ဆ သ ဒ - လာ မ ယ့် နှ စ် . . .
လာ မ ယ့် နှ စ် . . .
ဆ သ ဒ
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၃
လာမယ့်နှစ်
ငါ့ခြံအသစ်ထဲမှာ
ကဗျာတွေ ရွတ်ကြမယ်။
ငါ့ခြံထဲမှာ
အခြားအရာ ဘာမှမရှိ၊
အမှတ်တရစိုက်ထားသည့်
ပကတိသစ်ပင်တွေသာရှိ။
အပင်ခြေတိုင်းရှေ့
တွေ့ရမှာက လွမ်းမောဖွယ်
လူနာမည် ကမ္ဗည်းတွေနဲ့။
ကိုယ်ကြိုက်ရာအပင်အောက်မှာ
ကိုယ်ကြိုက်ရာ ကိုယ်ရွတ်ကြပါစို့။
ကံ့ကော်ပင်အောက်မှာ
ကံ့ကော်ရနံ့သင်းလှတဲ့
တက္ကသိုလ်ကဗျာရှည်
ရွတ်ချင်သူတွေ ရွတ်။
စွယ်တော်ပင်အောက်မှာ
နှစ်လွှာပေါင်းမှ တစ်ရွက်
အသည်းအသက်ကဗျာ
ရွတ်လိုပါက ရွတ်။
ပျဉ်းမပင်အောက်မှာ
တက်ကြွဖွယ် ကဗျာတွေ
ရွတ်လေသူက ရွတ်။
တမာပင်အောက်မှာ
အညာခင်ဆံထောက်ကို
ရမ်းရော်မှန်းဆ တမ်းတပိုကာ
လွမ်းကဗျာ ရွတ်ချင်သူ ရွတ်။
မန်ကျည်းပင်အောက်မှာ
ခရီးဝင်ထောက်ကာ
မန်ကျည်းရွက်ထပ်ကဗျာအလှ
တူစွအသံ ညီ ညီ ညာ ညာ
ရွတ်လိုပါလည်း ရွတ်။
ခရေပင်အောက်မှာ
ခရေပန်းကောက်ရင်း
ကြွေမှ ပိုပြီးသင်းပျံ့လှတဲ့
ဘဝပေး စတေးခံတို့အကြောင်း
ကဗျာကောင်း ရွတ်လိုသူ ရွတ်။
သခွတ်ပင်အောက်မှာ
မီးတကျည်ကျည်ကဗျာတွေ
ရွတ်လိုသူတွေ ရွတ်။
ထန်းပင်အောက်မှာ
ကာလနွေဦး မြူတွေကျူးသစ်
ရစ်လိုတဲ့ကဗျာ
စိတ်ကြိုက်သာ ရွတ်။
မယ်ဇလီပင်အောက်မှာ
ငါလည်း တပုဒ်တလေ
ရွတ်ချင်နေမိတယ်။
ဆရာမကြီး ကဗျာရှင်
ဒေါ်ခင်နှင်းယု ရဲ့
ကြိုက်လှတဲ့ ကဗျာလေး
ငါ့ကိုပေးရွတ်ကြပါ။
" မယ်ဇလီ ပင်ပျိုအောက်
ပေါက်လာတဲ့ ရွှေတမာ
ခါ း ချ က် က နာ . . .
ရေစီးရယ် တခါ
ရေသာရယ် တလှည့်
သူများလို ဒို့ မရိုင်းတယ်
တိုင်းသိပါရဲ့ "
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar