Breaking News

ကိုသန်းလွင် - ခေါင်းဆောင်မှု ညံ့ဖျင်းခြင်း၏အကျိုးဆက်



ကိုသန်းလွင် - ခေါင်းဆောင်မှု ညံ့ဖျင်းခြင်း၏အကျိုးဆက်

(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၂၀

(၁)
သက္ကရာဇ် ၂,ဝ၀ဝ ပြည့်နှစ်များဆီက ခေါင်းဆောင်မှုညံ့ဖျင်းခြင်း၏အကျိုးလက္ခဏာကို တောင်အာဖရိက နိုင်ငံတွင် AIDS ရောဂါပြန့်ပွားစဉ်ကတွေ့ခဲ့ကြရပါသည်။ ထိုစဉ်က သမ္မတ မယ်ဘက်ကီ (Thabo Mbeki) ၏ သိပ္ပံကိုရှုံ့ချပြီး မဟုတ်မမှန်သောအိုရီများကိုလက်ခံခါ ရောဂါပြန့်ပွားမှုဖြစ်နေစဉ်ကာလတလျှောက်လုံးနေခဲ့ပါ သည်။ သူကအသက်ကယ်ရမည့် လုပ်ငန်းများကိုလုပ်ရမည့်အစား လျစ်လျူရှု၍နေစဉ်မှာပင် တောင်အာဖရိက လူမျိုး ၃၃၀,ဝ၀ဝ ကျော်သေကြေခဲ့ပါသည်။

(၂)
ထိုစဉ်ကအဖြစ်အပျက်ကိုသိကြသူများသည် ယခုအခါအမေရိကန်ပြည်၌ ထိုကဲ့သို့သောအလားတူအဖြစ် မျိုးဖြစ်မည်ဟုမထင်ခဲ့ကြပါ။ ဝမ်းနည်းစရာကောင်းသည်မှာ ယနေ့အမေရိကန်ပြည်သည် ထိုစဉ်က တောင်အာဖ ရိကနိုင်ငံ၏နေရာကိုရောက် နေပါသည်။ ယခုအမေရိကန်၏ မယ်ဘက်ကီဟု သမ္မတ ထရမ့် ကိုခေါ်နေကြပါပြီ။ မက်ဘက်ကီက သူ့ကိုယ်သူ သူ့ကိုပြန်မပြောရဲသူများနှင့် ဝိုင်းရံထားခဲ့သလို သိပ္ပံနှင့်ဆေးပညာကို မျက်ကွယ်ပြု ခဲ့ပါသည်။

ထရမ့်က သူ၏ဗိုင်းရပ်ကိုတုန့်ပြန်မှုသည် A+ အဆင့် ရှိသည်ဟုဆိုပါသည်။ သို့ပါသော်လည်းသမိုင်းကမှု သူ့ကို ရှုံ့ချပါလိမ့်မည်။ ၁၉၇၀ ကျောက်ရောဂါကိုခုခံကာကွယ်ခဲ့သူ လာရီ ဘရေးလင့်က (Larry Brallant) က “ကြီးမားသောခေါင်းဆောင်၏ ညံ့ဖျင်းမှု” ဟုခေါ်လိုက်ပါသည်။ သူ၏ခေါင်းဆောင်မှု ညံ့ဖျင်းခြင်းသာမရှိခဲ့လျင် ယခုကဲ့သို့ ၂၈၀,ဝ၀ဝ ကျော်သေရ မည့်အစား လူ ၅ သောင်း၏အသက်ကို ကယ်နိုင်ဖွယ်ရှိသည်ဟုဆိုပါသည်။

ထိုဖြစ်စဉ်တွင် အပြစ်တင်စရာလူများမှာ များပြားလှသဖြင့် အင်္ဂလန်ဆေးဂျာနယ် (New England Journal Of Medicine) ဂျာနယ်ကခေါင်း ကြီးက သေသူ၏သေမှုမှတ်တမ်းတွင် “အစိုးရ၏ခေါင်းဆောင်ညံ့ဖျင်းမှု ကြောင့်သေသည်” ဟုရေးသားထိုက် သည်ဟုရေးသားခဲ့ပါသည်။ ပျမ်းမျှသေရသည်မှာ ၁၀ ရက်လျင် ၁၉ နှစ်အ တွင်းအီရတ်နှင့် အာဖရန်နစ္စတန်နိုင်ငံ များတွင်သေခဲ့ရသူများနှင့်အရေအတွက်ချင်းတူညီသည်ဟုပြောကြသည်။ နာမည်ကျော် စီးပွားရေးပညာရှင် ၂ ဦးကမှု ရောဂါကြောင့်သေရခြင်းသည်စုစုပေါင်း ၁၆ ထရီလီယံမျှ ဆုံးရှုံးရပြီး အမေရိကန်လူမျိုးတစ်ယောက် ၏ အိမ်တစ်အိမ်တွင် ၁၂၅,ဝ၀ဝ ထက် ကျော်လွန်၍ဆုံးရှုံးကြသည်ဟုဆိုသည်။ ၄င်းမှာအလယ်အလတ်တန်းစားဝင်ငွေရှိ သည့်အိမ်ထက်များပါသေးသည်။

အမေရိကန်သမ္မတကြီးမှာ တစ်ကမ္ဘာလုံး၏ချန်ပီယံအဖြစ်မှရယ်စရာခေါင်းဆောင်ကြီးဖြစ်သွားသည်မှာ ဝမ်း နည်းစရာကောင်းသည်။ အမှားများစွာလုပ်သော အမေရိကန်တို့သမိုင်းတစ်လျှောက်တွင် အီရတ်စစ်ပွဲကိစ္စမျိုးက အစ ဝမ်းနည်းစရာကောင်းပြီး ဗီယမ်နမ်စစ်ပွဲပြီးကတည်းက ခေါင်းဆောင်မှုညံ့ဖျင်းမှုဟုပြောနေကြပါသည်။

လွန်ခဲ့သော တစ်နှစ်က ဂျွန်ဟော့ကင်း ယူနီဘာစီတီ ၏တွေ့ရှိချက်မှာ အမေရိကန်တို့၏ ကျန်းမာရေးမှာ အခြေခံကောင်းပြီး ကူးစက်ပြန့်ပွားလာသောရောဂါများကို ခုခံကာကွယ်နိုင်ရန် အကောင်းဆုံးနိုင်ငံဖြစ်သည်ဟု ၄င်း၏ ၃၂၄ မျက်နှာပါ အစီရင်ခံစာကဆိုပါသည်။ ထိုစီရင်ခံစာတွေ့ရှိချက်မှာ ၁၉၁၈ ခုနှစ်က (Influenza) ဖြစ် ပွားရခြင်းအကြောင်း သမ္မတဘုရှ် ဖတ်မိရာမှ သူ့လက်ထောက်များကို အလားတူကာကွယ်ရေး လုပ်ငန်းများလုပ် ရန် တွန်းအားပေးခဲ့သည်။ ထိုညွှန်ကြားချက်ကြောင့်ရောဂါပြန့်ပွားမှု ကာကွယ်ရေးအကြောင်းကိုစာမျက်နှာ ၃၉၃ ပါ စာအုပ်ထွက်လာခဲ့ဘူးသည်။ ထိုစာအုပ်တွင်ရောဂါပြန့်ပွားမှုဖြစ်လာလျင်မည်သို့ခုခံကာကွယ်သင့်သည်၊ ဘယ် လိုနေထိုင်သင့်သည် စသည်တို့ပါဝင်ပါသည်။

အိုဘာမားလက်ထက်တွင် ထို (Play Book) အတိုင်းနေခဲ့ပြီး သမ္မတထရမ့် သို့လွှဲပြောင်းရာတွင်ရောဂါပြန့် ပွားမှုသည်အမျိုးသားလုံခြုံရေးကိုထိခိုက်နိုင်သည့်အဓိကဖြစ်ကြောင်းပြောခဲ့သည်။ ပြင်ပပညာရှင်များ ဘီလ်ဂိတ် (Bill Gate) က ၂၀၁၅ ခုနှစ်တွင် ရော၈ါပြန့်ပွားမှု ဖြစ်ပွားပါက လူ ၁၀ သန်းအထိသေကြေပျက်စီးနိုင်ကြောင်း ကိုရေးသားခဲ့ဘူးသည်။

ထရမ့်က အိုဘာမားအစိုးရကို (National Stock Pile) တွင် ဘာမှမရှိတော့ဘဲချန်ခဲ့သည်ဟုမျက်နှာဖုံး (N95 Mask) များမရှိတော့သည့်ကိစ္စကိုအပြစ်ဖို့သည်။ ဖြစ်ရသည်မှာ အိုဘာမားခေတ်က ရီပတ်ဗလီကင် ဆီးနိပ်က အိုဘားမား တင်ပြသမျှကို ငြင်းဆိုခဲ့ခြင်းကစသည်။ သမ္မတထရန့်သက်တမ်း ၃ နှစ်အတွင်းတွင်လည်း ထိုပစ္စည်း များကို ပြန်လည်မဖြည့်ခဲ့ပါ။

ထရမ့်ကရောဂါပြန့်ပွားခြင်းကို ဘယ်သူမှ ကြိုတင်မသိပါဘူးဟုပြောခဲ့သေးသည်။ သို့သော ်ဤသည်မှာ ဘုရှ်၏လုပ်ဆောင်ချက်များက သက်သေဖြစ်ပါသည်။ အိုဘားမားလက်ထက်တွင် လက်ထောက်များက တတ် နိုင်သမျှသတိပေးခဲ့ကြပါသည်။ အိုဘားမားကိုယ်တိုင်ပြောခဲ့ခြင်းအပြင်ဂျိုးဘိုက်ဒန် (Joe Biden) က၂၀၁၉ ခုနှစ် တွင်တွစ်တာမှသတိပေးခဲ့ခြင်းများရှိခဲ့ပါသည်။ ထရမ့်ကရောဂါကာကွယ်ရေးအတွက်သုံးငွေကို ဖြက်တောက်ခဲ့ ပြီး ကာကွယ်ရေးဌာနအဖွဲ့ တစ်ခုလုံးကို အိမ်ဖြူတော်မှဖယ်ရှားပစ်ခဲ့သည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် တရုတ်ပြည်ဝူဟန်မှ ကျန်းမာရေးအရာရှိများက သူတို့သည်နားမလည်နိုင် သော နမိုးနီးယားနှင့်ဆင်သည့်ကိစ္စ (Case) ပေါင်း ၂၇ ခုရှိသည်ဟုပြောပါသည်။ ထိုင်ဝမ်ကထိုကြေညာချက်ကို အရေးယူ၍ တုန့်ပြန်ခဲ့သည်။ ဝူဟန်မှရောက်ရှိလာမည့်လေယာဉ်တွင်ပါလာသူများကို စစ်ဆေးမှုပြုလုပ်ရန် အဖွဲ့ တစ်ဖွဲ့ကိုလေဆိပ်၌ပြင်ဆင်ထားသည်။ လေယာဉ်ပျံဆိုက်ရောက်၍ လေယာဉ်မှ သွားလိုရာအရပ်များသို့ မထွက် ခွါမီ လူတိုင်းအားကျန်းမာရေးစစ်ဆေးမှုများပြုလုပ်သည်။ကျန်းမားရေးမကောင်းသူများကိုသီးခြားခွဲ Quarantine ပြုလုပ်သည်။

တရုတ်တို့ကသော်လည်းကောင်း ကမ္ဘာကြီးကသော်လည်းကောင်း ဤသို့မြန်မြန်ထက်ထက်တုန့်ပြန်မှုမျိုး ပြုလုပ်ခဲ့လျင်ရောဂါအခြေအနေသည်ဤမျှဆိုးရွားစရာအကြောင်းမရှိပါ။ ဇန်နဝါရီလတစ်ရက်နေ့တွင်အမေရိကန် စီဒီစီ (CDC) ရောဂါပြန့်ပွားမှု တိုက်ဖျက်ရေးအေဂျင်စီက ဝူဟန်ကအဖြစ်အပျက်များအကြောင်းကြေညာသည်။ ထိုစဉ်ကမှု ဘာမှ ထူးထူးခြားခြားဖြစ်စဉ်ဟူ၍ဘာမှမလုပ်ခဲ့ပေ။ တရုတ်ပြည်သမ္မတ ရှီကျင်ဖျင့်က ဇန်နဝါရီလ ၇ ရက်နေ့တွင် ဤရောဂါကိုနှိမ်နှင်းရန်ညွှန်ကြားခဲ့သော်လည်း လော့ဒေါင်းမဟုတ်သဖြင့် ရောဂါပြန့်ပွားမှုအပေါ် သက်ရောက်မှုမရှိခဲ့ပေ။

ဝူဟန်တွင် လူ ၄၀,ဝ၀ဝ ကျော်အတွက်နှစ်သစ်ကူး ထမင်းစားပွဲကို ဇန်နဝါရီလ ၁၈ ရက်နေ့တွင်ကျင်းပခဲ့ပါ သည်။ နောက်ဆုံးလော့ဒေါင်းကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင်ကြေညာသောအခါ သန်း ၅၀ မျှသော လူတို့သည် တရုတ်တို့၏နှစ်သစ်ကူးပွဲတော်အတွက် ဝူဟန်မှထွက်သွားခဲ့ကြပြီးပါပြီ။

ယခုအချိန်မှပြန်ကြည့်လျင် ပထမအချက်တရုတ်တို့သည်ရောဂါပြန့်ပွားမှုသတင်းကိုအမှောင်ချရန်ကြိုးစား ခဲ့ကြပါသည်။ ဒုတိယအချက်အနေဖြင့် အမေရိကန်နှင့်အခြားနိုင်ငံများသည် ထိုင်ဝမ်ကဲ့သို့ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်အချိန်ရခဲ့ကြပါသည်။ အရေးယူခဲ့သည့် နှစ်နိုင်ငံမှာ မြောက်ကိုရီးယားနှင့်မာရှယ်ကျွန်းတို့ဖြစ်ပါသည်။
ထိုဇန်နဝါရီလပထမအပတ်များသည် ကမ္ဘာကြီးအဖို့ရောဂါပြန့်ပွားမှုကိုပိတ်ပင်ရန်အခွင့်အရေးရခဲ့ပါသည်။ အမေရိက၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးများနှင့်မီဒီယာများကတရုတ်ပြည်ကိုရောဂါနှင့်ပါတ်သတ်၍လုပ်ရန်လိုအပ် ကြောင်း မေးခွန်းများမေးခဲ့လျင် တရုတ်ပြည်အစိုးရသည် ဝူဟန်အရေးအခင်းကိုပို၍စောလျင်စွာအသိပေးခဲ့နိုင်ပါ လိမ့်မည်။ ဝူဟန်တို့ကိုသာ လော့ဒေါင်းကိုနှစ်ပါတ်စော၍လုပ်နိုင်ခဲ့လျင် ကမ္ဘာနှင့်အဝှမ်းပြန့်ပွားခြင်းမှ ကယ်တင် နိုင်ပါလိမ့်မည်။

ပထမဆုံး အမေရိကန်အစိုးရ၏အမှားမှာ ရောဂါရှိမရှိစစ်ဆေးခြင်းကိုဂရုမစိုက်ခဲ့ခြင်းဖြစ်ပါသည်။ စစ်ဆေး ခြင်းမရှိဘဲ ရောဂါကိုတိုက်ဖျက်ရခြင်းမှာ လူ၏မျက်စေ့ ကိုပိတ်၍ ရန်သူကိုတိုက်ခြင်းနှင့် ဆင်ဆင်တူပါသည်။ စီဒီစီ က ချို့ယွင်းသည့် စမ်းသပ်နည်းကိုသာ အသုံးပြုခဲ့ပြီး အစိုးရအတွင်းအချင်းချင်းတိုက်ခိုက်မှုများကြောင့် မတိုးတတ်ခဲ့။ တောင်ကိုရီးယား၊ ဂျာမနီနှင့် အခြားနိုင်ငံများမှာ စမ်းသပ်နည်းကိုလျင်မြန်စွာဖော်ထုတ်နိုင်ခဲ့ကြ သည်။ သူတို့ကဖြန့်ဝေပေးခဲ့သဖြင့် ဆီးရီးယားလုံး (Sierra Lone) မှာ အမေရိကန်ထက်စော၍ စမ်းသပ်စစ်ဆေး နိုင်ခဲ့ကြသည်။


(၃)
လူနေထူထပ်မှု အမေရိကန်နည်းတူ ထူထပ်သောဂျပန်ပြည်တွင် သေနှုန်းမှာ အမေရိကန်၏ ၂% သာရှိ သည်မှာ (Mask) တပ်ဆင်ထားသောဓလေ့ကြောင့်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် အရာအားလုံးလိုက်လုပ်စရာ မလိုပါ။ မျက်နှာဖုံးတပ်ခြင်းက ဂျပန်နိုင်ငံကိုကယ်ခဲ့သည်။ ထရမ့်မှာကိစ္စမှန်သမျှ အမှားမှားအယွင်းယွင်းလုပ်ခဲ့ပါ သည်။ သူ့အစိုးရသည် Contact Tracing ကိုမလုပ်ခဲ့။ ထို့ကြောင့်ရောဂါဖြစ်ရသူများကို ကွာရန်တင်းလုပ်ရင်းနှင့် ဖယ်ထုတ်နိုင်သည်။ ထို့နောက် တကယ်ရောဂါကာကွယ်ရန်သိပ္ပံပညာရှင်များ၊ ဆရာဝန်များ၊ လုပ်ငန်းကျွမ်းကျင် သူတို့စကားကိုနားမထောင်ခဲ့။

ထိုထက်ပို၍ဆိုးသည်မှာ အိမ်ဖြူတော် နှင့်နိုင်ငံတစ်ဝှမ်းလုံးတွင် Super spreader အစည်းအဝေးများ ကျင်းပခြင်းဖြင့် နယူးဇီလန်၊ တိုင်ဝမ်၊ ဗီယက်နမ် သုံးနိုင်ငံပေါင်း ဖြစ်ခဲ့သည့် Covid -19 ထက်အရေအတွက် ၍များသော ရောဂါများဖြစ်ပွားခဲ့သည်။

ကိုသန်းလွင်
Ref: A Colosal Failure of Leadership By Nicolas Kristol , New York Times October 26 2020