အခရာ - ဝေဒနာစာအိတ်
Art - KT#
ဝေဒနာစာအိတ်
အခရာ
(မိုးမခ) ဩဂုတ် ၁၁၊ ၂၀၂၅
သေလူတွေနဲ့ရက်ဖောက်ထားတဲ့အ-လံ တွန်လိမ်လွင့်ပျံနေတယ်။
အကန်းကြိုက်အရောင်တွေရဲ့ အခင်းကျင်းမှာ မီးစုန်းတောက်သံတွေ ကျယ်ပြောလာတယ်။
အသက်မပါတဲ့ပြေငြိမ်းရေးကိုပြပါဆိုရင် ကစားစရာ သေနတ်လေးတွေကို ထုတ်ပြပေးပါ။
စိတ်ဝိညာဥ်ထဲမှာ သွေးသားတွေတဝီဝီကွဲကျ။
အချိန်ဆိုတဲ့ဒုက္ခ လေ့ကျင့်သားထဲက ဘိန်းပန်းအစအနတွေ။
ကောင်းကင်မှာသိမ်းထားတဲ့ ကြယ်တွေရဲ့စာရင်းမှာ သမိုင်းမှန်ကို ရှာပေးပါ။
အပိုင်းပိုင်းစိတ်နေသော ဖိစီးမှုလွှသွားထဲ ပိတ်မိနေကြတယ်။
ဝေဒနာလောက်နီးနီး နှလုံးသားတွေ ရင်းနှီးနေကြတယ်။
ပန်းစိတ်ရှိတဲ့ပန်းကလေးတွေဆီ မြေဆီအဖြစ် လွတ်မြောက်ခွင့်ရချင်တယ်။
10.8.2025
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
