယူအဆ ခိုင်မာခြင်းကို အကြောင်းပြု၍ နည်းလမ်းအသစ် (Pathway) ကို ချဲ့ထွင်းပေးသဖြင့် အခြေအနေမှာ ကောင်းသည့်ဘက်ကို ဦးမတည်တော့ချေ။
ထိုသို့သော ဆေးများကို အသုံးပြုရန် လူတစ်ဦးတစ်ယောက်သည် မည်သည့်အခါတွင် အထီးကျန်ရောဂါကို ခံစားနေရပြီ ဖြစ်ကြောင်း သိနိုင်ရန် (Criteria) တစ်ခုခု ရှိရန် လိုအပ်ပါသည်။ ယနေ့ အနေအထားမှာ ဖော်ပြခဲ့သော ဒေါက်တာရပ်ဆဲလ်၏ အထီးကျန်ဖြစ်မှုစကေးမှ လွဲ၍ အခြားမရှိသေးပါ။ အထီးကျန်ဖြစ်ခြင်းကို လုံးဝကင်းစင်အောင်ကား ဆေးပညာသဘောအရ ကုစားနိုင်မည် မဟုတ်ပါ။
( ၃ )
ဒေါက်တာဆော့က မျောက်များကို တစ်ကောင်၊ နှစ်ကောင် စသည်ဖြင့် အစုများကို ၇ ကောင်အထိ အစု ၇ ခုခွဲကာ စမ်းသပ်ကြည့်ခဲ့သည်။ အပေါင်းအဖော်များနှင့် နေသော မျောက်များ၏ ဦးနှောက်သည် အပေါင်းအဖော်မဲ့သော မျောက်များထက် ပိုမိုကြီးထွားနေသည်ဟု ဆိုပါသည်။ လူမှုပတ်ဝန်းကျင်သည် လူ့ဦးနှောက်အပေါ်တွင် အကျိုးသက်ရောက်မှုရှိခြင်းမှာ ထင်ရှားပါသည်။
Ref: If lonliness is an epidemic, How do we treat it? By EleanorCummins N. Y Times July 18 2023.
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar