Breaking News

ကိုအောင်မှိုင်း - လူထုဟာ ကြီးမြတ်တယ်

ကိုအောင်မှိုင်း - လူထုဟာ ကြီးမြတ်တယ်

မိုးမခ ၊ ဒီဇင်ဘာ ၁၈ ၊ ၂၀၂၅


လမ်းတွေပေါ်မှာ

လူတွေမရှိကြတော့။

လမ်းတွေပေါ်မှာ

မမြင်ရတော့တဲ့

သွေးသံရဲရဲတွေ

မြင်နေကြရပြီ။

လမ်းတွေပေါ်မှာ

မမြင်ရတော့တဲ့

မျက်ရည်မိုးတွေ

မြင်နေကြရပြီ။

လမ်းတွေပေါ်မှာ

မမြင်ရတော့တဲ့

လူမဆန်မှုတွေ

မြင်နေကြရပြီ။

လမ်းတွေပေါ်မှာ

မမြင်ရတော့တဲ့


သိက္ခာမဲ့မှုတွေ

မြင်နေကြရပြီ။


လမ်းတွေပေါ်မှာ

မမြင်ရတော့တဲ့

ငိုညီးသံတွေ

ကြားနေကြရပြီ။

တိတ်ဆိတ်ခြင်းနဲ့

လူ့အခွင့်အရေးကို ထုဆစ်ကြ။

တိတ်ဆိတ်ခြင်းနဲ့

အမှောင်ထုကို ကျော်နင်းကြ။

တိတ်ဆိတ်ခြင်းနဲ့

နှောင်ကြိုးတွေ ရိုက်ချိုးကြ။

“အတိတ်ဆိတ်ဆုံးဟာ အကျယ်လောင်ဆုံးအသံ”

ကမ္ဘာကို ကိုင်လှုပ်မဲ့ တေးသံ ဖြစ်စေရမယ်။


ကိုအောင်မှိုင်း

ဒီဇင်ဘာလ ၁၀ ရက် ၂၀၂၅ ခုနှစ်

( လူ့အခွင့်အရေးနေ့ လူထုတိုက်ပွဲနေ့ )



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar