Breaking News

သားကြီးမောင်ဇေယျ - ပန်းချီကားထဲက ကပ်ဘေးကို ရင်ဆိုင်ခဲ့ကြသူများ (၄)



သားကြီးမောင်ဇေယျ - ပန်းချီကားထဲက ကပ်ဘေးကို ရင်ဆိုင်ခဲ့ကြသူများ (၄)

(မိိုးမခ) ဧပြီ ၁၈၊ ၂၀၂၀

 (၁၆-၄-၂၀၂၀)

ပန်းချီကားအမည် ကပ်ဘေးသင့် ရှေးဟောင်းမြို့တမြို့ “Plague in an Ancient City”
ရေးဆွဲသူ Michiel Sweerts (၁၆၁၈ – ၁၆၆၄)
ရေးဆွဲသည့်ရက်စွဲ (၁၆၅၂ – ၁၆၅၄)
အေသင်မြို့ကပ်ဘေး (the Plague of Athens)၊ ခရစ်တော်မပေါ်မီ ၄၃၀ – ၄၂၇ ခုနှစ် (430-427 BCE) ကို သရုပ်ဖေါ်ရေးဆွဲထားပါတယ်။
ကင်းဗတ်စပေါ်မှာ ဆီဆေးဖြင့်ရေးဆွဲထားပါတယ်။
အရွယ်အစား 118.7 cm (46.7 in) x 170.8 cm (67.2 in).
Los Angeles ယဉ်ကျေးမှု အနုပညာပြတိုက်

ဒီကပ်ဘေးကြောင့် အေသင်လူ့အဖွဲ့အစည်းအပေါ် ဆိုးကျိုးတွေ သက်ရောက်ခဲ့ပါတယ်။ ဥပဒေနဲ့ ဘာသာရေးကို လိုက်နာမှုများ နည်းပါးခဲ့တယ်။ အဲဒီနောက် ဥပဒေတွေ ပိုမိုတင်းကြပ်လာခဲတယ်။
ကပ်ဘေးကြောင့် လူပေါင်း ခုနှစ်သောင်း ငါးထောင် မှ တစ်သိန်းနီးပါး သေကြေခဲ့ပါတယ်။
ဘီစီ ၄၂၇/၄၂၆ ဆောင်းရာသီမှာ နောက်ထပ် နှစ်ကြိမ်ပြန်ဖြစ်ခဲ့ပါတယ်။
အေသင်ခေါင်းဆောင် Pericles လည်း ဒီကပ်ဘေးကြောင့်ကွယ်လွန်ခဲ့ပါတယ်။ ဒီကပ်ဘေးဟာ မြေထဲပင်လယ်အရှေ့ပိုင်းအထိပြန့်နှံခဲ့ပါတယ်။

ကိုးကား https://en.wikipedia.org/wiki/Plague_of_Athens