လေခဏီ - သင်တိုင်းခြုံကျား
လေခဏီ - သင်တိုင်းခြုံကျား
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၂၆
ဝီရိယအကောင်းဆုံး လုပ်ငန်းရှင်တွေကတော့ DKBA တွေပဲ။ စက်ရုံတည်ဖို့ မြေတွေ လိုက်လံဝယ်ယူနေသတဲ့။ အရင်က ကမ္ဘာမှာ မရှိဖူးသေးတဲ့ စက်ရုံမျိုး။ အလွန်တရာ နည်းပညာတိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေတောင် တိုးတက်သော ကရင်ဗုဒ္ဓဘာသာတွေကို ဘယ်မှီမလဲ။ သူတို့ အကြီးအကျယ်လုပ်နေတာက ကျားထုတ်လုပ်ရေးစက်ရုံတွေ။ မွေးမြူတာ မဟုတ်ဘူးနော်၊ တန်းထုတ်တာ။ နည်းပညာအလွန်တိုးတက်တဲ့ နိုင်ငံတွေဆို နို့စားနွားမလေး မွေးနိုင်တာနဲ့တင် ကမ္ဘာကြီးကို ဘယ်လိုကယ်တင်နေပါတယ် ပြောနေကြတာ။ အင်း၊ ဒင်းတို့ ကျားများထုတ်နိုင်ရင်တော့ ခက်မယ်။
ထိုင်းအထူးစုံစမ်းစစ်ဆေးရေးက ဖမ်းဝရမ်းအမိန့်အမှတ် ၄၂၅၇/၂၅၆၅ ကြီးနဲ့တောင် ဖမ်းမိန့်ထုတ်ခံထားရတဲ့ ဗိုလ်မုတ်သုန်က KNU တပ်မဟာ ၁ နဲ့ ၅ အစပ်မှာရှိတဲ့ မီးဇိုင်းတောင်ခြေမှာ တပ်အင်အား ၃၀၀ နဲ့ တပ်လာစွဲတယ်။ KNU တပ်မဟာ ၂ ခုစလုံးက မကြိုက်လို့ ထွက်ခွာဖို့ ဖိအားပေးလို့ ထွက်သွားရတယ်။ လူထုလည်း မကြိုက်ကြဘူးလေ။ တော်လှန်ရေးဘက်က သွားရောက်တိုက်ခိုက်တာမျိုး ရှိလာတယ်။ လာရောက်အခြေချတဲ့နေရာကနေ မထွက်သွားရင် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုမျိုး လုပ်လာမယ့်အပေါ် ပဋိပက္ခတွေ မဖြစ်လိုတာကြောင့် ထွက်ခွာသွားတယ်တဲ့။
လာဘ်မြင်တတ်တာရော၊ ဝီရိယထက်သန်တာရောပေါ့။ ထွက်ခွာသွားတဲ့ BGF ဗိုလ်မုတ်သုန် အခြေချခဲ့တဲ့ မီးဇိုင်းတောင်ခြေမှာ DKBA တပ်ဖွဲ့တွေ ချက်ချင်းလာဝင်ထိုင်တယ်။ ပြီးတော့ စက်ရုံတည်ဆောက်ဖို့ မြေလိုက်ဝယ်တော့တာပဲတဲ့။ ရော်ဘာခြံ၊ ဥယျာဉ်ခြံမြေတွေပါ ဝယ်ဖို့ လိုက်လံမေးမြန်းနေသတဲ့ဗျ။
တိုးတက်တဲ့ ဗုဒ္ဓဘာသာကရင်ကို လာဘ်မြင်တွေလို့မှ မပြောရဘူး၊ သဘောထားလည်း အလွန်ကြီးကြတယ်။ တယောက်အခက်အခဲကို တယောက်ကူညီကြတယ်။ ဟော၊ ဗိုလ်မုတ်သုန် ထိန်းချုပ်တဲ့ မြဝတီ၊ ကြံခင်းလမ်း၊ BGF အမှတ် (၁) ဂိတ်ဝင်းထဲက ဟိန်းစိန် ၄ ကျားစက်ရုံနဲ့ ပတ်သက်တဲ့ သတင်းတွေ မီဒီယာမှာ ပေါက်သွားလို့တဲ့။ ဟိန်းစိန် ၄ ကျားစက်ရုံက လူ ၄၀၀ ကျော်နဲ့ တရုတ်တွေကို DKBA ထိန်းချုပ်တဲ့ ကျောက်ခက်နယ်မြေကို ရွှေ့ဖို့ ချက်ချင်းစီစဉ်ပေးတယ်။ အဲလို အပြန်အလှန် ကူညီကြတာ။
တိုးတက်ဆို တာဝန်ယူမှု၊ တာဝန်ခံမှုလည်း ရှိကြတာကိုး။ ကြည့်လေ၊ ကျားစက်ရုံ တရုတ်သူဌေးတွေနဲ့ ခေါင်းဆောင်ပိုင်းတွေဆို မီဒီယာမှာ ပေါက်သွားပေတဲ့ စိတ်မပူရဘူးပေါ့။ သူတို့ကို အဲဒီ အမှတ် (၁) ဂိတ်ဝင်းထဲက SUN City ကာစီနိုဘေးကပ်ရက်က အထပ်မြင့် KTV အပေါ်ထပ်မှာ ခေါ်ထားပြီး ဗိုလ်မုတ်သုန်သားကိုယ်တိုင် လုံခြုံရေးအစောင့်အရှောက်နဲ့ ဖွက်ပေးထားသတဲ့။ မအလလို ကိုယ့်ပါတနာတွေကို တရုတ်လက်ဝကွက်အပ်ပြီး သေဒဏ်ပေးခိုင်းတာမျိုး မလုပ်ဘူးလေ။
တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရုံတင်မကဘူး၊ ချက်ချင်းတုံ့ပြန်ဖြေရှင်းတတ်၊ ဒေးဗစ်ကိုပါဖီး လုပ်တတ်လို့လည်း တိုးတက်ကြတာ။ ခု ဗိုလ်မုတ်သုန် ထိန်းချုပ်တဲ့ ဟိန်းစိန် ၄ ကျားစက်ရုံကို တခြားထွက်သွားသယောင် သတင်းလည်းလွှင့်၊ လုံခြုံရေး အပြည့်ထပ်ချပြီး လျှို့ဝှက် ပြန်လည်ပတ်နေသတဲ့။ အဲဒီနေရာမှာ ဘယ်ကျားစောင့်ခွေးတပ် အုပ်ချုပ်နေတယ်ဆိုတာ သိတယ်မဟုတ်လား။ တရုတ်သူဌေးပေါက်စတွေနဲ့ အုပ်ချုပ်သူတွေကိုတော့ DKBA ထိန်းချုပ်ရာ ကျောက်ခက်ဒေသဘက်နဲ့ ဗိုလ်စောချစ်သူ ထိန်းချုပ်ရာ ကနိုထဘက် ပြောင်းထားတယ်တဲ့။
အရင် ဗိုလ်သိန်းစိန်ပြောတဲ့ သေနတ်ကိုင်မယ့်အစား ကွန်ပျူတာကိုင်အောင် လုပ်ပေးမယ်ဆိုတဲ့ တပ်မတော်ကြီးရဲ့ မဟာ့မဟာ ပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးစီမံချက်ကြီးပေါ့လေ။
သတင်းလုံခြုံဖို့အတွက် အမှတ် (၁) ဂိတ်ဝင်းအတွင်း ကျန်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေကို အခန်းပြင် ထွက်ခွင့်မပြုတော့ဘဲ တင်းတင်းကျပ်ကျပ် ပိတ်လှောင်ထားသတဲ့။ အပြင်က မမြင်ရအောင် ညဆို တရုံလုံး လိုက်ကာအမည်းရောင်တွေချပြီး ကျားထုတ်လုပ်ရေး လုပ်ခိုင်းသတဲ့။ စက်ရုံပိုင်ရှင် တရုတ်သူဌေးကြီးကတော့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ဘန်ကောက်ကို အပြီးလစ်သွားပတဲ့။
ဟိန်းစိန် ၄ စက်ရုံက ကျားဖြန့်ခေါင်းဆောင် တရုတ်သူဌေးတွေကတော့ ညလူခြေတိတ်ချိန်တွေမှာ Sun City ကာစီနိုဘေးက အထပ်မြင့် KTV ကို သွားပြီး ဘတ်သိန်းချီ သုံးဖြုန်းကြဲချ၊ အပျော်မယ်လေးတွေကို ဝေစုခွဲပေးကြသတဲ့ကွယ်။ အဲဒီ KTV ကလည်း ဂေါ်လီလို့ခေါ်တဲ့ တရုတ်ကျားသူဌေးတယောက် ပိုင်တာပဲတဲ့။ ဂေါ်လီဆိုတော့ စော်ကြည်မှာပေါ့။ သူတွဲဖူးတဲ့ ကောင်မလေးတယောက်က ပေးထားတဲ့ နာမည်ဖြစ်မှာပါပဲ။
“ကျနော်တို့ မြန်မာနိုင်ငံမှာ ကျနော်တို့ လူငယ်တွေဟာ ဒီနိုင်ငံသား ဖြစ်ပါလျက်နဲ့ လွတ်လပ်စွာတောင် သွားလာခွင့် မရပါဘူး။ ပေါ်တာဆွဲမှာ ကြောက်ရ၊ မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးခံရနဲ့ နေနေရတယ်။ ကျားဖြန့်တရုတ်တွေကျတော့ ရာဇဝတ်သားတွေဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အကာအကွယ်နဲ့ ထင်တိုင်းကြဲခွင့် ရနေကြတယ်။
အဖွဲ့အစည်းတွေရဲ့ နာမည်တွေကိုလည်း ကြည့်ပါဦး။ ကရင်နယ်ခြားစောင့်တပ်၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ PC ဆိုပြီး နာမည်နဲ့ လုပ်ရပ်က တခြားစီ ဖြစ်နေပါတယ်ဗျာ။ ပြည်သူကို ကာကွယ်မယ့်အစား သူတို့က တရုတ်ကျားဖြန့်သူဌေးကြီးတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးနေတဲ့ ကျားဖြန့်စောင့်တပ် ဖြစ်နေကြတယ်” လို့ ဒေသခံတယောက်က ပြောသတဲ့။
သူတို့ တိုးတက်တဲ့အကြောင်းတခုက အလှူအတန်း ရက်ရောတာ။ ပေးကမ်းခြင်းဖြင့် အောင်စေရာ၏ လောကနီတိရှိတယ် မဟုတ်လား။ DKBA၊ BGF ဗိုလ်ချုပ်တွေက အလှူချင်းပြိုင် ဘယ်သူနိုင်ပွဲ လုပ်နေသလားတောင် ထင်ရတယ်။ တဗိုလ်တမျိုး မရိုးရအောင် လှူကြတာနော်။
ခုလည်း DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောရွှေဝက မွေးနေ့အကြို ဆန်၊ ဆီနဲ့ ငွေ လှူဒါန်းပွဲတဲ့။ အကြိုရှိသေးတာနော်။ အကျ၊ အကြတ်တို့ မလာသေးဘူး။ အကြိုတောင် အဖွဲ့ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်မှာ စစ်ဘေးရှောင်နဲ့ ဒေသခံလူထုကို ဆန်အိတ် ၁,၀၀၀၊ စားသုံးဆီ ဖာ ၁,၀၀၀ အပြင် သက်ကြီးရွယ်အို ၅၀ ကို တဦး ဘတ် ၁,၀၀၀ စီ ပေးသေးတာရယ်။
ဗိုလ်ချုပ်ကြီးစောရွှေဝဟာ ၂၀၂၅ ခုနှစ်ကုန်မှာ DKBA စစ်ဦးစီးချုပ် ဖြစ်တာ။ ဗုံးကြဲတပ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း အဖွဲ့ခေါင်းဆောင် လုပ်နေတာ။
ဗိုလ်ချုပ်ကြီးစောရွှေဝရဲ့ DKBA အဖွဲ့က ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးဟာ သူတို့ထိန်းချုပ်ရာ ဒေသအတွင်း ကျားထုတ်လုပ်ရေးလုပ်ငန်းများကို အကာအကွယ်ပေးပြီး လူကုန်ကူးမှုနဲ့ အတင်းအကျပ် ခိုင်းစေ၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်မှုနဲ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုစာရင်းထဲ သွင်းခံထားရလို့ သူလှူတာကိုတောင် ကမ္ဘာသူကမ္ဘာသားများ ကောင်းမှုဆိုပြီး ပြောနေကြသတဲ့။ ဥရောပသားတွေများ ပိုပါသလား မသိဘူး။
သူတို့ တိုးတက်တဲ့အကြောင်းထဲမှာ လက်ယဉ်တာလည်း ပါမယ်။ ဗိုလ်မှူးကြီးစောချစ်သူရဲ့ ရွှေကုက္ကိုလ်၊ ဝမ်ခရွာသစ်က ကျားစက်ရုံတွေမှာ တရုတ်နိုင်ငံသားတွေကို ရိုက်နှက်ညှဉ်းပန်းသတ်ဖြတ်တာတွေ ဖြစ်နေပြီး တနေ့ကမှ မြန်မာအမျိုးသမီး ၁ ဦးလည်း သတ်ဖြတ်ခံထားရသတဲ့။
ရွှေကုက္ကိုလ်က Yulong Bay (ရိလုံဝမ်) တရုတ်ကျားစက်ရုံမှာ စောချစ်သူယောက်ဖ ဗိုလ်မောင်ဝင်း ဦးစီးတဲ့ KNA တပ်သားက သန့်ရှင်းရေးလုပ်ကိုင်နေတဲ့ အမျိုးသမီးကို ဓားနဲ့ ၁၀ ချက်ကျော် ထိုးသတ်သတဲ့။
အဲဒီစက်ရုံမှာ နိုင်ငံခြားသား ၆,၀၀၀ လောက် ပိတ်လှောင်ထားပြီး ငွေလိမ်ခိုင်းနေတာနော်။ ဘယ်လောက် ရက်စက်လက်ယဉ်နိုင်မှ ရမယ်ဆိုတာ တွက်ကြည့်။ အဲဒီထဲမှာ တရုတ်တွေအများကြီး ပါသတဲ့။
အဲဒီ Yulong Bay ကျားဖြန့်လုပ်ငန်းရှင်သူဌေးက ဘန်ကောက်ကနေ လုပ်ငန်းတွေကို စီစဉ်ညွှန်ကြားတယ်။ နိုင်ငံခြားသား ခြောက်ထောင်ကျော် ပိတ်လှောင်ထားပြီး ငွေလိမ်ခိုင်းဖို့ဆိုတာ တော်ရုံရိုက်နှက်ညှဉ်းပန်းသတ်ဖြတ်ရုံနဲ့ ဘယ်ရမလဲ။
သာသနာ့ဒါယကာ သဒ္ဓမ္မစောချစ်သူ ထိန်းချုပ်ထားတဲ့ UK666 ကျားစက်ရုံကတော့ အတော်အဆင့်မြင့်ဆိုပဲ။ တချိန်က လူမည်းတွေ၊ လူဝါတွေ၊ လူညိုတွေကို ကျွန်ပြုခဲ့တဲ့ အမေရိကန်နဲ့ ဥရောပကိုမှ ရှယ်ပစ်မှတ်ထားပြီး နိုင်ငံခြားသား ဖြူနီဝါမည်း ၃၀၀ လောက်ကို တရက် ၁၆ နာရီ ကျွန်ပြု၊ ညှဉ်းပန်းနှိပ်စက်၊ လိမ်ခိုင်းနေသတဲ့။
ခုတော့ သခင်ကြီးတွေ ခံရတဲ့အလှည့်ပေါ့လေ။ တချိန်က သင်တိုင်းလေးပဲ ဝတ်ခဲ့တဲ့ ကရင်ဆိုတာ ခုတော့ ကမ္ဘာ့လူမျိုးပေါင်းစုံကို ကျွန်ပြုပြီးတော့ သခင်ကြီးမှန်သမျှကို ဒူးထောက်လက်မြှောက်အောင် ပစ်မှတ်ထားတိုက်ခိုက်ပြီး ပိုင်ဆိုင်တဲ့ငွေကြေးတွေကို တိုက်ယူနိုင်ပြီဆိုပြီး လက်ခမောင်းခတ်ပြီလေ။ အရင်က လက်ဝှေ့ထိုးဖို့ ခတ်ခဲ့တဲ့ လက်ခမောင်းဟာ လျှို့ဝှက်ထိုးဖို့ ခတ်တဲ့လက်ခမောင်း ဖြစ်ပြီ။ လက်ဝှေ့လက်ခမောင်းသံမှသည် လျှို့ဝှက်လက်ခမောင်းဆီ။ အီးယူ၊ အမေရိကတဝန်း တဖြန်းဖြန်းသံ လွှမ်းတော့မယ်။
စခန်းနာမည်ကိုက UK666 နော်။ ပစ်မှတ်ဘယ်လဲဆိုတာ သဘောပေါက်။ နံပါတ်က ခြောက်သုံးလုံးရောက်။ UK666 ကျားစက်ရုံသစ်ဟာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်နားက ကနော်ထမှာ။ သူနဲ့ ဘေးချင်းကပ်လျက်မှာ စက်ရုံသစ် (၂) ခုလည်း ငြိမ်းချမ်းမှုကိုယ်စားပြု အပြာရောင်ခေါင်မိုးတန်းတွေနဲ့ အပြိုင်တည်ဆောက်ထားသတဲ့ဗျ။ မြဝတီမြို့ပေါ်နဲ့ KK Park ဘက်က လူကုန်ကူးခံရသူတွေကို အယ်နီညိုအပူဘေး ကြိုတင်ကာကွယ်ရေးစီမံချက်နဲ့ အစုလိုက်အပြုံလိုက် အရေးပေါ် ပြောင်းရွှေ့ထားခဲ့တာတဲ့။
အဲဒီဝင်းထဲကတော့ ဂလိုဘယ်သဘောဆန်တယ် ပြောရမလား၊ အင်တာနက်ရှင်နယ်ဖြစ်တယ် ပြောရမလား။ တရုတ်ကြီးအပြင် အထူးသဖြင့် သူ့သောက်ပြဿနာနဲ့သူ ရှုပ်ပြီး ဒီဘက်လှည့်မကြည့်နိုင်တဲ့ အမေရိက၊ ပြင်သစ်နဲ့ ဥရောပနိုင်ငံတချို့၊ ဂျပန်နဲ့ တောင်ကိုရီးယားကိုပါ အဓိက ပစ်မှတ်ထားပြီး တရုတ်လေးတွေနဲ့ အာဖရိကန်တွေကို အရေခွံစုပ်ပြီး ငွေလိမ်ခိုင်းထားတာပေါ့လေ။
စောချစ်သူဟာ ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ပီပီ အကုသိုလ်အမှုကနေ ရှောင်ရှားကြရအောင် ငရဲခန်းကို လက်တွေ့ပြသတာလို့လည်း ပြောကြတယ်။ ဘာလဲဟဲ့ လူ့ငရဲဆိုတာကို အခြားတဖက်ကနေ ပြသတာပေါ့။ တခါတည်း သံဝေဂဝင်၊ ဉာဏ်စဉ်တက်ပြီး နတ်ပြည်နဲ့ ကောင်းကင်ဘုံဘက် သွားကြသူတွေလည်း မနည်းဘူးလို့ အဲဒီစခန်းပြန်တွေက ပြောသတဲ့။
နေ့စဉ် နားရက်မရှိ လုပ်ရပြီး တချို့ သီလရှင်လေး၊ ကိုရင်လေး ကလေးမွေးတဲ့ အရင်ရှေးဟောင်းကျားဖြန့်ဂိုဏ်းတွေလို လုပ်သားတဦးချင်းစီအလိုက် တနေ့ သားကောင်ဘယ်လောက် ရှာဖွေရမယ်၊ ငွေဘယ်လောက်ရအောင် လိမ်ရမယ်လို့ နေ့စဉ်သတ်မှတ်နှုန်းများကို မဖြစ်မနေ သတ်မှတ်ထားတယ်။
သတ်မှတ်ချက် မပြည့်လို့ကတော့ လူငွေရော၊ ဒဏ်ငွေပါ မတရားရိုက်တယ်။ ထိုင်ထ၊ ဒိုက်ထိုး၊ လက်ထိပ်ခတ်လောက်တော့ ငရဲမခေါ်တော့ဘူးလေ။ တချို့ မလှုပ်တော့အောင် ထိုင်ခိုင်း၊ ထိုးခိုင်းတာမျိုးတော့ ရှိတာပေါ့။ အစာငတ်ထားတာလည်း ရှိတာပေါ့။ ချီးပါကျွေးတဲ့ သန်လျင်က သီလရှင်ဂိုဏ်းလောက်တော့ မဆိုးဘူးထင်တယ်။ သူတို့လိုပဲ ငိုက်ရင်လည်း ရိုက်တယ်နော်။ စိတ်ဖောက်ပြန်တဲ့အထိ ဆော်တာတဲ့။ စိတ်ဖောက်သွားပြီဆိုမှ မိသားစုနဲ့ ချိတ်ဆက်ပြီး ပြန်ရောင်းစားသေးသတဲ့။ သာသနာ့ဒါယကာကြီးရဲ့ ငရဲခန်းများ ပြောပါတယ်။ ကလီစာထုတ်ရောင်းခံရတာတော့ ဘာငရဲခေါ်လဲ မသိဘူး။
သာသနာ့ဒါယကာကြီး ကောင်းမှုနဲ့ တောနက်ပိုင်းနယ်မြေတွေမှာ ကျားစခန်းသစ်တွေ မှိုပေါက်နေသတဲ့။ အရှိန်အဟုန်မပျက် ဆက်လက်တိုးချဲ့ဆောက်လုပ် လည်ပတ်နေဆဲတဲ့။
DKBA ဗိုလ်ချုပ်ဆန်းအောင်ရဲ့ “ငရုတ်ခင်း” အတုအောက်မှာလည်း ငရဲခန်းကျားစက်ရုံတွေ အများကြီးတဲ့။
တချို့တွေ ဗုံးခိုကျင်းထဲကနေ စစ်တပ်ရဲ့ လက်နက်ကြီးဒဏ် ခံနေရတဲ့အချိန်မှာ မလှမ်းမကမ်း ဆုံဆည်းမြိုင်အနီးက လေးဝေါ်တောင်ကြောထဲမှာတော့ ကျားစက်ရုံသစ်တွေ တိုးချဲ့ဆောက်နေသတဲ့။ တောင်ကုန်းနှစ်ခုကြား မြေညှိပြီး ဘိလပ်မြေအသံလုံတိုက်တွေ၊ သံတိုင်အချုပ်ခန်းတွေလုပ်ပြီး အထဲမှာ လူတွေကို ကတုံးတုံး၊ ညှဉ်းပန်းနှိပ်စက်နေတာတဲ့။
သံတိုင်အချုပ်ထောင်တွေထဲ လူတွေကို နှိပ်စက်ဖို့ DKBA တပ်သားတွေက အပြင်ကနေ သေနတ်ကိုင်ပြီး လုံခြုံရေးပါ စောင့်ပေးရသတဲ့။
အရင်က ကျောက်ခက်နဲ့ ဆုံဆည်းမြိုင်ဒေသမှာ လုပ်တယ်။ ပြီးတော့ မင်းလက်ပံဒေသတွေမှာ အကြီးအကျယ် လုပ်ကြတယ်။ မင်းလက်ပံဒေသ တောင်ကြားက ကျားစက်ရုံတွေကို စစ်ကောင်စီနဲ့ တိုက်ပွဲတွေကြား ဟန်ပြဝင်စီးခံရပြီး နိုင်ငံတကာဖိအားတွေ များလာတော့မှ အခု လေးဝေါ်ဘက်ကို ကုန်းတွင်းပိုင်း လျှို့ဝှက်စခန်းသစ်တွေအဖြစ် ပုံစံပြောင်း ရွှေ့ဆောက်နေကြတာပေါ့။ မြေငှားခ ရတယ်။ လုံခြုံရေးယူပေးခ ရတယ်။ ဘိလပ်မြေ၊ သဲ၊ ကျောက် လက်ဝါးကြီးအုပ် ရောင်းရတယ်ဆိုတော့ ဒေါ်လာနံ့ရနေတဲ့ ကျားငရုတ်ခင်းကြီးတဲ့။
“စစ်အာဏာရှင်စနစ်အောက်က ဖိနှိပ်ခံပြည်သူတွေ လွတ်မြောက်ဖို့၊ အမှန်တရားနဲ့ လွတ်လပ်မှုအတွက် ငါတို့ရဲဘော်တွေ အသက်တွေ၊ ခြေလက်တွေ စတေးပြီး တိုက်နေကြတာ။ အခုတော့ ဘာဖြစ်သွားပြီလဲ...။ ကရင့်ဘိုးဘွားပိုင်မြေပေါ်မှာ နိုင်ငံတကာမာဖီးယားဂိုဏ်းတွေကို ခေါ်သွင်း၊ ကျောက်ခက်ကနေ မင်းလက်ပံ၊ အခု ဆုံဆည်းမြိုင် လေးဝေါ်တောင်ကြောအထိ မြေတွေဖဲ့ရောင်းပြီး လူကုန်ကူး၊ လူသတ်၊ ငွေလိမ်တဲ့ ရာဇဝတ်ကောင်တွေဆီက ဘိလပ်မြေဖိုး၊ သဲကျောက်ဖိုးနဲ့ လုံခြုံရေးကြေး တောင်းစားနေရတဲ့ဘဝ ရောက်သွားပြီလားတဲ့။
စစ်ကောင်စီဟာ နိုင်ငံတဝန်းက အပြစ်မဲ့ပြည်သူတွေ၊ ကလေးငယ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေကို နေ့စဉ်ရက်ဆက် ပေါင် ၅၀၀ ဗုံးတွေနဲ့ ကြဲချသတ်ဖြတ်နေတယ်။ ဒါပေမဲ့ သောင်ရင်းမြစ်တလျှောက်နဲ့ လေးဝေါ်တောင်ကြောထဲက သံတိုင်အချုပ်ထောင်တွေ ဆောက်ထားတဲ့ ကျားဖြန့်စခန်းတွေကိုကျတော့ စစ်ကောင်စီက သတိပေးခြောက်လှန့်တဲ့အနေနဲ့ ဗုံးတလုံးမှ မကြဲဘူး။ သတိပေးဗုံးတောင် မချဘူး။ ဘာလို့လဲ...။ တမင်သက်သက် လုပ်ပိုင်ခွင့်ပေးထားတာ။ အဲဒီ ဒေါ်လာမည်းတွေနဲ့ လက်နက်ကိုင်တပ်တွေကို အဆိပ်ခတ်ပြီး တော်လှန်ရေးဘက် မလှည့်လာအောင် ထောင်ချောက်ဆင်ထားတာကွ” တဲ့။ ရဲဘော်တယောက်ရဲ့ မချိတင်ကဲအသံ။
“ငါတို့ရဲ့ သေနတ်ပြောင်းဝဟာ စစ်အာဏာရှင်ဘက်ကို ချိန်ထားသလို၊ ငါတို့ရဲ့ အမှန်တရားဟာလည်း တော်လှန်ရေးဆိုတဲ့ အမည်ခံပြီး ပြည်သူ့မြေပေါ်မှာ ကျားဖြန့်ငရဲခန်းဆောက်၊ စစ်တပ်ကို မတော်လှန်ရဲဘဲ အမြီးကုပ်နေတဲ့ သစ္စာဖောက်မှုမှန်သမျှကို ရဲရဲဝံ့ဝံ့ မျက်နှာဖုံးခွာပြနေရမယ်” လို့ ရဲဘော်က သန္နိဋ္ဌာန်စကား ဆက်ပြောပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar