၂၀၁၀ တုန်းက အရုဏ်ဦးမှာ ဖူးသည့်ကြာ၊ အခု ၂၀၂၃ မှာ စစ်မိစ္ဆာ၏ သင်္ကန်းခြုံခရီးစဉ်
၂၀၁၀ တုန်းက အရုဏ်ဦးမှာ ဖူးသည့်ကြာ၊ အခု ၂၀၂၃ မှာ စစ်မိစ္ဆာ၏ သင်္ကန်းခြုံခရီးစဉ်
မိုက်ခဲစိန် (မိုးမခ) ဇူလိုင် ၂၉၊ ၂၀၂၃လွန်ခဲ့တဲ့ ၂ ရက်က ဆန်ဖရန်ဘေးဧရိယာကို ငြိမ်းချမ်းရေးတရားဟောဖို့ ပြည်ပရောက်တွေ ချေချွတ်ဖို့ဆိုပြီး သဘာ၀တရားရိပ်သာ ဆရာတော်ဆိုသူ ရောက်လာတယ်။ အလှူခံမယ်၊ ဆွမ်းဆန်စိမ်း ခံမယ်၊ တရားဟောမယ်ဆိုပြီး မောင်းတင်လာတာ စစ်မိစ္ဆာ၏ သင်္ကန်းခြုံ - အလိုမရှိ၊ ထွက်သွား၊ ထွက်သွား ဆိုပြီး ဘေးဧရိယာက မြန်မာတွေ ညာသံပေးပြီး အသံနက်ကြီးနဲ့ အော်ပြီး မောင်းထုတ်တာ ခံလိုက်ရပါတယ်။
အခုတော့ ဘယ်သောင်ပြင်ကို ဆင်းသွားပြီလဲတော့မသိ၊ ပြည်ပရောက် မြန်မာတွေက လူသတ်ဝါဒီ စစ်အာဏာရှင်တွေ၏ လက်ကိုင်တုတ်၊ သာသနာ့အရေခြုံကို လက်မခံပါဘူး။ နွေဦးတော်လှန်ရေးကို နိမ့်ပါးအောင်၊ မြန်မာပြည်သူတွေအချင်းချင်း စိတ်ဝမ်းကွဲအောင်၊ အမုန်းပွားအောင် လိမ်ညာမုသာဝါဒဖြန့်ချိသူကို လက်မခံကြပါဘူး။ သူနဲ့လည်း အဖက်လုပ်ပြီး စကားပြောဆိုဆွေးနွေးဖို့ အခွင့်အလမ်းလဲ မပေးနိုင်ကြပါဘူး။ နွေဦးတော်လှန်ရေးကြီး အမြင့်မားဆုံး အလံတော်နဲ့ ချီတက်နေချိန်မှာ အခုလို အဖျက်အမှောင့်တွေ ကို မြန်မာပြည်သူတွေက ပြည်တွင်း ပြည်ပအကုန်လုံး သတိကြီးစွာနဲ့ ဆင်ခြင်တုန့်တရားအပြည့်နဲ့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ကြတာကို ဝမ်းသာ ဂုဏ်ယူရပါတယ်။
ဒါတင်ပဲလားလို့ မေးကြမယ်ဆိုရင် ဒါမျိုးတွေကို ပြည်ပရောက်တွေ ကြုံဖူးလို့ အံတိုနေပြီလို့ပဲ ဖြေလိုက်ချင်ပါတယ်။ ၂၀၁၀ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာမှာ စစ်အစိုးရက သူတို့စိတ်တိုင်းကျ ၂၀၀၈ ခြေဥ၊ ၂၀၁၀ ရွေးကောက်ပွဲ ပြီးတော့ ကြံ့ဖွတ်ပါတီကို အာဏာလွှဲရန် ဇာတ်ကကြတုန်းက - ပြည်သူတွေကို စိတ်ဝမ်းကွဲ အချင်းများကြစေဖို့ သူတို့၏ ဝါဒဖြန့် အနုပညာရှင်တွေကို ဖျော်ဖြေရေးခရီးစဉ်တွေ စီမံဖန်တီးပေးခဲ့ဖူးပါတယ်။ တင်သန်းဦး စီစဉ်တဲ့ အရုဏ်ဦးမှာ ဖူးသည့်ကြာဆိုတဲ့ မြန်မာပြည်ဒီမိုကရေစီအရေးတော်ပုံကြီးကို ဖျက်ဆီး ပုတ်ခပ်တဲ့ လုပ်ကြံဝါဒဖြန့်ရုပ်ရှင်ကြီးက မင်းသား မင်းသမီး အဆိုတော်တွေကို ပြည်ပခရီးစဉ်တွေ စေလွှတ်ပြီး ပြည်သူတွေထဲ ထိုးဖောက်ခဲ့ပါတယ်။ ပြည်ပရောက် မြန်မာတွေမှာ သည်လို စစ်အာဏာရှင်အလိုကျ ပညာရှင်ကို ကန့်ကွက်ရှုတ်ချကြတာက တဘက်၊ အနုပညာသည်တွေဘက်ကလိုက်ပြီး ပွဲတွေစီစဉ်အားပေးချင်သူတွေက တဘက် ပွတ်တိုက်မှုတွေ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ သို့သော် နောက်ဆုံးမှာ အဲသည်စစ်ဘောမတွေ ကို အမေရိကန်အစိုးရက ဗီဇာရုတ်သိမ်းပြီး အမည်းစက်ပေး ပြည်နှင်လိုက်လို့ တခန်းရပ်သွားပါတော့တယ်။ အဲသည်အကြောင်း မိုးမခမီဒီယာက တောက်လျောက်သတင်းလုပ်ခဲ့တဲ့ လင့်တွေ အောက်မှာ ပြန်ကြည့်ပြီး စမြုံပြန်နိုင်ပါတယ်။
ဒီတခါကတော့ ဒေါ်စုကို ချိုးနှိမ်၊ နွေဦးတော်လှန်ရေးကို ဖိနင်း၊ စစ်အာဏာရှင်တွေကို ဘောမ၊ ဘာသာရေးကိုပါ အလွဲသုံးစားလုပ်၊ ပြည်သူတွေကို ငတုံး ငအ လူညံ့တွေလို သဘောထားပြီး သွေးခွဲဖို့ အမုန်းစကားဖြန့်ချိဖို့ အကြံအကြီးကြီးနဲ့ သင်္ကန်းခြုံလာတဲ့ သဘာ၀ရိပ်သာဆရာတော်နဲ့တကွ အပေါင်းအပါတွေ၏ လုပ်ကြံမှုကြီးကတော့ အလွန်ဆိုးဝါးလှတဲ့ လုပ်ကြံမှုကြီး ဖြစ်ပါတယ်။ သို့သော် ဒါကို ကောင်းကောင်းကြီးသဘောပေါက်နေကြောင်းကို နွေဦး၏ ထင်ရှားသူ ပန်ဆယ်လိုကိုယ်တိုင်က ထုတ်ဖော် ပြောကြား သတိပေးထားတာမို့ အချိန်မီ အုပ်မိတယ်လို့ ဆိုနိုင်ပါတယ်။ အုပ်မိတယ်ဆိုတာ အဲသည် စစ်မိစ္ဆာသင်္ကန်းခြုံ၏ ဇက်ပိုးကို ဖျောင်းကနဲ မြည်သွားအောင် အုပ်လိုက်နိုင်တာလို့ ဆိုချင်တာပါ။
ဟိုတုန်းကလိုပဲ မြန်မာတွေက ဘယ်ခေတ်အဆက်ဆက်မှာမှ မညံ့ခဲ့ကြပါဘူး။ သည်တခေါက်မှာလည်း စစ်အာဏာရှင်တွေ၏ သွေးထိုးလှုံဆော် သွေးခွဲ အမုန်းတရား ဖြန်ချိမှုကို လက်ခံကြမှာ မဟုတ်ဘူး။ အခု ဒို့ခေတ်ကျမှ ညံ့ကြမယ်သူတွေ တဦးမှ မပါပါဘူး။ ညံ့ချင်ကြတဲ့ အမျိုးယုတ်တွေ ဇာတ်နိမ့်တွေ ဂျင်းလိတွေကို မြန်မာပြည်သူတွေ နွေဦးစစ်သည် အာဇာနည်တွေက ဝိုင်းဝန်း ချေချွတ် ပညာပေးကြလိမ့်မယ်ဟု မျော်လင့်ပါကြောင်း စကားပါးအပ်ပါတယ်။
အရေးတော်ပုံ အောင်နေပါပြီ။
အရင် အရုဏ်ဦးမှာ ဖူးသည့်ကြာရုပ်ရှင်ထဲက ဝိုင်းစုခိုင်သိန်းနဲ့တကွ စစ်သရုပ်ဆောင်တွေကို ငြိမ်းချမ်းစွာ ဆန့်ကျင်တိုက်ခိုက်ခဲ့စဉ်က သတင်းမှတ်တမ်းများ
https://blog.moemaka.com/2010/10/performance-visa-imediately-revoked-for.html
https://blog.moemaka.com/2010/10/burmese-juntas-propagandas-actor-khant.html
https://blog.moemaka.com/2010/09/burmese-in-sf-bay-staged-protests.html
https://blog.moemaka.com/2010/09/burmese-juntas-propaganda-movie-caused.html
https://blog.moemaka.com/2010/09/bay-area-burmese-democracy-activists.html
https://blog.moemaka.com/2010/09/2nd-round-of-protest-call-made-for.html
https://blog.moemaka.com/2010/09/burmese-juntas-artists-face-protests-in.html
https://blog.moemaka.com/2010/09/burmese-community-in-japan-boycott.html
https://blog.moemaka.com/2010/09/la-burmese-community-protest-against.html
https://blog.moemaka.com/2010/09/las-vegas-and-sydney-say-no-to-burmese.html
https://blog.moemaka.com/2010/09/la-will-prostest-juntas-actress-while.html
https://blog.moemaka.com/2010/09/how-far-you-can-go-under-dictatorship.html
https://blog.moemaka.com/2010/09/burmese-democracy-organizors-in-la.html
https://blog.moemaka.com/2010/09/burmese-activists-community-staged.html
https://blog.moemaka.com/2010/09/wine-su-khaing-thein-and-group-will-be.html
https://blog.moemaka.com/2010/08/regimes-propaganda-movie-caused.html
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar