Breaking News

ငပိ - သူကြီးငနဲ


ငပိ - သူကြီးငနဲ

(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၂၃


ဟိုငနဲ၊ မအေရိုးလို့ သဘောရတဲ့ နာမည်အတိုကောက်နဲ့ငနဲ။ အဲ ငနဲက နာမည်နဲ့တင် ကိုယ်မေကိုယ်ဖေကို လူရှေ့သူရှေ့ မထွက်ရဲအောင် လုပ်ထားတဲ့ငနဲ။

အဲ ငနဲက ခေါသနီမတပွေနဲ့ ရရော။ ထောဘီယေ။ ခေါသနီမတွေက သိတဲ့အတိုင်း ဂျေသိပ်ပေါတာဆိုတော့ အဲ ငနဲ ဂျေထောပြီး လေပေါဖြစ်ရော။ အဲအချိန် အဲငနဲက ကင်းမှူး။ ရွာနာချင်ရင် အဲလိုပဲ။

အဲ ခေါသနီမကကွာ၊ ရုပ်သာ ပုတ်တာ၊ အဟုတ်ဗျာ ကွမ်းတောင်ကိုင်လုပ်ချင်ခဲ့တာ။ အရူးအဂေါက်အနှမ်းက ဦးဆောက်ပန်းဖြစ်ချင်တာမျိုး။ ရမလားကွာ။ အပျိုခေါင်းတောင် အကြောင်းမသင့်တဲ့ဥပဓိနဲ့။ ရွာနာချင်တော့ကွာ၊ သူက ကောက်စိုက်ဘောက်သူကြီးဖြစ်ပါရောလား။ ရွာက လယ်တွေ သူစိုက်ပေးနေလို့သာဆိုတဲ့ သွားတဖက် မျက်လုံးတဖက် မျက်နှာနဲ့ပေါ့။ ရွာဘုန်းကြီးလဲ သူတို့ကောက်စိုက်ဘောက်သူကြီးတွေကြောင့် ဆွမ်းရေးကွမ်းရေး ဝမ်းရေးတူးရေး သရီးရေးဖိုးရေး ဘွတ်ရေး ပွတ်ရေးအဆင်ပြေနေပါတယ်ပေါ့။ မဟုတ်ရင် ရွာ သာသနာကွယ်ပြီဆိုတဲ့ဂိုက်နဲ့။ မြင်ကြည့်ကွာ။ လောက်တယွယွ ငပိပုံ ယင်အုံနေသလိုမျိုး။ 

ဟိုငနဲနဲ့ခေါမ လောပွပြီးကြိတ်ခုတ်လာကြတာ တဖြည်းဖြည်းနဲ့ ငနဲက ရွာလုံခြုံရေးမှူး၊ ပြီးတော့ လုံခြုံရေးချုပ်။ ခေါသအုပ်မကလည်း မတန်မရာ ဝိသာခါအလုပ်နဲ့ ရွာဦးကျောင်းဝင်ချုပ်ထားနိုင်နေပြီ။ သူတို့အထက် သူကြီးဘဲ ကျန်တော့တယ်လေ။ 

ဘာရမလဲ၊ သာဝငနဲက သူကြီးကို သာသနဝေယျာဝစ္စပျက်ကွက်မှုနဲ့ ဖမ်းချုပ်လိုက်တယ်။ အဲသာကို ဘုန်းကြီးက ထောက်ခံတယ်။ ပြီးခဲ့တဲ့လပြည့်နေ့က ဥပုသ်ကျောင်းမလာဘူးတဲ့။ လကွယ်တုန်းကလဲ ဘုရားပန်လဲတာ မကြီးကြပ်ဘူးတဲ့။ ဒီပုံဆို မကြာဘူး၊ ရွာသာသနာကွယ်မှာတဲ့။ အဲနေ့က သူကြီးဟာ ရွာအတွက် စိုက်ပျိုးစရိတ်ထုတ်ဖို့ သွားရတာ။ အဲဒါ ငနဲက သူလုံခြုံရေးလုပ်ရမှာကို မလိုက်ဘဲ လက်ထောက်နဲ့လွှတ်ပြီး ဥပုသ်‌စောင့် လိုက်သွားတာရယ်။ ကျားဥပုသ်စောင့်တယ်ဆိုတာလေ။

ခုတော့ သူကြီးငနဲပေါ့။ ရွာဦးထိပ်မှာ ဘုရားတောင်တည်နေပြီ။ သိတယ်ဟုတ်၊ သူကြီးဘုရား ရွာသားကောင်းမှုဆိုတာ။ ရွာထဲက ပိုက်ဆံရှိတွေ ပိုက်ဆံမဲ့တွေ အကုန် နာတာပါဘဲကွာ။ ငွေအားမတတ်နိုင် လူအားဆိုတော့။ သူ့သားက ရွာထဲက ရမ်းကုတကောင်နဲ့ပေါင်းပြီး ဆေးရုံဆောက်မယ်ဆိုပြီး ခွဲတမ်းချသွားတာ ဘာကြာသေးတုံး။ သူ့သမီးကလဲ ရွာ့နုပညာ ကမ္ဘာ့သုခုမာဆိုလား၊ ဇာတ်ထောင်မှာတဲ့ကွ။ အဲဒါလဲ တရွာလုံး ထည့်ရတာဘဲ။ သူ့အမေဂေါက်သိုက်မရဲ့ ကောက်စိုက်သမတွေလဲ ဇာတ်ချောလိုက်ရမတဲ့။ သူ့မြေးဆော့ဖို့ ကြက်ပေါင်ကွင်းတောင် ခွဲတမ်းချနေဘီကွ။ ရွာနာချင်ရင် အဲလိုပါဘဲ၊ ကလေးကစ သူကြီးမအလတဲ့။ မအလသူကြီးတဲ့။ အမယ် သူတို့လင်မယားက စပ်ဖြီးဖြီးနဲ့ဗျ။ 

ရွာသာသနာလဲ နေလို ထွန်းတောက်မတောက်တော့ မသိဘူး။ ဘုန်းကြီးတော့ မီးလိုပူနေလေရဲ့။ မနေ့ကဘဲ သူ့ကျောင်းရွှေ့ဖို့ မောင်းခတ်နေတယ်။ အဲနေရာကို သူ့မြေးက ကစားကွင်းလုပ်ချင်တယ် ဆိုလိုတဲ့။ ခုတော့ ဘုန်းကြီးလည်း မအလချင်း မိုးမွန်နေပြီတဲ့။





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar