ကိုသန်းလွင် - ဒီယာဂို မာရာဒိုးနား

ကိုသန်းလွင် - ဒီယာဂို မာရာဒိုးနား
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၂၀
(၁)
ဒီယာဂို မာရာဒိုးနား (Diego Maradona) သည် အာဂျင်တီးနားနိုင်ငံ၏ အမျိုးသားသူရဲကောင်းဖြစ်ခဲ့ပါ သည်။ ဘောလုံးလောက တွင်အကြီးအကျယ်ဆုံးဖြစ်ပြီး ကောက်ကျစ်နည်းမျိုးစုံဖြင့် ဘောလုံးကို ကျွမ်းကျင်စွာ ထိန်းချုပ်ပြီးကစားတတ်ပါသည်။ အပြင်ဘက်လူ့ဘဝတွင်အရက်နှင် ့ဆေးမျိုးစုံကိုသုံးစွဲခဲ့ပြီးကျန်းမာရေးပြဿနာ ပေါင်းများစွာရင်ဆိုင်ခဲ့ရခါ လွန်ခဲ့သောဗုဒ္ဓဟူးနေ့ (၂၅-၁၁-၂၀၂၀) ရက်နေ့က အာဂျင်တီးနားနိုင်ငံ Tigre အရပ် ဘွာနာအေးရီး နယ် (Buenos Aires) တွင်ကွယ်လွန်ခဲ့ပါသည်။ သူသည် အသက် ၆၀ နှစ်ရှိပါပြီ။
ပြောရေးဆိုခွင့်ရှိသူက နှလုံးရောဂါဖြင့်ကွယ်လွန်သည်ဟုပြောပါသည်။ လွန်ခဲ့သောရက်သတ္တပါတ်အနည်း ငယ်ကဦးနှောက်ကိုခွဲစိတ်ကုသခံခဲ့ရပါသည်။ သေဆုံးပြီဆိုသောသတင်းသည်အာဂျင်တီးနားတွင်များစွာကြေကွဲ ရခြင်းနှင့်အတူသတိရအောက်မေ့စရာအတိတ်ဖြစ်ရပ်များကို ပြန်လည်သတိရစေခဲ့သည်။ လူအများက တသသ ဖြစ်အောင်စွဲလမ်း၍ သူ့အကြောင်းကို ပြောမဆုံးနိုင်ဖြစ်နေကြပါသည်။ သူ၏ဂုဏ်ကျက်သရေမှာသက္ကရာဇ်၂၀ဝ၀ တုန်းက ဘရာဇီးနိုင်ငံမှ ပီလီနှင့်အတူဘောလုံးလောက၏ အကောင်းဆုံးဘောလုံးသမားများအဖြစ် မဲပေးခဲ့ကြပါ သည်။ အာဂျင်တီးနားအစိုးရကသူ့ကိုအောက်မေ့ဖွယ်ရာအဖြစ် ၃ ရက် (Day Of Mourning) သတ်မှတ်ခဲ့ ကြပါ သည်။
(၂)
မာရာဒိုးနား၏ခြေထောက်တွင် ဘောလုံး သည်အိမ်မွေးတိရစ္ဆာန်ကလေးများသဖွယ် သူ၏သြဇာကိုနာ ခံကြပါသည်။ သူသည်ကိုယ်ပျောက်နိုင်သည့် ဝတ်စုံကိုဝတ်ဆင်ထားသည်ဟုထင်ရပြီး တခါတရံမှ တဟုန်ထိုး ထွက်ပေါ်လာခါ အံ့သြစရာကောင်းလောက်အောင်လျင်မြန်စွာဘောလုံးကိုသယ်ယူပြေးပြီးသူများကိုပေး၍လည်း ကောင်း၊ သူကိုယ်တိုင်ဂိုးသွင်း၍လည်းကောင်းကစားတတ်ပါသည်။
ကျော်ကြားလှသော ဂျာစီအမှတ် ၁၀ ကိုဝတ်ဆင်ပြီး အာဂျင်တီးနားကို ၁၉၈၆ ကမ္ဘာ့ဖလားပွဲတွင်ဒိုင်းရ အောင်ဆောင်ရွက်ခဲ့ပါသည်။ အင်္ဂလန်နှင့်ကွာတားဖိုင်နယ်ပွဲကိုများစွာအငြင်းပွားများခဲ့ရသောဂိုးကို သွင်းယူခဲ့ပြီး ၄ မိနစ်အတွင်းတွင် နောက်ထပ် တစ်ဂိုးရအောင်သွင်းယူနိုင်ခဲ့ပါသည်။ ၁၉၈၆ ဖွန်လ ၂၂ ရက်နေ့က ကစားခဲ့ကြ သော ထိုပွဲကို မက္ကစီကိုနိုင်ငံကို Aztec ကစားရုံတွင်ကစားခဲ့ကြပါသည်။ အင်္ဂလန်နှင့် လွန်ခဲ့သော ၄ နှစ်ကာလ က ဖေါက်ကလင်ကျွန်း အရေးကြောင့်စစ်ဖြစ်ပွားခဲ့ကြပါသည်။ ပြောကြစို့ဆိုလျင် အင်္ဂလန်နှင့် အာဂျင်တီးနားမှာ ထိုအချိန် ကစစ်ပွဲအရှိန်ကြောင့် ဆက်ဆံရေးမှာ တင်းမာဆဲရှိပါသေးသည်။
ဒုတိယပိုင်းပွဲစ၍ ၆ မိနစ်ကြာသည်အထိတစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းနိုင်ကြသေးဘဲရှိနေခဲ့ပါသည်။ မာရာ ဒိုးနားက ဘောလုံးရသွားကာအင်္ဂလန်ဂိုးရှေ့တွင် သူ့လူဘက်သို့ဘောလုံးကိုထိုးပေးခဲ့ပါသည်။ အင်္ဂလန်အလယ် တန်းမှ စတိဟော့ (Steve Hodge) ၏ခြေထဲတွင် ရှိနေပြီး ၄င်းကတဆင့် ဂိုးသမား ရှီလတန် (Peter Shilton) ထံသို့ထိုးပေး လိုက်ပါသည်။ ထိုစဉ်တွင်အရပ် ၅ ပေ ၅ လက္မသာရှိသော မာရာဒိုးနားကဝင်ရောက်လာပြီး ဘောလုံးကိုခုန်၍ ယူခါ အင်္ဂလန် ဂိုးထဲအရောက်လက်ဖြင့်ပုတ်ထုတ်လိုက်ပါသည်။ ထိုသို့ပုတ်ထုတ်ရာတွင် သူ၏ခေါင်းကိုမသုံးခဲ့ပါ။ ဘယ်လက်လက်ဖြင့် ပုတ်ထုတ်လိုက်ခြင်းဖြစ်ပါသည်။ ကျုနီးရှား ဒိုင်လူကြီးက သူ ယခုကဲ့သို့လက်ဖြင့်ပုတ်ထုတ်လိုက်ခြင်းကိုခေါင်းဖြင့်တိုက်ခြင်းဟုသာယူဆပြီး ဂိုးပေးခဲ့ပါသည်။
မာရာဒိုးနားကနောက်ပိုင်းတွင် တစ်ကြိမ်နှင့်တစ်ကြိမ်မတူညီဘဲအဖြေပေးခဲ့ပါသည်။ သူသည်လေထဲတွင် ခုန်လိုက်သော်လည်းဘောလုံးကို ထိပင်မထိကြောင်း ဒီအတိုင်းဂိုဝင်သွားခဲ့ကြောင်း၊ ထို့နောက်မှ သူသည်လုပ်မိ လုပ်ရာ လုပ်လိုက်ခြင်းဖြစ်ကြောင်းပြောခဲ့ပါသည်။ ဤဂိုးကိုဘုရားသခင်ကသွင်းပေးခြင်းဖြစ်ပြီး “ဘုရားသခင်၏ လက်ဖြင့်ဂိုးသွင်းခဲ့သည်” ဟု ပြောပါသည်။
အင်္ဂလန်အသင်းဘက်ကတော့ဘာမှမတတ်နိုင်ခဲ့ပါ။ မာရာဒိုးနားက ဘုရားသခင်၏ လက်နှင့်ဂိုးသွင်းလိုက် သည်ဆိုသော်လည်း ဂလင်ဗီး (Brian Glanville) က “History Of World Cup” စာအုပ်တွင် မာရာဒိုးနားက “အရှက်ကင်းမဲ့စွာ ဗြောင်ကျကျ လူဆိုးလူမိုက်တို့၏လက်ဖြင့် ပုတ်သွင်းခဲ့သည်” ဟုရေးခဲ့ပါသည်။ ၄ မိနစ်ကြာ သောအခါ မာရာဒိုးနားက တစ်ဂိုး ထပ်မံသွင်းယူခဲ့ပါသည်။ သူတို့ရရှိ သော ဒုတိယဂိုးမှာ ကိုက် ၇၀ ခန့်ဘောလုံး ကို ဆွဲယူသွားခဲ့ ပြီးအင်္ဂလန်ကစားသမား ၅ ဦးကိုကျော်ဖြတ်ကာဂိုးသမား ရှီတန်မရှိတော့သော ဂိုးထဲသို့သွင်းယူ ခဲ့ခြင်းဖြစ်ပါသည် စကိတ်စီးသူတစ်ဦးက ဂိတ်တခု မှနောက်ဂိတ် တခုသို့ဘောလုံးကို ဦးတည်ရာအမျိုးမျိုးပြောင်း ခါ သယ်ယူသွားခဲ့ပြီးဂိုးသွင်းခဲ့ခြင်းဖြစ်ပါသည်။ ၂၀ ရာစုနှစ်အတွက်အကောင်းဆုံးဂိုး ဟုဆိုကြပါသည်။ ထိုပွဲတွင် အာဂျင်တီးနားက ၂ - ၁ ဖြင့်အနိုင်ရခဲ့ပါသည်။
ဂါတနာ (Paul Gardner) ၏ “The Simplest Game” စာအုပ်တွင်မှု ၁၀ စက္ကန့်အကြာ မဖော်ပြနိုင်သော ကျွမ်း ကျင်မှုဖြင့် ဘောလုံးစွမ်းရည်ကိုတွေ့မြင်နိုင်ပါသည် ဟုရေးခဲ့သည်။ ကမ္ဘာ့ဖလားရာဇဝင်တွင်နှိုင်းယှဉ်၍မရ နိုင်သောဂိုးသွင်းမှုဟူ၍ဖော်ပြခဲ့သည်။
၁၉၈၆ ကမ္ဘာ့ဖလားနောက်ဆုံးပွဲစဉ်တွင် မာရာဒိုးနားသည် အနောက်ဂျာမနီခံတပ်ကိုချိုးဖောက်ကာ ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အနိုင်ဂိုးများအတွက် မာရာဒိုးနားကပြင်ဆင်ဖန်တီးပေးခဲ့ရခြင်းဖြစ်ပါသည်။ Maxico-86 ကမ္ဘာ့ဖလားတွင်ပွဲများကို မည်သူနှင့်မျှမတူအောင် လွှမ်းမိုးနိုင်ခဲ့ပါသည်။
၁၉၉၀ ခုကမ္ဘာ့ဖလားပွဲတွင်ကွာတားဖိုင်နယ်ပွဲ ဘရာဇီးနှင့်ပွဲတွင်တစ်ဦးထဲဂိုးသွင်း၍ အနိုင်ယူနိုင်ခဲ့ပါသည်။ ဆီမီးဖိုင်နယ်ပွဲတွင် အိမ်ရှင်အီတလီနှင့်ပွဲတွင် ပင်လယ်တီ ဂိုးဖြင့်အနိုင်ယူခဲ့သည်။ ဤပွဲသည် မာရာဒိုးနားအဖို့ အမှတ်တရရှိစေခဲ့သော ပွဲလည်းဖြစ်ပါသည်။ ဤပွဲကို ပင်လယ်ကမ်းခြေမြို့တော် နေပယ်မြို့တွင်ကျင်းပခဲ့သည်။ Itanian Neague တွင်မာရာဒိုးနားသည် အီတလီ ကလပ်အသင်းကို ဖလားနှစ်ခုရအောင်ဆောင်ရွက်ခဲ့ဖူးသည်။ ၁၉၉၀ ခုနှစ်ဖိုင်နယ်ပွဲကို ဂျာမနီနှင့်ရင်ဆိုင်တွေ့ခဲ့ရပြီး မာရာဒိုးနားတို့ရှုံးခဲ့ရသည်။ သူ့အဖေါ်အများစုမှာ ကစားပုံ ကြမ်းတမ်း၍ အပြစ်ပေးခံခဲ့ရပြီးကွင်းပြင်မှာ နေခဲ့ရသည်။ မာရာဒိုးနားတို့ တစ်ဂိုးအရှုံးဖြင့် ပွဲပြီးခဲ့ရသည်။
ရောမမြို့ အိုလံပစ်ကွင်းတွင် မာရာဒိုးနားက ဘောလုံးကိုထိလိုက်တိုင်းပရိတ်သတ်က “ဘူး” အော်ကြ သည်။ သူသည်အီတလီအသင်းပြိုင်ပွဲမှထွက်သွားရအောင်လုပ်ခဲ့သည် မဟုတ်ပါလား။
ပီလီ၏ဂုဏ်သိက္ခာသည် အပြည်ပြည်ဆိုင်ရာတို့တွင် တိုးတတ်နေချိန်တွင် မာရာဒိုးနားအဖို့မှာ သတင်းဆိုး များ တခုပြီးတခုကြားနေရသည်။ ၁၉၈၀ ကာလတစ်လျှောက်တွင်ကုတ်ကင်းစွဲကာ နာမည်ပျက်ပြီး ကျန်းမာရေး ကို ထိခိုက်ခဲ့သည်။ ၁၉၉၁ ခုနှစ်၌ ကုတ်ကင်းသုံးစွဲမှုကြောင့် နာပိုလီကလပ် အသင်းတွင်ကစားနေချိန် တွင်ပြိုင် ပွဲမှ ၁၅ နှစ်အပယ်ခံရသည်။ ကိုယ်စိတ်အပြုအမှုများ အမှားမှားအယွင်းယွင်းဖြစ်ခဲ့ရသည်။ ၁၉၉၄ ခုနှစ်ဖေဖော်ဝါ ရီလတွင် သတင်းထောက်တစ်ဦးကို လေသေနတ်ဖြင့် သူ၏နွေရာသီအပန်းဖြေ အိမ်အနီးတွင်ပစ်ခဲ့သည်။
ထို့နောက်အမေရိကန်နိုင်ငံတွင်ကျင်းပသော ကမ္ဘာ့ဖလားပွဲတွင် မာရာဒိုးနားတစ်ယောက် ဆေးသုးစွဲမှု ကြောင့်အပယ်ခံခဲ့ရသည်။ အသက်အရွယ်ရလာပြီးဖြစ်၍ ခြေကုန်လက်ပမ်းကျနေခြင်းကို ကာကွယ်နိုင်ရန် အကူ အညီဆေးသုံးစွဲခဲ့ရသည်။ သူ၏မကျန်မာနေသောကိုယ်ခန္ဓာမှာ ပွသိုးသိုးဖြစ်လာရပြီး ဘွာနာအေးရီးမြို့ တွင် ဆေးရုံတတ်ရသည်။ ဧပြီ ၂၀ဝ၂ ခုတွင် အင်အားချိနဲ့ပြီး နှလုံးအားနည်းကာ အသက်ရှုမဝသည့်ရောဂါဖြစ်လာ သည်။ ထို့နောက် ကျုဘားနိုင်ငံ ဟာဗာနာရှိ စိတ်ပိုင်းဆိုင်ရာဆေးရုံတစ်ခုတွင် တက်ရောက်ကုသခဲ့ရသည်။
သူ့ပြဿနာများမှာ အစာအိမ်ကို Bypass လုပ်ရန် ခွဲစိတ်ကုသရသည်။ သူ၏အရက်ကြောင့်ဖြစ်ရသော ရောဂါနှင့် ကိုယ်အလေးချိန်ကို ထိမ်းသိမ်းရန်ဖြစ်သည်။၂၀၁၈ ကမ္ဘာဖလားပွဲ ရုရှားတွင် ကျင်းပနေစဥိအတွင်း ဘောလုံးကွင်းတွင် ကြည့်ရှုသူတစ်ယောက်အနေဖြင့် ကြည့်ရှုနေစဉ် ရုတ်တရက် မေ့မျောသွားခဲ့သည်။ မာရာ ဒိုးနား၏ဘဝဖြစ်စဉ်တွင် တောက်ပလာတော့မည့်ကြယ်တစ်ပွင့်အဖြစ်မှ လမ်းလွဲသို့လိုက်ခါဆေး များကိုသုံးစွဲ ရာမှ အကျနာခဲ့ရသည့် အဖြစ်ကို ရင်နင့်ဘွယ်ရာတွေ့ရှိရပါသည်။
(၃)
မာရာဒိုးနားကို ၁၉၆၀ ခုဒီဇင်ဘာလ ၃၀ ရက်နေ့အာဂျင်တီးနားနိုင်ငံ လားနပ်နယ်တွင်မွေးဖွားခဲ့ပါသည်။ သူကွယ်လွန်ချိန်တွင်အိမ်ထောင်နှစ်ဆက်မှသားသမီး ဂ ယောက်ကျန်ရစ်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင်အာဂျင်တီး နား နေရှင်နယ်အသင်းကို နည်းပြအဖြစ်ကြီးကြပ်ခဲ့သည်။
ပီလီက “သူ့မိတ်ဆွေတစ်ယောက်ဆုံရှုံးသလို ကမ္ဘာကြီးကလည်းကျော်ကြားသူတစ်ယောက်ဆုံးရှုံးရတာ ပါဘဲ”ဟုပြောခဲ့သည်။ အာဂျင်တီးနားနိုင်ငံသမ္မတကြီး ဖါနင်ဒက်က”သူကအာဂျင်တီးနားကို ထိပ်ရောက်အောင် ယူသွားခဲ့ပါတယ်။ သူဟာကျွန်တော်တို့ကို အလွန်ပျော်ရွှင်အောင်လုပ်ခဲ့တယ်။ သူဟာကျွန်တော်တို့ထဲမှာတော့ အကြီးကျယ်ဆုံးပါဘဲ” ဟုပြောခဲ့သည်။
အီတလီနိုင်ငံ နေပယ်မြီု့က အားကစားရုံ စတေဒီယမ်ကို မာရာဒိုးနားစတေဒီယမ်ဟု ပြောင်းလဲခေါ်ရန် ဆုံးဖြတ်လိုက်ကြပါသည်။
ကိုသန်းလွင်
Ref: Soccer’s tormented Genius By Jere Longman New York Times November 27, 2020