မိုးသစ်ဝေ - သမိုင်းသင်ခန်းစာ
သမိုင်းသင်ခန်းစာ
မိုးသစ်ဝေ
(မိုးမခ) မေ ၁၇၊ ၂၀၂၄
ရန်သူက တောင်ကုန်းထက်မှာ အခိုင်အမာနေရာယူပြီး
အပေါ်စီးက ဖိပစ်နေလို့
တောင်ကုန်းတွေကို မသိမ်းနိုင်ဘူးဆိုတာ
စစ်ပွဲသမိုင်းမှာ မရှိပါဘူး။
ဒုတိယကမ္ဘာစစ်ကြီးတုန်းက
ဂျာမန်လေတပ်ရဲ့ ဗုံးဒဏ်အောက်
ပြားပြားမှောက်ခဲ့ရတဲ့ လန်ဒန်မြို့ကြီးဟာ
သေဆုံးသွားခဲ့ဖူးပါသလား။
တောင်ကုန်းတွေကိုတက်သိမ်းခဲ့တဲ့
အညတရစစ်သားတွေရဲ့သတ္တိရယ် ...
ဗုံးဒဏ် သေနတ်ဒဏ် ကြံ့ကြံ့ခံခဲ့ကြတဲ့
လန်ဒန်မြို့သားတွေရဲ့စိတ်ဓာတ်ရယ်ဟာ
လေယာဥ်ပစ်အမြောက်တွေ
တင့်ကားဖျက်လက်နက်တွေထက်
စစ်အောင်နိုင်ရေးအတွက် ပိုထိရောက်ခဲ့ပါတယ်။
၁၇.၅.၂၀၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar