Breaking News

ကျော်ဟုန်း - အဖြူကွဲ

အဖြူကွဲ
ကျော်ဟုန်း
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၂၃

ထူးအိမ်သင်က
အဖြူရောင် အင်္ကျီလေးကို
အားနာတယ်။

မင်းအောင်လှိုင်က
အဖြူရောင် စကျင်ဘုရားကို
အားမနာဘူး။

ထူးအိမ်သင် သီချင်းတွေ
လူတိုင်း နားဝင်ချိုနေကြဆဲ
မအလဘုရားကို မဖူးတဲ့။

ငါ့နှယ့်နော်
ဂီတဆရာ တော်လှန်ရေးသမား နှလုံးသားနဲ့
သူခိုးဓားပြ လူသတ်သမား စိတ်ထား
မနှိုင်းယှဉ်အပ်ဘဲ ချိန်ထိုးမိ

အဖြူကွဲတာ လူတိုင်းသိ။

 ၂၃၇၂၉
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar