ကိုသန်းလွင် ● လစ်ဘရယ်ဝါဒ

ကိုသန်းလွင် ● လစ်ဘရယ်ဝါဒ
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၉
“လစ်ဘရယ်ဝါဒ” ဟုပြောလိုက်သည်နှင့် သာတူညီမျှဝါဒ၊ လွတ်လပ်သောဝါဒ၊ စိတ်အေးချမ်းမှုကိုရစေနိုင်သော ဝါဒ စသည်ဖြင့် ပြေးမြင်မိကြပါသည်။ သို့ပါသော်လည်း အခြေအနေပြောင်းလာသည်နှင့်အမျှ အချိန်ပေါ်တွင်မူတည်၍ လစ်ဘ ရယ်ဝါဒ၏အဓိပ္ပါယ်သည်လည်း ပြောင်းလဲနေသည့်သဘောရှိပါသည်။ လစ်ဘရယ်ဝါဒဟူ၍ အခြားအရင်းရှင်၊ ကွန်မြူနစ် စသည်ဖြင့် ဝါဒများကဲ့သို့ ဤဝါဒကို ဖော်ပြနိုင်သော စာတမ်း (Sacred Text) မရှိပါ။
(၂)
လစ်ဘရယ်ပါတီဟူ၍ လွန်ခဲ့သောနှစ်ပေါင်း နှစ်ရာခန့်က စပိန်နိုင်ငံတွင် စတင်သုံးစွဲခဲ့ကြပါသည်။ သို့ပါသော်လည်း ထိုသ ဘောထားများမှာ ရောမခေတ်စာရေးဆရာ စီဇာရို (Marcus Tillius Cicero 106 – 43 BC) ခေတ်ကတည်းကရှိနေပြီ ဖြစ်သည်။ လွတ်လပ်ခြင်း၊ စိတ်သဘောထားကောင်းမွန်ခြင်း စသောသဘောထားများပါဝင်သည်။ ရောမခေတ်က ကျေးကျွန် များရှိနေသောကြောင့် ကျေးကျွန်မဟုတ်ဘဲ လွတ်လပ်ရမည်ဟုလည်း ဆိုလိုသည်။
စီဇာရိုကသူ၏ (On Duties) ဆိုသောစာအုပ်ကို (၄၄ ဘီစီ) က တကိုယ်ကောင်းဆန်ခြင်းသည် မလိုလားအပ်သည့်ပြင် မိမိကိုယ့်ကိုပျက်စီးစေနိုင်သောသဘောရှိသည်။ တဦးကိုတဦး ရိုင်းပင်ကူညီခြင်းသည်သာ လူ့ဘောင်၏တည်မြဲရေးကို ဖြစ် စေနိုင်သည်။ လွတ်လပ်သောပြည်သူများ၏ တာဝန်မှာတဦးနှင့်တဦး လစ်ဘရယ်နည်းဖြင့်ဆက်ဆံရန်ဖြစ်သည်။ မိမိရှိ သည်ကိုပေး၍ သူများဆီက ရယူစရာရှိသည်ကိုလည်း ယူခါ လူတို့၏အမှုကို ထမ်းရွက်ရမည်။ လူဆိုသည်မှာ တဦးတည်း အတွက် မွေးဖွားလာခြင်းမဟုတ်၊ အများကောင်းကျိုးသယ်ပိုးရန် မွေးဖွားလာခြင်းဖြစ်သည်။
စီဇာရို ပြီးသည့် နောက်နှစ်ပေါင်းတရာအကြာတွင် ရောမတွေးခေါ်ပညာရှင် စီနီကာ (Lucins Annaeus Seneca ၄ဘီစီ- အေဒီ ၆၅) ကသူ၏ “On Benefit” ဟူသောကျမ်းတွင် အများထံမှ ရယူခြင်း၊ မိမိကပေးဆပ်ခြင်း၊ သူများ အကျိုးအတွက် မိမိ ကအနစ်နာခံကာ ဆောင်ရွက်ခြင်းစသော အကြောင်းတရားများကြောင့် လူဘဝတခုဖြစ်ပေါ်လာရပုံ (သို့မဟုတ်) (Social bond) တခုအကြောင်း ရေးသားခဲ့ပါသည်။ လူ့လောကတွင် အလုပ်လုပ်ကြရာ၌ လစ်ဘရယ်ကျသောအမြင်ဖြင့် ဆက်ဆံ တတ်ဖို့အကြောင်း ရေးသားခဲ့ပါသည်။ မိမိကိုယ်ကျိုး မပါသော၊ ရက်ရောသော၊ သာတူညီမျှသော၊ ကျေးဇူးတင်ရှိ သာသ ဘောထားများအကြောင်းဖြစ်ပါသည်။
ထို့နောက် ၁၆ ရာစုသို့ရောက်သောအခါ ပြင်သစ်မှ မွန်တိန်း (Michel Montaigne) က စာစီစာကုံးရေး ပြန်ပါသည်။ မွန်တိန်း သည် ဖီလိုဆိုဖါမဟုတ်၊ နိုင်ငံရေးသမားမဟုတ်ပါ၊ (Bardeaux) မြို့တော်ဝန်အဖြစ် နှစ်ကြိမ်အရွေးခံရပါသည်။ ကျွန်တော်တို့ အမြင်များသည် လူများလျင် များသလောက် ကွဲပြားကြပါသည်။ ဟိုလူ ယုံကြည်တာကတမျိုးဖြစ်နိုင်သလို မိမိကလည်း ယုံ ကြည်စရာတွေရှိသည်။ ထိုသို့ကွဲပြားမှုများကြောင့် တဦးကိုတဦး ရန်မူရန်မဟုတ်ဘဲ ချစ်ခင်ကြည်ညိုစိတ် (Compassion) ဖြင့်ဆက်ဆံရမည်။ မယုံကြည်ခြင်း၊ သံသယဖြစ်ခြင်းမပါ၊ တရာမျှတခြင်းနှင့်သဘောထားကြီးခြင်း၊ အမြဲတမ်းမှန်နေသော တရားများဖြင့် ဆက်ဆံကြရမည်။ သေးငယ်သော မတရားမှုများကို မလုပ်ကြတော့မှ မတရားမှုများကင်းစင်သွားမည်ဟု ပြောခဲ့သည်။ မွန်တိန်းရေးသောအချိန်ကို ခေတ်သ်လစ်ဘရယ်ဝါဒအစပျိုးချိန်ဟု ယူဆနိုင်ပါသည်။
ဥရောပတွေးခေါ်ပညာရှင်များတွင် ဟုဗ် (Thomes Hobbes /၁၅၈၈ – ၁၆၇၉) က လူတို့၏ပင်ကိုယ်စိတ်ဓါတ်မှာ တကိုယ် ကောင်းဆန်သည်၊ အထီးကျန်သည်၊ ကောက်ကျစ်၍ ညစ်ပတ်သော သဘောရှိသည်၊ ကြမ်းတမ်း ရက်စက်တတ်သည်။ ထို ရုန်းရင်းကြမ်းတမ်းသောသဘောကို ထိန်းချူပ်ရန် အစိုးရများက ဥပဒေထုတ်၍ ယဉ်ကျေးအောင်သွန်သင်ရမည်ဟု ဆို သည်။
ဂျွန်လော့ (John Locke) (၁၆၃၂ -၁၇၀၄) က ဥပဒေ ုတ်ရပြီဆိုသည်နှင့် လွတ်လပ်မှု ပျောက်ဆုံးရသည်။ စနစ်ကြီးက ဥပဒေကိုရေးသူနှင့် လိုက်နာသူများတို့သည် တဦးတည်းမဖြစ်စေရဟု ပြောခဲ့သည်။
အဒမ်စမစ် (Adam Smith) ၁၇၂၃ - ၁၇၀၀ မှာ “နိုင်ငံတို့၏ ကြွယ်ဝမှု” ကျမ်းကို ရေးသူဖြစ်သည်။ သူကစီးပွားရေးနှင့် ဈေး ကွက်တို့မှာ လွတ်လပ်မှုရှိရမည်။ ဈေးကွက်ကို မမြင်နိုင်သော လက်မဲကြီးက ကြီးစိုးအုပ်ချုပ်သည်ဟု ရေးခဲ့ပါသည်။ သူက လူတို့၏လုပ်အား၊ ကုန်သွယ်ခြင်းဖြင့် အကျိုးရှိပုံ၊ ငွေကြေးတို့၏ ရွေ့လျားခြင်းသဘော၊ ဈေးကွက်ကိုအစိုးရများနှင့် ကုမ္ပဏီ ကြီးများကချယ်လှယ်ပုံတို့ကို ရေးခဲ့ပါသည်။ ကမ္ဘာကြီးတခုလုံးသည် ဧရာမဈေးကွက်ကြီးလိုဖြစ်သွားပြီး ရောင်း ဝယ်ဖေါက် ကားသူများနှင့် ပြည့်နေရမည်ဟု ရေးခဲ့ပါသည်။
ဂျွန်စတူးဝပ်မေ (John Stuart Mill) ၁၈၀၆ - ၁၈၇၃ ကလည်း လူတို့၏ လွတ်လပ်ခွင့်ရရှိရေးဆိုရာ၌ ကန့်သတ်ချက်များ ရှိပါ သည်။ လူတို့၏ဆန္ဒကိုဆန့်ကျင်၍လုပ်ရခြင်းဖြစ်သဖြင့် အစိုးရများမှာ အခြားအပြစ်မဲ့သူများကို အန္တရာယ်မဖြစ်အောင် ကာ ကွယ်ကြရမည်ဟု ရေးသားခဲ့ပါသည်။ မေက လူအုပ်ဖြင့်ကြီးစိုးမှု (Tranny of the majority) အကြောင်း၊ အစိုးရများသည် အများအကျိုးကိုကာကွယ်ရန်အတွက် ဖိနှိပ်မှုများကို လုပ်ဆောင်ရမည်ဟု ရေးခဲ့ပါသည်။ လူတို့မတတ်နိုင်တော့သည့်အခါ အစိုးရများက ဝင်ရောက်ဖြေရှင်းပေးရမည်။
လစ်ဘရယ်ဝါဒသည် အများကောင်းကျိုးကို ရှေးရှုသောဝါဒဖြစ်သည်။ ပညာရှင်အများက ခေတ်ကာလအဆက်ဆက်ပြော ကြားခဲ့ကြသည်။ အီကိုနိုမစ်သတင်းစာကြီးက ဖီလိုဆိုဖါ ၁၁ ယောက်နာမည်ကိုဖေါ်ပြ၍ စာဖတ်သူတို့၏သဘောထားကို မေးမြန်းခဲ့သည်။ သူတို့အမြင်အရ စာရင်းတွင်ပါဝင်သင့်သူများကို တင်ပြရန်ဖြစ်ပါသည်။ ရက်သတ္တတ် ၆ ပါတ်အတွင်း စာပြန်သူ ၉၀၀ ခန့်က သူတို့တင်ပြလိုသူ ၃၀၀ ကျော်တို့ကို စာရင်းတင်ခဲ့ကြသည်။ သူတို့၏အဆိုအမိန့်များမှာ တနည်း မဟုတ် တနည်း လူဘောင်ကောင်းကျိုးကိုရှေ့ရှုသောစကားများသာဖြစ်ကြသည်။
(၃)
ဒုတိ.ကမ္ဘာစစ်အတွင်းက ပုလဲဆိပ်ကမ်းဗုံးကျဲမှု ဖြစ်ပွား၍ တနှစ်ခန့်ကြာသောအခါအမေရိကန်တို့စစ်နိုင်ဘို့ သေချာနေပါပြီ။ “စစ်ပြီးခေတ်တွင် ပြန်လည်တည်ဆောက်ရန် ဘယ်လိုပုံစံကိုယူမည်နည်း” ဟူသောမေးခွန်း ပေါ်လာပါသည်။ သမ္မတ ရုစဘဲ့ က ကနေဒါမှ ဝန်ကြီးချုပ် မက္ကင်ဇီ ကင်း (Mackenzie King) ကို အိမ်ဖြူတော်သို့ဖိတ်ခေါ်၍ စကားပြောကြပါသည်။ ထိုတွေ့ ဆုံမှုမှတ်တမ်းကို မက္ကင်ဇီးက ဒိုင်ယာရီရေးထားခဲ့၍ ကျွန်တော်တို့ သိကြရပါသည်။
အင်္ဂလန်နှင့် ပြင်သစ်တို့ကို ဧရာမ အင်ပါယာကြီးများခေတ်ကိုပြန်သွားရန် မဖြစ်နိုင်တော့ကြောင်း ပြောပြီးပါပြီ။ ရုစဘဲ့က ထိုကမ္ဘာကြီး၏ အခြေအနေကို (Liberal International Order) ဟုခေါ်ခဲ့ပါသည်။ ထိုအခြေအနေမှာ လွတ်လပ်မှုနှင့် မိမိ အရေးကို မိမိဘာသာ ဖန်တီးနိုင်ခွင့်များပါရှိရပါမည်။ ဤကမ္ဘာကြီးတွင်လွတ်လပ်သော ကုန်သွယ်မှုနှင့် လွတ်လပ်သောစီးပွားရေးစနစ်တို့ရှိရပါမည်။ အချင်းချင်း သံသယကင်းစွာ ဆက်ဆံနိုင်ကြပါသည်။ ကုန်သွယ်ရေးကို ပိုမိုလုပ်ဆောင်နိုင်ပြီး နိုင်ငံအချင်းချင်း ပိုမိုရင်းနှီးစွာဆက်ဆံမှုကို အလိုရှိပါသည်။ ကမ္ဘာကြီး ကို စည်းကမ်းတကျ ထိန်းချုပ်ပြီး နိုင်ငံရေးအငြင်းပွားမှုများကိုလည်း စည်းကမ်းတကျ ရှင်းပေးရပါမည်။ ကမ္ဘာ့ကုလသမဂ္ဂကိုဖွဲ့စည်းရမည်ဟု ပြောခဲ့ပါသည်။
ရုစဘဲ့ မျှော်မှန်းခဲ့သည့်အတိုင်း ကမ္ဘာကြီးမှာ လွတ်လပ်သောကုန်သွယ်ရေးနစ်သည် ပေါ်ထွန်းခဲ့ပါသည်။ ပထမ GATT General Agreement On Tariff And Trade) ပေါ်လာခဲ့ပါသည်။ ကနဦး ၁၉၇၀ ခုနှစ်က ဤသဘောတူညီမှုတွင် နိုင်ငံ ၇၀ ပါဝင်ခဲ့ပါသည်။ ထို့နောက် ၁၉၉၅ ခုနှစ်တွင် တကမ္ဘာလုံးပါဝင်သော (WTO World Trade Organization) ဟူ၍ပေါ် ပေါက်လာခဲ့ပါသည်။
အမေရိကန်တို့လုပ်ခဲ့သည်မှာ တပါးသူ၏အင်ပိုင်ယာများကိုဖြိုခွဲပြီး သူတို့အင်ပိုင်ယာကို ထူထောင်ခြင်းဖြစ်သည်ဟု ဆိုသူ တွေလည်းရှိသည်။ သို့သော် ဤကဲ့သို့ထူထောင်ရာတွင် လစ်ဘရယ်နည်းများကို သုံးသည်။ ထို့ကြောင့် လူသည် တမြေ ရပ်ခြားမှာမွေးသော်လည်း ရေမြေ၊ အခြေခံချင်းမတူသည့် အမေရိကန်ပြည်တွင် တအိုးတအိမ် ထူထောင်ကာ ကြီးပွားချမ်း သာစွာ နေနိုင်ကြခြင်းဖြစ်ပါသည်။ ဤနည်းဖြင့် ဘဝသစ်ထူထောင်သူတွေ တနေ့တခြားများပြားလာခြင်း ဖြစ်ပါသည်။
ဥရောပနိုင်ငံများအနေဖြင့် ၁၉၇၀ ခုနှစ်က နိုင်ငံ ၆ ခုသာ ရှိခဲ့ရာမှ ယခုအခါ နိုင်ငံ ၂၇ နိုင်ငံပါဝင်သော အဖွဲ့အစည်း ဖြစ်နေပါပြီ။ ပြင်ပရန်သူက လာရောက်တိုက်ခိုက်မှာကို စိုးရိမ်စရာမလိုတော့ပေ။ ယူကရိန်းနှင့် ခရိုင်မီးယားစစ်ပွဲမှာ မကြာသေးမှီကမှ ဖြစ်ပွားခဲ့သဖြင့် ပြည်ပရန်အကြောင်း အထူးဖေါ်ပြရန်မလိုတော့ပါ။
တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကို ကြည့်လျင်လည်း ပြည်သူများသည် တနေ့တဒေါ်လာဘဲရပြီး ဆင်းရဲသော နိုင်ငံများအဖြစ်မှ ကုန်သွယ်ရေးဖွံ့ဖြိုးမှုကို အခြေခံပြီး ဆင်းရဲတွင်းကလွတ်မြောက်သော နိုင်ငံများဖြစ်လာ ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ် လေးဆယ်က အိန္ဒိယကိုသွားပြီးကြည့်လျှင် အလယ်ခေတ်က လူတွေနေကြသလို ဆင်းဆင်းရဲရဲဖြစ်ပါသည်။ ယခု အခါ မိုဘိုင်းဖုန်းနှင့် တယ်လီဗေးရှင်း၊ အင်တာနက်တွေနှင့် ဖြစ်နေပါပြီ။ သူတို့မှာ စားစရာတွေ ဆေးဝါးတွေအလျှံအပယ်ရှိနေကြပါပြီ။ ဤသည်တို့မှာ လွတ်လပ်သောလစ် ဘရယ်ဝါဒ၏အကျိုးကျေးဇူးများဖြစ်ကြပါသည်။
