Breaking News

နေပြည်တော်နှင့်မောင်မိုးသူ


နေပြည်တော်နှင့်မောင်မိုးသူ

(ကုမုဒြာဂျာနယ်) မိုးမခ၊ မေ ၁၈၊ ၂၀၁၉

(မနေ့က သူ့ ၈၂ နှစ် မြောက်မွေးနေ့ ဆုမွန်ကောင်းများ ပို့သရင်း တင်ဆက်ပါတယ်၊ ဓာတ်ပုံက BBC Burmese)

အမှန်အတိုင်းဝန်ခံရရင် နေပြည်တော် ကို မောင်မိုးသူ မရောက်ဖူးပါ။ ယခင်အစိုးရ လက်ထက်က မြို့တော်အဖြစ် နေပြည် တော်ကို သတ်မှတ် ရုံးစိုက်လိုက်ခြင်း ကြောင့် မရောက်ဖြစ်ရတာ မဟုတ်ပါ။ အ ကြောင်း မတိုက်ဆိုင်လို့ မရောက်ဖြစ်ခြင်း သာ ဖြစ်ပါတယ်။

မောင်မိုးသူ ဂျာနယ်လုပ်ငန်းမှာ တာ ဝန်ယူစဉ်ကပေါ့။ နေပြည်တော်ကို မြန်မာ နိုင်ငံရဲ့ မင်းနေပြည်တော် အစိုးရ ရဲ့ ရုံးစိုက် မြို့တော်ဟု သတ်မှတ်လိုက်သောကြောင့် အစိုးရသတင်းများ ထုတ်ပြန်ရာ ဒေသအ ဖြစ် သတ်မှတ်လိုက်သောကြောင့် မောင် မိုးသူတို့ ဂျာနယ်တိုက်မှ နေပြည်တော်တွင် ရုံးခန်းများဖွင့်လှစ်ပြီး သတင်းထောက်များ စေလွှတ်ခဲ့ကြပါတယ်။ တိုက်မှ သတင်းဌာန ခွဲ ဖွင့်လှစ်ထားမည် ဖြစ်သောကြောင့် မောင် မိုးသူအနေနဲ့ သွားဖို့ ဖြစ် သော် လည်း မသွား ဖြစ်ခဲ့ပါ။

တကယ့် တကယ်တော့ နေပြည်တော် နှင့် ရန်ကုန်သည် ဘာမှ ဝေးသည် မဟုတ် ပါ။ တိုက်ကကားနှင့် သွားမည်ဆိုပါက သုံးနာရီကျော် လေးနာရီအတွင်း ရောက် နိုင်မည်ကို မောင်မိုးသူ သိပါတယ်။ ဘာ ကြောင့်မှန်းတော့ မသိ မောင်မိုးသူ မသွား ဖြစ်ခဲ့ပါ။ နေပြည်တော်ကို မရောက်ဖူးပါဟု ပြောဆိုမိခြင်းမှာ မုသားစကား ဆိုနိုင် ကောင်း ဆိုနိုင်ပေလိမ့်မည်။ အကြောင်းမှာ မောင်မိုးသူတစ်ယောက် မန္တလေးမှ ရန် ကုန်သို့ မော်တော်ကားနဲ့အပြန် နေပြည် တော်မှာ ဘီယာတစ်ခွက်၊အစားအသောက် တစ်ခု စားခဲ့ဖူးပါတယ်။ သို့သော် နေပြည် တော်သို့ အထဲဝင်ပြီး သွားရောက်ကြည့်ရှု ခြင်း မပြုခဲ့မိပါ။

နေပြည်တော်တွင် လမ်းတွေ အကျယ် ကြီးဖောက်၊ တစ်နေရာနဲ့တစ်နေရာသွားရန် အဝေးကြီး အဝေးကြီး စီစဉ်ထားကြောင်း ကြားဖူးပါတယ်။ အဝိုင်းကြီးတွေ အဝိုင်း ကြီးတွေရှိတဲ့မြို့ဟု ထင်ရှားပါတယ်။ လမ်း တွေကျယ်၊ မီးတွေက ထိန်ထိန်သာပြီး အ သွားအလာကျတော့ ပါးလျကြကြောင်း တွေ့ရှိရပါတယ်။ မောင်မိုးသူရဲ့ မြေးတစ် ယောက်ဖြစ်တဲ့ မြတ်သူရ (ခေါ်) ဘုံဘုံတစ် ယောက် နေပြည်တော်တွင် ပိုပိုနဲ့ အိမ် ထောင်ကျပြီး နေထိုင်ဖြစ်သည့်တိုင် မောင် မိုးသူ မရောက်ဖြစ်ပါ။ ဘုံဘုံနဲ့ ပိုပိုတို့ရဲ့ သားဦးလေး မွေးဖွားချိန်တွင်လည်း မောင် မိုးသူရဲ့ သမီးနဲ့သားငယ်တို့ သွားရောက်ကြ သည့်တိုင် မောင်မိုးသူ မသွားဖြစ်ခဲ့ပါ။ သူ့ သားတုံတောင် မူကြိုတက်နေပြီ၊ အလွန် စကားများတဲ့ကောင်။ အိမ်မှာလည်း သူ ရောက်လာရင် စီစီညံနေတော့တာပဲ။


တကယ်တော့ သားတုံဟာ မောင်မိုး သူရဲ့ မြစ်သုံးယောက်အနက် အငယ်ဆုံး မြစ်ကလေး ဖြစ်ပါတယ်။ မောင်မိုးသူရဲ့ မြေးအကြီးမ ဘုတ်ဘုတ်က ဒူဘိုင်းမှာ အ လုပ်လုပ်တဲ့သူ ဖြစ်ပါတယ်။ ကိုုယ်ဝန်ရှိလာ တော့ ဒူဘိုင်းက သူတို့တိုင်းပြည်မှာ အမွေး မခံလို့ ဘုတ်ဘုတ်တစ်ယောက် ရန်ကုန်မှာ ပြန်ပြီး ဒေါက်တာစိုးလွင်နဲ့ အမြွှာ မြစ်မ လေးနှစ်ယောက်ကို မွေးပါတယ်။

သူ့မိခင်က ကလေးနှစ်ယောက်ကို ဖြူစင်တို့ ကြယ်စင်တို့ ပေးထားပေမဲ့ မောင် မိုးသူကတော့ ပိစိ ကွစလို့ နာမည်ပြောင် ခေါ်လေ့ ရှိပါတယ်။ သူတို့ကို မွေးပြီးခါစ မောင်မိုးသူနဲ့အတူ တစ်နှစ်ထားခဲ့ပါသေး တယ်။ နောက်နှစ်ကျမှ အဲသည်နှစ်ယောက် ကို ဒူဘိုင်းကို ခေါ်သွားတာပါ။ အဲသည် မြစ်မလေးနှစ်ယောက်ကတော့ မောင်မိုးသူ ရဲ့ မြစ်အကြီးနှစ်ယောက်ပေါ့။ သူတို့နှစ် ယောက်ကတော့ ခုနစ်နှစ်၊ ရှစ်နှစ်ရှိကြပြီ။

ဘုတ်ဘုတ်ရဲ့ အစီအစဉ်က သည်နှစ် ဇူလိုင်လောက်မှာ ရန်ကုန်လာပြီး မယ်သီ လရှင်ဝတ်ဖို့ စီစဉ်ထားသတဲ့။ ကလေး နှစ်ယောက်က ရန်ကုန် ကျောင်းပိတ်ရက် မျိုးတွေမှာ လာဖြစ်ခဲ့ကြဖူးပါတယ်။ မြစ် သုံးယောက်ဆုံပြီး ကလေးကစားကွင်းတွေ ကို သွားကြတာလည်း ဆုံကြဖူးပါတယ်။ ထုံးစံအတိုင်း မောင်မိုးသူကတော့ မလိုက် ဖြစ်ခဲ့ပါဘူး။

မောင်မိုးသူတယောက် ရန်ကုန်မှာ ဂူအောင်းပုဂ္ဂိုလ်ကြီးတယောက်လို ဖြစ်နေတော့တာပေါ့။ သောကြာ စနေ တနင်္ဂနွေဆို မိုးကုတ်က အပေါင်းအသင်းတွေ ပဉ္စဂံက အောင်သူတို့တွေ လာခေါ်လို့ ပြည်သူ့ရင်ပြင်က မောနင်းစတား ဆိုင်ကိုတော့ မပျက်မကွက် ရောက်ဖြစ်ပါတယ်။ မောနင်းစတားဆိုင်ကလွဲရင် မောင်မိုးသူ တခြားနေရာများကို သိပ်သွားလေ့မရှိပါဘူး။

ပွဲတွေ လမ်းတွေ အခမ်းအနားတွေ လည်း မတက်ဖြစ်တာကြောင့်လည်း ဖြစ် နိုင်ပါတယ်။ စိတ်ထဲမှာလည်း သိပ်ပြီး သွား ချင်စိတ် မရှိတာလည်း ဖြစ်နိုင်ပါတယ်။ သည်လို သည်လိုနဲ့ပဲ နေပြည်တော်နဲ့ မောင်မိုးသူ မကြုံမဆုံဖြစ်ခဲ့ကြသည့်ကြားမှ သည်နှစ် ၂၀၁၉ ခုနှစ် မေလမှာတော့ နေ ပြည်တော်ကိုသွားဖို့ ဖြစ်လာပါတယ်။
နေပြည်တော်မှာ လွှတ်တော်ကိုယ် စားလှယ်များဖြစ်ကြတဲ့ မောင်မိုးသူ ရဲ့ အပေါင်း အသင်းတွေက အများကြီးလေ။ သူတို့တစ် တွေက နေပြည်တော်ကို လိုက်ခဲ့ ဖို့ အကြိမ်ကြိမ်ခေါ်ပေမဲ့ မောင်မိုးသူ မလိုက်ဖြစ်၊ မရောက်ဖြစ်ခဲ့ပါ။ မောင်မိုးသူ တစ်ပတ် သုံးရက် ပုံမှန်ရောက်နေကျ မော နင်းစတားဆိုင်ပိုင်ရှင် မိကွန်ချမ်းဆိုတာ လွှတ်တော် ကိုယ်စားလှယ်ပဲခင်ဗျ။ သူ့ခင် ပွန်း ကိုကျော်စိုးမိုးက နေပြည်တော်ကို သူတို့ကားနဲ့ အမြဲပို့လေ့ရှိတိုင်း မောင်မိုးသူ ကို လိုက်ခဲ့ဖို့ ခေါ်ပါတယ်။

ဘာကြောင့်မှန်း မသိ ဂူအောင်း မောင် မိုးသူက နေပြည်တော်ကို မရောက်ဖြစ် မသွားဖြစ်ခဲ့ပါ။ သည်ကြားထဲ မေလဆန်း မှာ နေပြည်တော်ကိုသွားမယ့် ဦးမိုးဟိန်း မြေးအဘိုးလည်း ပါမယ်။ မောင်မိုးသူတို့ သား အဖလည်း လိုက်ခဲ့ဖို့ ခေါ်ပါတယ်။

မောင်မိုးသူ ရဲ့သားငယ် ညီညီမလိုက် ဖြစ်နိုင်တဲ့အတွက် သမီး အေးသီတာကိုပဲ ခေါ်ပြီး မောင်မိုးသူ ကိုစိုးကားနဲ့ လိုက်ဖြစ် အောင် လိုက်ခဲ့မိပါတယ်။ ဒါတောင် မောင် မိုးသူက ကိုစိုးကို နေပြည်တော်မှာ တစ်ညပဲ အိပ်ပြီး နောက်နေ့ လေယာဉ်ပျံနဲ့ ရန်ကုန် ကို ပြန်ပို့ရမယ်ဆိုပြီး ကတိတောင်းပြီးမှ လိုက်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

သည်လို သည်လိုနဲ့ မောင်မိုးသူ နဲ့ သူ့သမီး နေပြည်တော်ကို ရောက်ဖြစ် လိုက်ဖြစ်ခဲ့ကြောင်းပါ။ ရောက်တဲ့ညနေ မှာပဲ နေပြည်တော်ရှိ အပေါင်းအသင်းများ က ပင်လောင်းရေတံခွန်စခန်းမှာ ညစာ ဖိတ်ကျွေးပါတယ်။ အဲသည် ရေတံခွန် စခန်းလေးဟာ အလွန်လှတယ်လို့ နာမည် ကြီးပါတယ်။ မောင်မိုးသူ သွားရောက် ည စာစားသုံး ရတဲ့အခါကျတော့ မှောင်နေပြီ ဖြစ်တဲ့အတွက် ရှုခင်းတွေ ကောင်းကောင်း မမြင်ရတော့ပါ။

မောင်မိုးသူရဲ့အပေါင်းအသင်း ညီတွေ တူတွေဖြစ်တဲ့ မိုးကုတ်သား မောင်မင်းသူ ကလည်း အဲသည်ဆိုင်ရဲ့ တာဝန်ခံတဲ့။

လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြတဲ့ ကျော်သီဟတို့၊မောင်အောင်စိုးတို့၊မင်းသစ် တို့လည်း မောင်မိုးသူရယ်၊ ဦးမိုးဟိန်းရယ် ပါတာကြောင့် ညစာစားပွဲမှာ လူစုံပါတယ်။ နေပြည်တော်ရောက်မှ ဆုံကြတဲ့ လွှတ် တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်တဲ့ မောင်စိုး ရဲ့ ဇနီး မိကွန်ချမ်းရယ်၊ မိုးကုတ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ နိုင်ငံကျော် လည်း ပါပါတယ်။

မောင်မိုးသူတို့သားအဖနှစ်ယောက်နဲ့ ဦးမိုးဟိန်းတို့ မြေးအဘိုးနှစ်ယောက် မင်္ဂလာသီရိဟိုတယ်ရဲ့ အခန်းနံပါတ် ၁၀၅၀ နဲ့ ၁၀၅၁ တို့မှာ ညအိပ်ကြပါတယ်။ အခန်းနှစ်ခန်း က ဆက်သွယ်ဖို့ မလွယ် ပေါက်ရှိနေတော့ အဆင်ပြေပါတယ်။

သည်လိုသည်လိုနဲ့ပဲ မောင်မိုးသူတစ် ယောက် နေပြည်တော်ကို ရောက်ခဲ့ရခြင်း ဖြစ်ပါတယ်။