မောင်ရစ် ● ဟုတ်ကဲ့ပါ မေမေ နဲ့ မောင်တို့တတွေ

(အတွေးအမြင်မဂ္ဂဇင်း၊ ဒီဇင်ဘာ ၂၀၂၀)
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၂၀
ဒီတခါတော့လည်း ပါစင်နယ်တွေပဲ ရေးဦးမယ်လေ။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က ဥရောပကလာတဲ့ မိသားစုတစုနဲ့ ဆုံကြတယ်။ ကျနော်တို့ကလည်း အဝေးမြေက ဝေလေလေတွေဆိုတော့ ခင်ရာဆွေမျိုး သူတို့ကို ခင်လိုက်တာ အရမ်းပါပဲ။ အဲသည်မှာ သတိထားမိတာက အိမ်သူက အိမ်သားအပေါ် အတော်ကို သြဇာညောင်းတယ်ဆိုတာ ဖြစ်ပါတယ်။ အိမ်သူပြောသမျှ အိမ်သားက ခေါင်းညိမ့် လက်ခံတာချည်းပဲ။ ပြီးတော့ ကလေးတွေကလည်း သူတို့မေမေပြောသမျှကို နားထောင်ကြပါတယ်။ (ငယ်သေးတာလဲ ပါတာပေါ့လေ)။ သူတို့ကို ကြည့်ပြီး ကျနော်တို့က ဟားတာပေါ့ဗျာ။ “ဟုတ်ကဲ့ပါ မေမေ” “မှန်ပါတယ် မေမေ။” စသည်ဖြင့် ပေါ့ဗျာ။ အိမ်သူဟာ သူတို့ဖြတ်သန်းမှု ရာဇဝင်မှာ အမြဲတန်း မှန်၊ အမြဲတန်း ဟုတ်တဲ့ လမ်းညွှန်မှု ရွေးချယ်မှုတွေချည်း ဆောင်ရွက်ခဲ့သူအဖြစ် မော်ကွန်းတင်ချက်က ထင်ရှားလွန်းတာကြောင့် အိမ်သားကော၊ ကလေးတွေကပါ လက်ပိုက် ခေါင်း ငြိမ့် “ဟုတ်ကဲ့ပါ မေမေ” ချည်းပဲ ဆိုကြပါစို့။
အဲဒါနဲ့ ကျနော်တို့နဲ့ဆို ရန်ကုန်ကနေ မန်းလေးလောက်မှာ နေတဲ့ လင်မယား ၂ယောက်ကို (အဲသည်ဇနီးက ခုနင်က အိမ်သူနဲ့က ညီအမတွေ ဆိုလားပဲ) အဲသည် တွေ့ရှိချက်ကို ပြောပြမိတယ်ပေါ့ဗျာ။ “ဟုတ်ကဲ့ပါမေမေ” မိသားစုရဲ့ ချစ်စဖွယ် နေထိုင်မှုလေးကိုပေါ့။ ဆိုတော့ သူတို့လင်မယား ၂ဦးကလည်း အဲသည်အိမ်သူဆီကို သွားလည်ပတ်ကြတဲ့အခါမှာလည်း သူတို့ကိုယ်တိုင်လည်း မလွန်ဆန်နိုင်ကြပါဘူး တဲ့။ သူတို့လည်း အဲသည်အစ်မ အိမ်သူရဲ့ သဘောအတိုင်း “ဟုတ်ကဲ့ပါ မမ” လုပ်ခဲ့ကြတာချည်းပဲတဲ့။ ဟာ … ဒါကတော့ စိတ်ဝင်စားစရာ ကောင်းနေပြီ။
ဒါနဲ့ စဉ်းစားမှုတွေက ဖြန့်ထွက်တွေးလာမိတော့ … ခုနင်က လင်မယား ၂ယောက်ထဲက လင်သည်ကိုယ်တိုင်ကလည်း ပေါ်တင်ကြီး “ဟုတ်ကဲ့ပါမေမေ” သာ မပြောတာဗျ။ သူမယားသည်ရဲ့ သဘောအတိုင်းပဲ “ xx သဘော၊ xx သဘော” လို့ ပြောပြောပြီး ပြုံးဖြီးဖြီးနဲ့ ခေါင်းတငြိမ့်ငြိမ့်လုပ်တတ်သူကြီး ဖြစ်နေတာပါလားဆိုတာ ရုတ်ချည်း သဘောပေါက်သွား ရပြန် ပါတယ်။
ကျနော်ကတော့ ဒါကို ရယ်စရာ၊ ဟားစရာလို့ပဲ သဘောထားပါတယ်။ အိမ်သူ အိမ်သားဆိုတာ တိုင်တိုင်ပင်ပင် ဆွေးေ ဆွးနွေး သွားကြရတာဆိုတော့ နေရာတကာ “ဟုတ်ကဲ့ပါမေမေ”ချည်း ၊ “သူမ သဘော၊ သူမ သဘော” ချည်းနဲ့ ဘယ်လိုလုပ် လက်တွေ့ကျမှာလဲပေါ့။ တွေးမိတာပါ။ ဒါနဲ့ အိမ်က အိမ်သူကို ဒီအကြောင်း ဝေဖန်ထောက်ပြမိလိုက်ပါတယ်။ တခါတည်း ကျနော်ကိုယ်တိုင် ၅ပါးမှောက်တော့တာပါပဲ။ အိမ်သူက ပြောပါတယ်။ ရှင်ကိုယ်တိုင်ကကော အိမ်ထောင်သက်တလျောက်လုံး ဘာတွေများ မှန်ဖူးလို့လဲတဲ့။ ရှင်တို့ တလွဲတွေ လုပ်ချင်တာ လုပ်သမျှ၊ ကျမတို့ မိန်းမတွေက နောက်နေ ကောက်ကောက် ပါအောင်လိုက်ပြီး ဖြေရှင်းရ၊ ပြင်ဆင်ရ၊ အမှန်ရှာရ လုပ်ရတာမဟုတ်လား။ ကျမတို့က အမှန်ကို ရွေးပြန်တော့လည်း တကျက်ကျက်နဲ့ ငြင်းရခုန်ရ သတ်ပုတ်ရ။ နောက်ဆုံးတော့မှ ကျမတို့ မှန်နေပါလားဆိုပြီး ဝန်ခံကြရတာ မဟုတ်လားလို့ ချက်နဲ့ လက်နဲ့ တုန့်ပြန် ရန်တွေ့ပါတော့တယ်။
ဟိုက် … သည်မှာတင် ကျနော်လည်း ဉာဏ်အလင်းပွင့်သွားရတော့တာကိုး။ ကျနော်တို့ တလွဲတွေကို သူတို့ သီးခံခဲ့ရတာတွေ များလွန်းလှပေါ့။ သူတို့ မှန်သမျှတွေနဲ့ ငါတို့တွေ အသက်ဆက်နေရတာကို ငါတို့က လက်ခံဖို့ ဝန်ခံဖို့ ငါတို့ဘက်က လိုအပ်နေပါကလားပေါ့။ ကြည့်စမ်း ငါတို့တွေ ဒီတသက် တကျက်ကျက်နဲ့ လျာနဲ့သွား တကိုက်တည်း ကိုက်နေကြတဲ့ဆီမှာ ငါတို့ယောကျာ်းတွေ ခေါင်းမာနေမှု၊ အမှန်တရားကို ဝန်ခံဖို့ တင်းခံနေမှုကသာ အပြစ်တင်စရာ ဖြစ်နေပါပေါ့လား ပေါ့ဗျာ။ ကျနော်တို့ဟာ သူတို့ကို “ဟုတ်ကဲ့ပါ မေမေ” “မှန်ပါတယ်မေမေ” လို့ အမှန်အတိုင်း ပကတိအတိုင်း အရှိအတိုင်း ဝန်ခံသတ်မှတ်လိုက်ခြင်းသာလျင် ငါတို့ အမျိုးသားတွေအားလုံးရဲ့ ငြိမ်းချမ်းရေးလမ်းစ ဖြစ်နေပါကလား ဆိုတာ ဖြစ်ပါ တော့တယ်။
သည်နောက်ပိုင်းမှာတော့ မောင်ရစ်လည်း “ဟုတ်ကဲ့ပါမေမေ” အလံတော်အောက်မှာ အလင်းဝင်သူတဦး ဖြစ်သွားပါတော့ တယ် ခင်ဗျား။ ဒါဟာ အမှန်တရားတခု ဖြစ်ပါတယ်။
ဒီနေ့က ကျနော့်အိမ်သူမွေးနေ့ ဖြစ်ပါတယ်။ (အုန်းနို့ခေါက်ဆွဲ ချက်စားကြမယ်။) “ဟုတ်ကဲ့ပါ မေမေ” ။ (ဘာမှ ထူးထူး ဆန်းဆန်း မွေးနေ့လက်ဆောင်တွေ ဘာတွေ့ ရှုပ်ရှုပ်ရှက်ရှက် မလုပ်ကြနဲ့) ။ “ဟုတ်ကဲ့ပါ မေမေ”။ (အားလုံး ညနေ ၇ နာရီခွဲ မှာ စားကြသောက်ကြမယ်)။ “ဟုတ်ကဲ့ပါမေမေ”။ သည်လို လိုက်နာနေတဲ့ကြားက ကျနော်က ကိတ်မုန့်လေး ဘာလေး ဝယ် ပေးချင်တဲ့ ရောဂါက တက်လာပါတယ်။
သူတို့နဲ့ မတိုင်ပင်ဘဲ ဝယ်လိုက်မိတာက တလွဲကိတ်မုန့်ကြီး။ (မဟုတ်သေးဘူး ဖေဖေ)။ ဒါနဲ့ သမီးကို အကူအညီတောင်း လိုက်တော့။ သူ့အမေက သူ့အတွက် စိတ်ချမ်းသာမှုပေးစေမယ့် ကိတ်မုန့်က အိုက်စကရင်ကိတ် (စတုန်းကိုးလ်ဒ်ဆိုင်ကမှ) လို့ လျှို့ဝှက်ညွှန်ကြားချက် ထုတ်ထားတာ ရှိသတဲ့။ ဒါဆိုရင်လည်း သမီးရေ … အဖေတို့ အိုင်စကရင်ကိတ် ပြေးဝယ်ကြစို့ ဆိုပြီး ပြေးဝယ်ရပါတယ်။
(ဟာ … ကြည့်စမ်း မခိုင်းဘဲနဲ့ ကိတ်မုန့်တွေ ဝယ်လာရသလား။) “ဟုတ်ကဲ့ပါ မေမေ” ။ (အိုက်စကရင်ကိတ် ကြိုက်တယ်ဆိုတာ သိနေပေါ့လေ) “ဟုတ်ကဲ့ပါ မေမေ” ။ (မွေးနေ့ပန်းခြင်းတွေ ဘာတွေ မလိုဘူလေ။ ခြံထဲ စိုက်လို့ရမယ့် နေပူခံ ရေမလောင်းရတဲ့ ပန်းပင်တွေ ဝယ်လာတာက ပိုကောင်းတာ မသိဘူးလား။) “ဟုတ်ကဲ့ပါ မေမေ”။
ကဲ … တွေ့တယ် မဟုတ်လားဗျာ။ “ဟုတ်ကဲ့ပါ မေမေ” ဆိုတာ ကျနော်တို့အတွက် အသက်ကယ်ဆေး၊ အသက်ရှည်ဆေး ဖြစ်ပါတယ်။ ကျနော်တို့မိသားစုတွေ အသီးအသီးအတွက် အလိုအပ်ဆုံး စကားတခွန်းလည်း ဖြစ်ပါတယ်။ ဆေးတခွက်လည်း ဖြစ်ပါတယ်။ ကျနော်ကတော့ စိန်ခေါ်ရဲပါသဗျာ။ ခင်ဗျားတို့ ဘာသာ ကိုယ့်ဒုက္ခကိုယ်ရှာချင်လို့ကတော့ ခင်ဗျား အိမ်သူကို ကိုယ်တိုင် သွားပြောချေ။ “မဟုတ်သေးဘူး မေမေ” ဆိုပြီး တခွန်းလောက် ပြောရဲ ပြောကြည့်လေဗျာ။ ခင်ဗျားဘဝ မီး မှောင်ကျသွားမယ်ဆိုတာ ခင်ဗျား သိသင့်ပါသဗျား။
ကျနော်ကတော့ “ဟုတ်ကဲ့ပါ မေမေ” လူသားတဦးပါ။ ကျနော့်အိမ်သူ မွေးနေ့ အနှစ်တရာတိုင်ပါစေ။ မြန်မာပြည်ကြီးလည်း အမြန်ဆုံး ကျန်းမာ ချမ်းသာပါစေ။ “ဟုတ်ကဲ့ပါ မေမေ”။