Breaking News

သစ်​မြစိမ်း - ဇွန်​လရဲ့မိုး​ရေစက်​များနဲ့ ၂၀၂၀ပြည့်နှစ်​အလွန်​ မြန်​မာ​နွေဦး



သစ်​မြစိမ်း - ဇွန်​လရဲ့မိုး​ရေစက်​များနဲ့  ၂၀၂၀ပြည့်နှစ်​အလွန်​ မြန်​မာ​နွေဦး
(မိုးမခစာအုပ်စင်) ဇွန် ၁၉၊ ၂၀၁၉


အ​ရွေ့တစ်​ခုဆီကို ဦးတည်သွား​နေ​တဲ့ ယခုလို အချိန်​မျိုးမှာ မြန်​မာ့နိုင်​ငံ​ရေး အခင်းအကျင်း၊ အတိုး အဆုတ်​၊အဖြန့်အကျက်​​တွေကို ချဉ်းကပ်​​လေ့လာသုံးသပ်​ချင်​သူများအတွက်​ ဦး​​နှောက်​မုန်​တိုင်းဆင်​ကြည့်​ဖို့ စာအုပ်​​လေး တစ်​အုပ်​ပါ။ ထူးခြားတာတစ်​ခုက ဒီစာအုပ်​ထဲ မှာ ​ပုံနှိပ်​​ဖော်​ပြထားတဲ့ အ​မေးအ​ဖြေ အချက်​အလက်​​တွေဟာ လွန်​ခဲ့တဲ့ နှစ်​နှစ်​​ကျော်​ သုံးနှစ်​ဝန်းကျင်​က အ​မေးအ​ဖြေ​တွေဖြစ်​​နေတဲ့ အတွက်​ အဲဒီအချိန်​ကချဉ်းကပ်​သုံးသပ်​ထားတာ နဲ့ အခုလက်​ရှိမျက်​​မှောက်​မှာ ဖြစ်ပေါ်နေတဲ့ အ​ခြေအ​နေ​တွေကို ဆဝါးကြည့်ကြဖို့ပဲ ဖြစ်​ပါတယ်​။

သမိုင်းဟာ မရပ်​မနားဘဲ ​ပြောင်းလဲ​နေတယ်​ဆို​ပေမယ့် ရပ်​တန့်နေသူတွေ အတွက်​​တော့ ပြဌာန်းစရာ​ ​နေရာမရှိတာ​ အ​သေအချာပါ။​ ​ရွေ့​နေတဲ့​ ​ခေါင်း​ဆောင်​​တွေထဲမှာ ဘယ်​လို​ခေါင်း​ဆောင်​မျိုးကို မှတ်​တမ်းမှတ်​ရာ ပြု​​မယ်​ဆိုတာကို​တော့ သိပ်​မကြာတဲ့အချိန်​​လေးမှာ ကျွန်​​တော်​တို့ မြင်​​တွေ့ခွင့်ရလာ​တော့မှာပါ။
မြန်​မာ့နိုင်​ငံ​ရေး အ​ခြေအ​နေ အရပ်​ရပ်​ကို သုံးသပ်​​လေ့လာတဲ့အခါမှာ ဖြတ်​သန်​းလာခဲ့ရာ ​လူ​တွေ၊အဖြစ်​အပျက်​​တွေ၊နှစ်ကာလတွေကိုသာမက မိမိတို့နဲ့ နယ်​နိမိတ်​ချင်း ကူးလူးဆက်​စပ်​​နေတဲ့ အိမ်​နီးချင်းနိုင်​ငံ​တွေရဲ့ အ​ရွေ့​​တွေကိုပါ ဆက်​စပ်​​လေ့လာသင့်တယ်​လို့ ထင်​မြင်​ယူဆမိပါတယ်​။
မြန်​မာ​နွေဦးမှာ အ​ကြောင်း​ကြောင်း​သော အ​ကြောင်းတရား​တွေ​ကြောင့် ယခုလို အချိန်​မျိုးအထိ နှင်းခဲ​​တွေ ​ပျော်​ကျမလာသေးတာကိုလည်း ကျွန်​​တော်​တို့ သတိပြုရပါလိမ့်မယ်​။
"မျက်​​မှောက်​​ မြန်​မာ့နိုင်​ငံ​ရေး၊၂၀၂၀အလွန်​ မြန်​မာ့နိုင်​ငံ​ရေး အနာဂတ်​ အလားအလားများ နှင့်" စာအုပ်​​လေးထဲမှာ အငြင်​းပွားဖွယ်​အချက်​အလက်​​တွေ ပါ​ဝင်​​နေ​သော်​လည်းပဲ နိုင်​ငံရဲ့အ​ရွေ့ကို စိတ်​ပါဝင်​စားသူတိုင်း​လေ့လာဖတ်​ရှုသင့်တဲ့ စာအုပ်​​လေးတစ်​အုပ်​​ ဖြစ်​ပါတယ်​ ဆိုတဲ့အ​ကြောင်း
( သစ်​မြစိမ်း )


မျက်​နှာဖုံးဒီဇိုင်းနှင့် စာအုပ်​အဆင်​အပြင်​ ရန်​​နောင်​စိုး
တန်​ဖိုး ၂၅၀ဝ ကျပ်​ 
၂၀၁၉ ဇူလိုင်​လ
ဖြန့်​ချိ​ရေး ဆိပ်​ကမ်းသာစာ​ပေ