Breaking News

မိုးမိုး(ကင်းတား) - နှစ်ကုန်တွင် လျှပ်စစ် ၅၀% ဖြည့်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


မိုးမိုး(ကင်းတား) -  နှစ်ကုန်တွင် လျှပ်စစ် ၅၀% ဖြည့်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(မိုးမခ) မေ ၁၈၊ ၂၀၁၉

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် / ဘဲလင်းပင်မ လျှပ်စစ်ဓာတ်အားခွဲရုံဖွင့်ပွဲ သို့တက်ရောက်ရန်လာသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ကျောက်ဆည်မြို့သို့ ၂၀၁၉ ခုနှစ် မေလ ၁၇ ရက် မနက် ၈ နာရီခန့်ကရောက်ရှိခဲ့ရာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဒေသခံ ပြည်သူလူထုမှတခဲနက်ကြိုဆိုခဲ့ေကြာင်းသိရသည်။

၂၀၁၉ ခုနှစ်ကုန်ပိုင်းမှစ၍ တနိုင်ငံလုံးရဲ့လျှပ်စစ်လိုအပ်ချက်ကို ၅၀ ရာခိုင်နှုန်းအထိ ဖြည့်စွက်ပေးနိုင်မည်ဟုနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါဖွင့်ပွဲတွင်ပြောကြားခဲ့သည်။
အဆိုပါဓာတ်ခွဲရုံ မှ သဘာဝဓာတ်ငွေ့  ၁၄၅.၄၉ မဂ္ဂါဝပ် ထုတ်လုပ်နိူင်မှာဖြစ်ကြောင်းသိရသည်။