ခေတ်သစ်တွင် လစ်ဘရယ်ဝါဒနှင့်ပတ်သက်၍ထင်ရှားသော စာရေးဆရာမှာ ဖိုးဆက် (Edmund Fawcett) ဖြစ်သည်။ ဖိုး ဆက်က လစ်ဘရယ်ဝါဒသည် ထင်ရှားသောရာဇဝင်များရှိခဲ့သည်။ ဤလူ့ဘောင်လောကသည် တဦးနှင့်တဦး တိုက်ခိုက်ရာ နေရာ ဖြစ်ပြီးအပြိုင်အဆိုင်များ၊ ပဋိပက္ခများဖြင့်ပြည့်နေသည်။ ထိုပြိုင်ဆိုင်မှုများသည် အကျိုးရှိသောငြင်းခုန်မှုများပါဝင်ရ မည်။ လူ့လောကသည် ရွေ့ရှားပြောင်းလဲနေသည်။ အာဏာရှင်များကို သံသယဝင်မှုများ၊ မယုံသင်္ကာဖြစ်မှုများ ရှိမည်။ လူ ပုဂ္ဂိုလ်တဦးချင်းအရမူ လွတ်လပ်ခွင့်ရရှိကြမည်။ မည်သို့ပင်အာဏာရှိသူက ဖိနှိပ်ပါစေ၊ လူတို့၏လွတ်လပ်ခွင့် ကတော့ပျောက် သွားမည်မဟုတ်။
လစ်ဘရယ်ဝါဒတွင် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ (Component) အသီးသီးတို့ရှိကြမည်ဖြစ်၏။ ၎င်းသည် ဒီမိုကရေစီနှင့်တွဲ၍ပါလာခြင်းမဟုတ်၊ သီးခြားဖန်တီးယူရသည်။ ထို့ပြင် လစ်ဘရယ်ဝါဒကိုသင်ယူရခြင်း ဖြစ်သည်။ မွေးကတည်း က တတ်မြောက်လာခြင်းမဟုတ်ပေ။
ခေတ်သစ်၏ပြယုဂ်မှာ ဂျွန်မက်ကိန်း (John McCane) သည် ရွေးကောက်ပွဲတွင် သမ္မတအိုဘားမားကို ရှုံးနိမ့်သည်။ ထိုသို့ ရှုံးနိမ့်ကြောင်း (Concession speech) ပြောကြားခြင်းမှာ လှိုက်လှိုက်လှဲလှဲ ရှိလှသည်။ ထိုစကားပြောသောအချိန်မှာ လစ် ဘရယ်ဝါဒ အောင်မြင်သောအချိန်ဖြစ်ပါသည်။
၁၉၈၀ ခုနှစ်များက ဈေးကွက်လွတ်လပ်သည်နှင့်အတူ လစ်ဘရယ်ဝါဒ၏ အကောင်းဆုံး၊ အအောင်မြင်ဆုံးအချိန်များ ရောက်ခဲ့ပါသည်။၂၀၀၈ ခုနှစ်တွင် စီးပွားရေးအကြပ်အတည်းနှင့်အတူ အောင်မြင်ခြင်းအဆုံးသပ်ခဲ့သည်။
(၄)
ကမ္ဘာကြီးကို ဤနေရာရောက်အောင် လစ်ဘရယ်ဝါဒက လုပ်ဆောင်ပေးခဲ့ပါသည်။ ထိုသို့တိုးတက်လာသော ကမ္ဘာကြီးက မိမိဝါဒ ကိုမိမိကိုယ်တိုင် ဖျက်ဆီးနေသည်နှင့်တူလှပါသည်။ ဒေါ်နယ်ထရမ့်၏ အမေရိကန်သည် ပထမဟူသောမူဝါဒ၊ အင်္ဂလန်နိုင်ငံ၏ဥရောပကောင်စီမှ ခွဲထွက်ခြင်းကိစ္စ၊ ဟန်ဂေရီ ဝန်ကြီးချုပ်၏အာဏာရှင် ဆန်ဆန်အပြုအမူ၊ တူရကီအစိုးရ၏ မဲမနိုင်မချင်း ရွေးကောက်ပွဲကို ထပ်မံလုပ်နေခြင်းကိစ္စ၊ ဖိလိပိုင်တွင် ဆေးနှင့်ပတ်သက်၍ လူအများအပြားသေကြေရသော ကိစ္စ၊ ဆော်ဒီအာရေးဗီးယားတွင် သတင်းထောက်တယောက် အသတ်ခံရခြင်းကိစ္စ အစရှိသည်တို့မှာ လစ်ဘရယ်မူဝါဒ၏ အနုတ်လက္ခဏာများကို ပြသနေပေသည်။
ကိုသန်းလွင်