Breaking News

ကိုဗစ်၁၉ မှာ လူတွေ ဘယ်ရောက်ကုန်ကြသလဲ ဂူးဂယ်က သတင်းပို့

ကိုဗစ်၁၉ မှာ လူတွေ ဘယ်ရောက်ကုန်ကြသလဲ ဂူးဂယ်က သတင်းပို့

(မိုးမခ) ဧပြီ ၅၊ ၂၀၂၀

ဂူးဂဲက သူ့အင်တာနက်ဆားဗစ်အသုံးပြုပုံကိုစောင့်ကြည့်ပြီးတော့ အခုလို ကိုဗစ်၁၉ ကပ်ကာလအတွင်း ကန့်သတ်ခံထားရတဲ့ အခြေအနေအောက် ကမ္ဘာပေါ်ကလူတွေ ဘယ်နေရာတွေမှာ အသွားအလာအများဆုံး (အနည်းဆုံး) လဲဆိုတာကို စစ်တမ်း ထုတ်ပြန်လိုက်ပါတယ်။ Google Mobility Repiort လို့ ခေါ်ပါတယ်။ https://www.google.com/covid19/mobility/ ။ လက်ရှိိိိ မတ် ၂၉ ရက််ကအနေအထားကိုု ထုတ်ပြန်ထားပါတယ်။

အမေရိကန်ကယ်လီဖိုးနီးယားက သွားနေကျ ကားဂိတ်၊ အလုပ်၊ စျေး၊ အပန်းဖြေနေရာ၊ ပန်းခြံ၊ တွေကနေ မူလကထက် အနှုတ် ၅၀% ကနေ -၂၄% အထိ ကျဆင်းသွားပါတယ်။





မြန်မာပြည်ကလည်း နိုင်ငံတကာနည်းတူ အသွားအလာဆင်ခြင်နေတာကို တွေ့ရပါတယ်။ မြန်မာတွေ၏ အလုပ်သွားနှုန်းက အများကြီး ကျဆင်းတာ မရှိပါဘူး။ -၁၀% (အနှုတ်၁၀%) ပဲ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မြန်မာပြည်သူတွေ ကိုယ်ထူကိုယ်ထ ဆောင်ရွက်မှုတွေကို ချီးကျူးကြောင်း ပြောဆိုထားပါတယ်။