Breaking News

ဂျူနီယာဝင်း - ငြိမ်းချမ်းရေးအတွက်တောင်းဆိုသူ ဒဂုန်တာရာ



ဂျူနီယာဝင်း - ငြိမ်းချမ်းရေးအတွက်တောင်းဆိုသူ ဒဂုန်တာရာ

ပြန်လည်ဆန်းသစ်ခြင်း။  မိုးမခ၊ သြဂုတ် ၂၁၊ ၂၀၁၃


ဆရာကြီးဒဂုန်တာရာက ငြိမ်းချမ်းရေးကိုတောင်းဆိုသူ၊ ညီညွတ်ကြဖို့ဆော်သြသူ။ ဆရာကြီးကွယ်လွန်သွားသောအခါ ဆရာကြီးအားချစ်ခင်ကြသူများ၊ ငြိမ်းချမ်းရေးကိုလိုလားသူများ၊ ညီညွတ်ဖို့ကိုအလိုရှိသူများ ရင်ထဲမှာ ဆရာကြီး ကျန်ရစ်ခဲ့ပါသည်။

ဆရာကြီးကတော့ သူ့အတွက် ပူဆွေးနေသူတွေ၊ ငိုကြွေးနေသူတွေကိုကြည့်ပြီး အဲသည်မှာ ငိုမနေနဲ့။ ငါ အဲသည်မှာ မရှိပါ။ ငါ အဲသည်မှာ အိပ်လည်းမနေပါ… သည်လိုများ ပြောနေလေမလား။


“ကျွန်ုပ်ရဲ့သချိူင်းမှာ ရပ်ပြီးငိုမနေပါနဲ့
ကျွန်ုပ် အဲသည်မှာ မရှိပါ၊ ကျွနိုပ် အိပ်လည်းမနေပါ။

ကျွန်ုပ်ကား တိုက်ခတ်နေသော လေထုပါ။
ကျွန်ုပ်ကား နှင်းစက်ပေါ်ကပြိုးပြက်နေတဲ့ စိန်ပွင့်လေးတွေပါ။


ကျွန်ုပ်ကား ဝင်းမှည့်နေသောစပါးစေ့ပေါ်က နေပြောက်။
ကျွန်ုပ်ကား ဆောင်းဦးကာလရဲ့ နူးညံ့တဲ့မိုးဖွဲလေးတွေပါ။

မနက်ခင်းရဲ့တိတ်ဆိတ်မူမှာ သင်တို့နိုးထလာတဲ့အခါ
စက်ပိုင်းပမာ ငြိမ်သက်စွာပျံသန်းနေတဲ့ ငှက်တစ်သိုက်ရဲ့
ရုတ်တရက် လျင်မြန်စွာ ပျံသန်းသွားမူဟာ ကျွန်ုပ်ပါပဲ။

ညအခါ တောက်ပနေတဲ့ ကြယ်ပွင့်လေးတွေက ကျွန်ုပ်ပါပဲ။
ကျွန်ုပ်ရဲ့သချိူင်းမှာ ရပ်ပြီး ငိုမနေပါနဲ့၊
ကျွန်ုပ် အဲသည်နေရာမှာမရှိပါ ကျွန်ုပ်မသေပါ။”


‘Do not stand at my grave’ ဟူသော အမည်မသိကဗျာရှင်တစ်ဦး၏ ကဗျာဖြင့် ဆရာဒဂုန်တာရာကို လွမ်းလိုက်ပါရစေ။ ဆရာအလိုရှိသော ငြိမ်းချမ်းရေးသည် ဆရာ့မေတ္တာရိပ်ဖြင့် ကမ္ဘာကြီးကို ထာဝရ လွှမ်းခြုံပေးနိုင်ပါစေ။