Breaking News

ဆက်ဝေမိုး ● သစ္စာဖောက်မ

ဆက်ဝေမိုး ● သစ္စာဖောက်မ
(မိုးမခ) ဇွန် ၁၆၊ ၂၀၁၉

ရန်ကုန်တက္ကသိုလ်၊ တောင်ငူဆောင်
တောင်ပိန္နဲရဲ့ ကွေ့ကွေ့ကောက်ကောက်လမ်းကလေးဟာ
ပန်းနုရောင်ဖိနပ်လေးကို စတင် သယ်ဆောင်လာ။

ငှဲ့လက်စ ရေနွေးကြမ်းတွေ …
မှုတ်ထုတ်လက်စ မီးခိုးငွေ့တွေ …
ပြောလက်စ စကားသံတွေ …
ပန်းနုရောင်ဖိနပ်လေးဆီ စီးမျောသွားကြ။

အခိုက်အတန့်လေးဆီ
နှလုံးသားတစုံနဲ့ 
ဘဝပါ အဆစ်ထည့်ခဲ့။

အနှစ်သုံးဆယ်ကျော် ကြာလာတဲ့အခါ …
မျက်ဝန်းလေးတချက်တောင် မဝေ့တော့တဲ့သူ
ဆက်လွမ်းနေရဦးမှာလား
မုန်းတယ်။ ။

ဆက်ဝေမိုး
ညသန်းခေါင်ကျော်
၁၅.၆.၂၀၁၉