Breaking News

ဆောင်းယွန်းလ ● စာမျက်နှာအပြည့်ဖတ်မိတဲ့ တရား


ဆောင်းယွန်းလ ● စာမျက်နှာအပြည့်ဖတ်မိတဲ့ တရား
(မိုးမခ) မေ ၁၂၊ ၂၀၁၉

ဘဝအဆက်ဆက်ရဲ့
ဒီဘဝမှာမရက်ဖြစ်ခဲ့သော
ဓါတ်ပုံများနဲ့
နာရီတွေသာ မူးနောက်နေအောင်လည်ပတ်ခဲ့တယ်
ကိုယ်တိုင်တက်ရပ်နေမိတဲ့ သူ့လက်တံတွေပေါ်မှာ
ခါးသက်မှုဟာလည်း ချိုမြိန်နိုင်ခဲ့ပါပြီ
စိတ်ရဲ့မကြည်လင်မှုများအတွက်
ဝါးမြိုစားသုံးစရာ ဆေးမရှိခဲ့လို့
စမ်းချောင်းလေးရှိရာဆီသို့ ပို့လိုက်တယ်
အရာရာအားလုံးအတွက် အဘက်ဘက်ကချို့ယွင်းလာခဲ့ချိန်မှာ
တစုံတရာအတွက် ခိုင်မာလာနိုင်ခဲ့သော
စိတ်ထား
တနေရာရာဆီသို့
လမ်းလျှောက်ရင်းဆက်သွားနေမိတယ်
အခြားတယောက်ယောက်တွေရဲ့ ပျော်ရွှင်မှုကိုထိုင်ကြည့်နေရတာ
ကိုယ့်အတွက်တော့ အပျင်းပြေပါတယ်
တနင်္ဂနွေသတင်းတွေကို
မုဒိတာတရားနဲ့ ဖတ်ခဲ့တယ်။

ဆောင်းယွန်းလ