Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - SCEF ကို မျှော်ရည်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - SCEF ကို မျှော်ရည်

မိုးမခ ၊ ဧပြီ ၁၉ ၊ ၂၀၂၆


AA ဒုချုပ်က စစ်အုပ်စုကို တော်လှန်ဖို့ဆိုတာ နှစ်တစ်ရာမှ တစ်ခါသာရတဲ့ အခွင့်အရေးလို့ ပြောပြီးနောက် တင်နီလာအေးက မအေလိုးကို ဦးတပ်ခေါ်ပြီး စစ်အုပ်စုကို ညိုမြလုပ်တော့ ဆက်ရေးမယ့်ဟာမှာ အဲဒီမအေလိုးနာမည်ပါလာရင် TNLA မူအတိုင်း ဦးမအေလိုးလို့ သုံးမယ်နော်။

အင်း... တင်နီလာအေးလည်း သင်္ကြန်ကာလဆိုတော့ ညိုမြလုပ်ချင်စိတ် ပေါက်လာတာနေမှာပေါ့။ အမောက်ကလေး တစ်သသနဲ့ "ဦးရယ် ဦးရယ် ဟင့် ဟင့်" ဆိုတဲ့ အသံလေးပါ ကြားယောင်မိ။ ဟိုင်ဂင်ဟာ ဖိုင်ကင်ဖို့ သဘောတူညီချက်လို့ ဘယ်ထင်ရက်ပါ့မလဲ။

နုဂျီရေ... ခွဲထွက်ကြတဲ့ကြားမှာ ဖဲ့ထုတ်တာတွေ လျှော့နော်။ ငါ့အောက်မဝင် ရန်သူထင်ပြီး ခြိမ်းခြောက်နှိပ်ကွပ်တာတွေ ရပ်ဦး။ အသေးလေးတွေ သုံးလေးခု ပဲ့သွားတာလည်း အကြီးကြီး တစ်ခုစာပါပဲ။ ဒီနှစ်သစ်ဟာ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်လက်နက်ကိုယ်ဆင်ပြီး ငါးနှစ်လုံး တော်လှန်ခံတိုက်နေသူတွေကို ချေမှုန်းတာ ရပ်ချိန်ပေါ့။ အရေအတွက်မမှန်တဲ့ ရဲဘော်စာရင်းတွေနဲ့၊ တကယ်မတိုက်တဲ့သူတွေနဲ့ လည်ပင်းဖက်ပြီး တော်လှန်ရေးလှေပေါက်ကို လှော်နေသလို ဖြစ်နေပြီလေ။

အဖွဲ့ကြီးတွေက ဗိုလ်ကြီးတွေကိုသာ လက်ဆွဲနှုတ်ဆက်၊ လည်ပင်းဖက်၊ ခွက်ချင်းတေ့ဖို့ ကြိုးစားနေချိန် အိုးရောင်းအိမ်ရောင်း တပ်ထောင်၊ တိုက်ပွဲဝင်နေကြတဲ့ တပ်ဗိုလ်လေးတွေကို တစ်ခါမှတောင် မတွေ့ဖူးကြ။ စာရင်းထဲ မထည့်ကြ။ ချေမှုန်းဖို့တောင် ပြင်ဆင်ကြ။ စစ်အုပ်စုကို ချေမှုန်းဖို့ထက်တောင် စိတ်အားထက်သန်ကြ၊ ပိုအင်အားသုံးကြ။ အကွက်ကျကျ လော်ဘီတစ်သိုက်နဲ့ပါ မလိုမုန်းထားကြလွန်းတော့ အချင်းချင်း မပစ်ချင်လို့ တော်လှန်ရေးကနေ မသိမသာ ဆုတ်ထွက်သွားကြသူတွေ အရေအတွက် မနည်းတော့။ မြေပြင်ညံ့ဖျင်း စုတ်ပဲ့ခေါင်းဆောင်တွေအောက်မှာ မနေချင်လို့ ဘေးရောက်သွားကြသူတွေလည်း မနည်းတော့။ တကယ်တိုက်နေသူတွေကိုလည်း မထောက်ပို့နိုင်။ မတိုက်သူတွေက ပုလင်းတစ်ကိုင်ကိုင်၊ ခွေတစ်ကိုင်ကိုင်ကနေ ရီးတစ်ကိုင်ကိုင်၊ သေနတ်တစ်ကိုင်ကိုင်နဲ့ ရပ်ရွာအပေါ် ပြန်ရမ်းကားသောင်းကျန်းနေကြဆိုတော့ ဘေးထွက်ဆိုးကျိုးက များလွန်းပြီ။ ရည်ရွယ်ပန်းတိုင်ကို လှမ်းကိုင်ဖို့ တချို့ မယုံမရဲ ဖြစ်လာကြပြီ။

အဲဒီအခြေအနေမှာ ဦးမအေလိုးက သမ္မတကြီး ဦးဝင်းမြင့်ကို လွှတ်ပေးတယ်။ မဖမ်းရမယ့်သူကို ဖမ်းခဲ့တာဆိုတော့ လွှတ်ပေးတာမှာ အကျိုးအမြတ်ရှိလို့ပေါ့။ ဆိုပါစို့ သူသာလျှင် သမ္မတဖြစ်ကြောင်းပေါ့။ အရင်ဖမ်းဆီးခံ သမ္မတကို အခုသမ္မတက လွှတ်လိုက်တယ်ပေါ့။ တရားဝင် အစိုးရအဖွဲ့ကြီးပါပေါ့။ နိုင်ငံတကာကို ကြေညာလိုက်တယ်။ လက်ကမ်းလိုက်တယ်။ ပြီးတော့ ဦးဝင်းမြင့်ကို NUG ရဲ့ သမ္မတဟုတ်သလားလို့ မေးခွန်းထုတ်တော့မယ်။ ဟုတ်တယ်ဆိုက ချုပ်မည်ပင်။ မဟုတ်ဘူးဆိုက ရှုပ်မည်ပင်။ အင်း... ဟုတ်ရင်တော့ ချုပ်ရုံမက၊ ဘယ်ထိရောက်သွားနိုင်တဲ့ အမှုဆိုတာ သိတယ်မဟုတ်လား။ မဟုတ်ဘူးဆိုက တော်လှန်ရေးအပေါ် မျက်နှာပြင် အက်ကြောင်းစထင်ပြီ။ မြို့ပေါ် NLD လှုပ်ရှားမှုက ဆန့်ကျင်ဘက်ပုံစံမျိုးနဲ့ အသက်ဝင်လာနိုင်။ ဒေါ်စုလို နိုင်ငံရေးကစားကွက် ဖော်နိုင်တဲ့ လှုပ်ရှားမှုမျိုးမဟုတ်တဲ့ ရပ်တည်မှု ရှုပ်ထွေးစေတဲ့ နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပေါ်လာတာမျိုး လာမယ်လေ။

SCEF ပေါ်လာတာ ချိန်ခါသင့်ပွင့်တဲ့ ပန်းပဲ။ စစ်ရေးအရှိန်မြှင့်တင်ဖို့အတွက် SRA ကိုရော တူတူတန်တန် သဘောထားမှုရှိရင်ပေါ့လေ။ အဲဒါက အခြားအဖွဲ့လေးတွေရဲ့ ယုံကြည်လေးစားခံရမှုအတွက် အရေးကြီးသလို၊ အပြန်အလှန် အသိအမှတ်ပြုမှုကို တန်ဖိုးထားရာလည်း ရောက်မယ်။ စွန့်စားပေးဆပ်ရတာဟာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားကြရမယ်။ ကိုယ့်အလုပ်အပေါ် ဒွိဟဖြစ်စေမှု လျှော့ချနိုင်မယ်။ ရှိနေတဲ့ သဘောထားတွေကြောင့် ပေးဆပ်ဖို့ စိတ်အားထက်သန်မှု လျော့ကျနေတာ အမှန်ပဲလေ။ ကိုယ်နဲ့ထပ်တူ သူ့စရိတ်နဲ့သူ တော်လှန်နေတဲ့သူတွေ၊ အဖွဲ့တွေအပေါ် သဘောထားဟာ ရှိနှင့်ပြီးသား အဖွဲ့ကြီးတွေအတွက် လက်ဆွဲနှုတ်ဆက်ဖို့ လက်တွန့်စေမှာပါပဲ။ သူတို့လေးတွေအပေါ်ထားတဲ့ ဥပေက္ခာဟာ ဦးဆောင်အဖွဲ့ကြီးရဲ့ ပုံရိပ်ကြီးဖြစ်နေတော့ အဖွဲ့ကြီးတွေက ယုံယုံရဲရဲ ချိတ်ဆက်ဖို့ တွန့်ဆုတ်နေကြမှာပါပဲ။

တောင့်ခံဖို့ ပြောတယ်။ ထောက်ပံ့ဖို့ရော။ ထောက်ပို့မရှိဘဲ တောင့်ခံနိုင်မလား။ အသိအမှတ်ပြုမှုရော လှိုက်လှိုက်လှဲလှဲ ရှိပြီလား။ သူများသားသမီးတွေ တော်လှန်ရေးလုပ်နေတာကို ဘာလို့ ဒုက္ခပေးချင်ရတာလဲ။ ခုဆို မကွေးယူနစ်အစိုးရဆီ မကွေးတိုင်းထဲက လိုကယ်တွေ အတူပေါင်းစည်းကြမယ်ဆိုတော့ ဝမ်းသာစရာ။ ယူနစ်အစိုးရတွေက လိုကယ်တွေကို စုစည်းနိုင်တယ်။ စုစည်းရမယ်၊ ထောက်ပံ့ရမယ်။ အဲဒါကို SCEF က လေးစားတန်ဖိုးထားပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မယ်ဆို AA ဗိုလ်ချုပ်မှန်းတဲ့ ၂၀၂၇ အကုန်မှာ ဆုံကြရုံသာ။


Join Us @ MoeMaKa Telegram

t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar