Breaking News

နေချိုသွေး - မိုးကုတ်

နေချိုသွေး - မိုးကုတ်

မိုးမခ ၊ ဒီဇင်ဘာ ၅ ၊ ၂၀၂၅


နားလှည့် ပါးရိုက်ခံလိုက်ရတာထက်

နာတယ်...။

နာကျင်မှုနဲ့အတူ

နာကြည်းမှုတွေက

ရင်ဝ ဆို့တက်လာတဲ့...“မိုကုတ်”။

စေ့စပ်ညှိနှိုင်းရေးအကြောင်းပြပြီး

ကိုယ်ကျိုးစီးပွားတွေနဲ့

တိုင်းပြည်နဲ့ လူထုအပေါ်  လူလည်လုပ်ခံလိုက်ရတဲ့“မိုးကုတ်”။

မိုးကုတ်ဟာ...

ကြီးကောင်ဝင်စဒီမိုကရေစီနဲ့

မိုးကုတ်ဟာ...

ကျည်တချက်မဖေါက်ပဲ ဖြုတ်ထုတ်သတ်ခံလိုက်ရတယ်။

ပြည်သူကို ကိုက်တဲ့ ခွေးတွေပါတဲ့စစ်ကား‌တွေ ဖြတ်မောင်းသွားတာ

လမ်းမပေါ် မဟုတ်ဘူး

ဘဝတွေပေါ် ဖြတ်မောင်းသွားတာ...။

စစ်ခွေးကားတွေ...

မြို့အဝင်လမ်းပေါ် ဖြတ်ကြိတ်သွားသလို

‌မျှော်လင့်ချက်တွေပေါ် ဖြတ်ကြိတ်ခံလိုက်ရတဲ့ “မိုးကုတ်”။

နိုင်ငံတော်ဟာ သတိကြီးကြီးထား နေရတော့မယ်

မိုးကုတ်ဟာ..

ဂန္ဓာလရာဇ်ပြည်ရဲ့  made in China...

တိုင်းပြည်ကို ရောင်းစားနေတဲ့ စစ်အာဏာရှင်ကို

ဘုံရန်သူအဖြစ် မြင်ထားဖို့လိုတယ်။

မိုးကုတ်ဟာ...

ကြွေးကြော်သံနဲ့ လေလည်သံ‌ မသဲကွဲတဲ့

အချောင်နေအချောင်စား နိုင်ငံရေးသမား

တဘို့ထဲကြည့်တဲ့ နွားလိုကောင်စားတွေနဲ့

ကိုယ့်လူ သူဘက်သားတွေကို ဘောင်ချာဆုတ်ဖြဲပစ်ရမယ်။

မိုးကုတ်ဟာ...

ခေါင်းကိုမော့ ရင်ကော့လို့

ပတ္တမြားမှန်ရင် နွံမှာမနစ်ဘူးဆိုတဲ့

မိုးကုတ်...

...

မိုးကုတ်ရေ...

မိုးကုပ်စက်ဝိုင်းအထိ ရဲရဲနီ‌တဲ့သွေးနဲ့

လိပ်ပြာလုံအောင် နေနည်း သေနည်းနဲ့

တော်လှန်ရေးကြီးနဲ့ ချီတက်လာပြီ။


                    


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar