Breaking News

ကျော်ဟုန်း၏ ဝမ်းကြာသိုက်ဖွား မွေးစားသားရဲ့ ဒေသစာရီ ကဗျာစာအုပ်ထွက်ပြီ


ကျော်ဟုန်း၏ ဝမ်းကြာသိုက်ဖွား မွေးစားသားရဲ့ ဒေသစာရီ ကဗျာစာအုပ်ထွက်ပြီ

(မိုးမခ) မေ ၁၈၊ ၂၀၁၉

မေတ္တာကွန်ရက်မှ ထုတ်လုပ်ဖြန့်ချိတဲ့ ကျော်ဟုန်းရဲ့ ကဗျာစာအုပ်ကို အမေရိကား၊ ကနေဒါ၊ နယူးဇီလန်၊ ဩစတြေးလျနိုင်ငံများသို့ မေ ၂၃၊ ၂၀၁၉ နေ့မှာ ဖြန့်ချိမည် ဖြစ်ပါတယ်။

စာမျက်နှာ ၁၄၂ မျက်နှာရှိပြီး ကဗျာပုဒ်ရေ ၅၃ ပုဒ် ပါဝင်ကာ ရသစုံအောင် ဖန်တီးထားတယ် ဆိုပါတယ်။

ရောင်းစျေး အမေရိကန် ၁၀ ဒေါ်လာ၊ နယူးဇီလန်နဲ့ ဩစတြေးလျမှာ ၁၅ အမေရိကန်ဒေါ်လာနဲ့ ရောင်းပြီး ရရှိငွေများ စုပေါင်းကာ မြန်မာပြည်တွင်းရှိ ဘိုးဘွားများ စောင့်ရှောက်တဲ့ ဂေဟာတွေကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။