မောင်လူမွှေး - စီဒီအမ် ဂျန်းတဲလ်မန်း
မောင်လူမွှေး - စီဒီအမ် ဂျန်းတဲလ်မန်း
(မိုးမခ) မတ် ၃၊ ၂၀၂၆
ပြီးခဲ့တဲ့ ရက်ပိုင်းက မောင်လူမွှေးရဲ့ အစ်ကိုသူငယ်ချင်း မိသားစုနဲ့ပတ်သက်ပြီး ဝမ်းမြောက်ဖွယ်သတင်းကို Social Media ပေါ်မှာ တွေ့လိုက်ရတယ်။ သူဟာ မောင်လူမွှေးနဲ့သူငယ်ချင်းပေါင်းပေါင်းခဲ့ပေမယ့် မောင်လူမွှေးထက် အသက်၊ ပညာ၊ ဂုဏ် သုံးခုလုံးကြီးသူမို့ အစ်ကိုသူငယ် ချင်းလို့ ဆိုရမှာဖြစ်တယ်။ သူဟာ အင်ဂျင်နေရာဘွဲ့ရတစ်ယောက်။ သင်္ချာဘွဲ့ရတစ်ယောက်။ ဦးစီးအရာရှိတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် နာမည်ရ ကျူရှင်ဆရာတစ်ယောက်လည်း ဖြစ်ခဲ့သေးတယ်။
သူ့ကို မောင်လူမွှေး ဆရာပေါက်စဘဝမှာ စတင်ခင်မင်ခဲ့ရတယ်။ မောင်လူမွှေးနှင့်သူ စတင်တွေ့တဲ့အချိန်ကတည်းကစ သူဟာ ဦးစီးမှူးတစ်ယောက်ဖြစ်နေသလို သင်္ချာသင်တဲ့ နာမည်ရ ဆရာတစ်ယောက်လည်းဖြစ်နေပြီ ဖြစ်တယ်။ ပြီးတော့ အိမ်ထောင်မကျသေးတဲ့ လူပျိုကြီးဘဝပဲရှိသေးတယ်။ မောင်လူမွှေး သူ့ကို လေးစားတာက သူ့ရဲ့ လူကြီးလူကောင်းဆန်မှုဖြစ်တယ်။ သူဟာ အနေအထိုင်ရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ Gentleman လို့ ခေါ်ဆိုဖို့ ထိုက်တန်သူဖြစ်တယ်။
သူ့အမေ အပါအဝင် သူ့မောင်နှမတွေရဲ့ မိသားစု စားဝတ်နေရေးကို ဦးဆောင်ထိန်းကြောင်းပေးသူဖြစ်သလို ကျောင်းသူ၊ကျောင်းသားတွေကို ပညာဒါနသင်ပေးတဲ့ ပရဟိတ ဆရာတစ်ယောက်လည်းဖြစ်တယ်။ မောင်လူမွှေးတို့လို သူ့ထက်ငယ်တဲ့သူတွေကို နားလည်ပေးသူ၊ လမ်းညွန်ပေးသူ၊ စံနမူယူစရာအဖြစ် နေထိုင်ကျင့်ကြံသူ ဖြစ်ခဲ့တယ်။ သူ့ရဲ ပညာ၊ ရာထူး၊ ဂုက်သိက္ခာ၊ ဘော်ဒါကျူရှင်တွေကရတဲ့ ဝင်ငွေ တွေဟာ သူ့ကို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်စေခဲ့ပေမယ့် မောင်လူမွေးတို့ရဲ့ ဂျန်းတဲလ်မန်းကတော့ မတုန်မလှုပ် ကျောက်ရုပ်ပဲ။ နောက်ဆုံးတော့ သူဟာ ကရင်အမျိုးသမီးလေးတစ်ဦးထံမှာ သိက္ခာချပြီး အိမ်ထောင်သည်ဘဝကို စတင်ခဲ့ပါတယ်။ သမီးလေးတစ်ယောက် ထွန်းကားခဲ့တယ်။
စစ်တပ်က အာဏာသိမ်းတော့ သူဟာ ဦးစီးအရာရှိဘဝနှင့် CDM ဝင်ခဲ့တယ်။ CDM ဝင်ရုံတင်မက တော်လှန်ရေးမှာပါ ကိုယ်ကိုယ်တိုင်ပါဝင်လို့ အာဏာသိမ်းစစ်တပ်က သူ့နောက်ကိုလိုက်တယ်။ မူလတန်းအရွယ် သမီးလေးနှင့်အတူ သတို့မိသားစု အာဏာသိမ်းတဲ့နှစ်မှာပဲ ထိုင်းနိုင်ငံထိ ထွက်ပြေးရတယ်။ ထိုင်းနိုင်ငံမှာ အခက်အခဲမျိုးစုံကို ရုန်းကန်ရတယ်။
အခုတော့ သူဟာ ထိုင်းနိုင်ငံက သင်္ဘောအချို့မှာ အချိန်ပိုင်း အလုပ်ဆင်းရတယ်လို့ သိရတယ်။ အချိန်ပိုင်း အလုပ်ဆင်းရတယ်ဆိုတာက ပုံမှန်မဟုတ်ဘူး။ သူတို့ခေါ်တဲ့အခါမှ သွားလုပ်ရတယ်လို့ ဦးစီးအရာရှိဟောင်း ကတော် သူ့မိန်းမပြောလို့ သိရတယ်။ အရင်တုန်းက ဦးစီးမှူးကတော်အဖြစ် ခန့်ခန့်ထည်ထည်နေခဲ့သူ ဇနီးဟာ အခုတော့ ထိုင်းနိုင်ငံ သူများဆိုင်မှာ အလုပ်သမားအဖြစ် ဝင်လုပ်နေတယ်။
သူတို့နှစ်ဦးရဲ့ တစ်ဦးတည်းသော သမီးကလေးဟာ ထိုင်းနိုင်ငံက ကျောင်းတစ်ကျောင်းမှာ မူလတန်းအဆင့် ထိုင်းစာ လက်ရေးလှပြိုင်ပွဲ ဒုတိယ ဆု၊ အင်္ဂလိပ်စကားပြော ပထဆု ရသတဲ့။ သူတို့ ဇနှီးမောင်နှံ နှစ်ဦးနှင့်ထပ်တူ မောင်လူမွှေး ဝမ်းမြောက်ရပါတယ်။ ဂျန်းတဲမန်းကြီးက သူကိုယ်တိုင် ပညာတော်သလို သူ့သမီးလေးကိုလည်း ပညာတော်စေချင်မှာ သေချာတယ်။ " သူလို လူမျိုး၊ သူလိုဦးနှောက်မျိုးက ရှားတယ်" လို့ သူနဲ့ငယ်သူငယ်ချင်း UN မှာ အလုပ်လုပ်နေသူတစ်ယောက်က မောင်လူမွှေးကို မှတ်ချက်ပေးဖူးတယ်။
အခုတော့ မောင်လူမွှေးတို့ရဲ့ ဂျန်းတဲလ်မန်းကြီးဟာ ထိုင်းနိုင်ငံမှာ ခေါ်မှအလုပ်သွားရတဲ့ အချိန်ပိုင်းအလုပ်သမားဖြစ်နေတယ်။ မြန်မာလိုဆိုရင် လက်လုပ်လက်စား တစ်ယောက်ပေါ့။ ဒါပေမယ့် သူ့ရဲ့ ဂျန်းတဲလ်မန်းဆန်တဲ့ အမူအကျင့်တွေကတော့ ရှိနေမြဲ ဖြစ်တယ်။ သူ့ဒုက္ခနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ အကူအညီတောင်းတာမျိုး သိပ်မရှိခဲ့ဘူး။ လင်မယား နှစ်ယောက်လုံး ကြိုးစားရုန်းကန်ကြတယ်။ သမီးလေးရဲ့ ပညာရေးကို ဂရုစိုက်ကြတယ်။ ကိုယ်ရော၊ စိတ်ရော၊ ယုံကြည်ချက်ရော ဂျန်းတဲလ်မန်းဆန်လှတဲ့ မောင်လူမွှေးနောင်တော် စီဒီအမ် ဂျန်းတဲလ်မန်းကြီး မိသားစုနှင့်အတူ ကျန်းမာပျော်ရွှင်စွာ ရုန်းကန်လှုပ်ရှားနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ခင်မျာ...။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar