Breaking News

မောင်မောင်စိုး - ကျိုင်းတုံစစ်တမ်း - အခန်း ၁ အပိုင်း ၄

မောင်မောင်စိုး - ကျိုင်းတုံစစ်တမ်း - အခန်း ၁ အပိုင်း ၄

(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၉

မိုင်းယန်းမြို့ နယ်

မိုင်းယန်းမြို့ နယ်အား ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၂၇/၇/၁၉၇၂ ရက်နေ့နှင့် ၄/၈/၁၉၇၂ ရက်စွဲပါ အမိန့်ကြေညာစာများဖြင့် ဖွဲ့စည်းခဲ့သည်။ မိုင်းယန်းမြို့ သည် ကျိုင်းတုံ၏မြောက်ဖက် ၇၃ မိုင်အကွာ၊ မိုင်းခတ်မြို့၏ မြောက်ဖက် ၂၂ မိုင်အကွာတွင်ရှိသည်။ မိုင်းယန်းမြိုနယ်သည်အရှေ့ ဖက်တွင် ကျိုင်းတုံမြို့နယ်နှင့် ၁၈ မိုင်၊ တောင်ဖက် မိုင်းခတ်မြို့နယ်နှင့် ၂၂ မိုင်၊ အနောက်ဖက် မက်မန်းမြို့နယ်နှင့် ၁၇ မိုင် နယ်နမိတ်ချင်း ဆက်စပ်နေသည်။

မိုင်းယန်းမြို့နယ်၏ မြောက်ဖက်သည် ဝ နယ်နှင့်နယ်နမိတ်ချင်းဆက်စပ်နေသည်။ မိုင်းယန်းမြို့နယ်သည် အကျယ်အဝန်း ၁၀၄၉.၆၇ စတုရန်းမိုင်၊ ၆၇၁၇၉၁ ဧကကျယ်ဝန်းသည်။ အရှေ့မြောက်ဖက်တွင် တရုတ်ပြည်နှင့် ဆက်စပ်နေသည်။

မိုင်းယန်းမြို့ နယ်သည် ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၃၀၀၀/ ၄၀၀၀ ခန့်ရှိသည့် တောင်တန်းမြေမြင့်ဒေသဖြစ်သည်။ မြို့နယ်အတွင်း နမ့်ယန်း၊ နမ့်လွေ၊ နမ့်ဝ စသည့် ချောင်း ၃ ချောင်းစီးဆင်းနေသည်။ မိုင်းယန်းမြို့ နယ်သည် အေးမြသော ရာသီဥတုရှိပြီး လွန်ခဲ့သော ၇ နှစ်အတွင်း နွေရာသီ၌ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်ရှိပြီး ဆောင်းရာသီ၌ အနိမ့်ဆုံး အပူချိန် ၃ ဒီဂရီစင်တီဂရိတ်ရှိသည်။ တနှစ်လျင် ပျမ်းမျှ ရက် ၉၀ ခန့် မိုးရွာသွန်းပြီး စုစုပေါင်းမိုးရေချိန်ပျမ်းမျှ ၄၅ လက္မ ခန့်ရှိပါသည်။

မိုင်းယန်းမြို့ နယ်အတွင်းရှိ သစ်တောများတွင် သစ်ရာ၊ သစ်အယ်၊ မအူလက်တံ၊ လက်ပံတို့နှင့် တင်းဝါး၊ ကြခတ်ဝါး၊ ထီးရိုးဝါးတို့ပေါက်ကြသည်။ မိုင်းယန်းမြို့နယ်တောတောင်များအတွင်း ဂျီ ၊ တောဝက်၊ တောကြက်၊ သင်းခွေချပ်၊ ဖွတ်၊ ကြက်တူးရွေး၊ ခါ၊ မျောက်၊ ငုံးနှင့်ယုန်စသည့် တောကောင်များ နေထိုင်ကျက်စားကြပါသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်ထိ အထွေထွေအုပ်ချ ုပ်ရေးဦးစီးဌာန၏စာရင်းဇယားများအရ မိုင်းယန်းမြို့နယ်အတွင်းရှိ လူဦးရေမှာ အောက်ပါ အတိုင်းဖြစ်သည်။

၁။ ရှမ်း - ၁၈,၅၉၆ ဦး
၂။ လားဟူ - ၁၄,၇၇၈ ဦး
၃။ အာခါ - ၄,၄၇၄ ဦး
၄။ ဝ - ၁,၇၄၃ ဦး
၅။ ဗမာ - ၆,၇၉၆ ဦး
၆။ ကချင် - ၈၉၈ ဦးတို့အများစုနေထိုင်ကြပြီး ကျန်အနဲစု တိုင်းရင်းသားများအပါ လူဦးရေ စုစုပေါင်း ၄၉,၅၃၇ ဦးရှိသည်။

မိုင်းယန်းမြို့ပေါ်တွင် ရပ်ကွက် ၁၃ ခု၊ အိမ်ခြေ ၁၈၈၃ အိမ်၊ အိမ်ထောင်စု ၁,၈၈၇ စု ရှိသည်။ ကျေးရွာအုပ်စု ၁၅ အုပ်စုတွင် အိမ်ခြေ ၁၀,၅၆၄ အိမ်နှင့် အိမ်ထောင်စု ၁၀,၅၂၄ စု ရှိသည်။

မိုင်းယန်းနယ်မြေသည် ဖွဲ့စည်းပုံအရကျယ်ဝန်းသော်လည်း အစိုးရ အထွေထွေအုပ်ချ ုပ်ရေးဦးစီးဌာန၏ ထိမ်းချ ုပ်မှု အောက်တွင်
အိမ်ခြေ - ၁,၅၇၃ အိမ် ၊
အိမ်ထောင်စု - ၁,၅၄၅ စု၊
လူဦးရေ ကျား - ၅,၀၁၈ ဦး၊ မ ၅,၀၇၂ ဦး၊
စုစုပေါင်း ၁၀,၀၉၀ ဦး ရှိသည်။

အထွေထွေအုပ်ချ ုပ်ရေးဦးစီးဌာနအောက်တွင်မရှိသည့် အိမ်ခြေနှင့် လူဦးရေမှာ
အိမ်ခြေ - ၁၁,၀၄၇ အိမ်
အိမ်ထောင်စု - ၁၂,၅၈၈ စု
လူဦးရေ ကျား ၂၀,၂၇၉ ဦး/ မ ၁,၉၁၆၈ ဦး
စုစုပေါင်း ၃၉,၄၄၇ ဦး တို့ဖြစ်ပါသည်။

မိုင်းယန်းမြို့နယ်အတွင်း မိုင်းယန်းအရှေ့ဖက်ရှိ ဆီလူးဒေသအား PSC /NDAA ထိမ်းချ ုပ်ထားရှိပြီး မိုင်းယန်းမြောက်ဖက်ရှိ မုန်ဖျင်၊မိုင်းပေါက်၊ ဟိုတောင်းဒေသတို့သည် UWSP/UWSA ၏ ထိမ်းချ ုပ်မှု အောက်တွင်ရှိပါ သည်။

ဘာသာရေး ကိုးကွယ်မှု မှာ
၁။ ဗုဒ္ဓဘာသာ - ၂၈,၈၃၅ ဦး
၂။ ခရစ်ယာန် -  ၁၉,၄၂၄ ဦး
၃။ အခြား - ၁,၂၇၈ ဦး ဖြစ်သည်။

မိုင်းယန်းမြို့ နယ်အတွင်း ဗုဒ္ဓဘာသာ ဘုရားစေတီ ၅၂ ဆူ၊ ဘုန်းကြီးကျောင်း ၁၆ ကျောင်း၊ ရဟန်း ၃၂ ပါး၊ သာမဏေ ၁၇၈ ပါးရှိသည်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်း မြို့ပေါ်၌ ၂ ကျောင်း၊ ကျေ းရွာ၌ ၂ ကျောင်းရှိသည်။

မိုင်းယန်းမြို့နယ်အတွင်း မြေအမျ ိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ လယ်မြေ - ၁၉,၃၆၈ ဧက
၂။ ယာမြေ  - ၂,၅၃၆၈ ဧက
၃။ တောင်ယာ - ၁၁,၁၅၀ ဧက
၄။ ဥယျ ဉ်မြေ - ၉,၃၄၄ ဧက
၅။ မြေရိုင်း - ၉၉,၄၂၈ ဧက
၆။ တောရိုင်း - ၁၇၀,၀၀၀ ဧက
၇။ စိုက်မရမြေ - ၃၃၇,၁၃၃ ဧက တို့ဖြစ်သည်။

စိုက်ပျ ို းသီးနှံနှင့်ထွက်ရှိမှု မှာ အောက်ပါအတိုင်းဖြစ်သည်။

စဉ် - အမျ ို းအစား - စိုက်ဧက - ထွက်ရှိမှု
၁။ မိုးစပါး - ၃၉,၅၅၀ -
၂။ အစေ့ထုတ်ပြောင်း(မိုး) -  ၆,၁၀၄ -
၃။ မြေပဲ - ၂,၁၁၇ -
၄။ ​ကြံ - ၅,၃၃၈ -
၅။ လဘက် -  ၅၂ -
၆။ ရာဘာ - ၅၃၅ -
၇။ ပဲပုပ် - ၆,၂၅၇ - ၁၁,၂၆၈၁ တင်း
၈။ အခြားပဲ - ၈၅၄ - ၁၀,၀၉၆ တင်း
၉။ ငရုတ်် - ၆၁၁ - ၄၅၇,၆၆၇ ပိသာ
၁၀။ အာလူး - ၂၈၅ - ၈၁၇, ၅၈၇ ပိသာ
၁၁။ အခြားဟင်းမွွှေး - ၉၅ - ၁၃၂,၂၄၅ ပိသာ

မိုင်းယန်းမြို့နယ်၏ အဓိက အသက်မွေးဝမ်းကြောင်းမှာ စိုက်ပျ ို းရေးဖြစ်သည်။ မြို့ နယ်တွင်း ဆန်ဖူလုံမှု ၃၃၉.၁၂% ရှိပြီး၊ ဆီဖူလုံမှု ၁၀၉.၀၁ % ရှိသည်။ ပိုလျံ သည့် ဆန်နှှင့်ပြောင်းအား တရုတ်ပြည်သို့ တင်ပို့ရောင်းချသည်။ စိုက်ပျ ို းရေးကဏ္ဏတွင် ကျွဲ ၁၁၆၇ ကောင်၊ နွား ၂၇၄၀ ကောင်တို့ အပြင် လက်တွန်းလယ်ထွန်စက် ၈၇၃ စီးနှင့် ခြွေ့လှေစက် ၁၆၇ စင်းအား အသုံးပြု လျက်ရှပါသည်။

မိုင်းယန်းမြို့နယ်တွင် မွေးမြူ ရေးကဏ္ဏ၌ ၂၀၁၆/၂၀၁၇ အခြေအနေမှာ

၁။ ကျွဲ ၁,၆၈၅ ကောင်
၂။ နွား ၅,၁၁၀ ကောင်
၃။ ဝက် ၇,၃၃၆ ကောင်
၄။ သိုး/ဆိတ် ၂၁၂ ကောင်
၅။ ကြက် ၁၀၆,၇၃၉ ကောင်
၆။ ဘဲ ၂,၉၈၁ ကောင် တို့ဖြစ်သည်ဟု အထွေထွေအုပ်ချ ုပ်ရေး ဦးစီးဌာနက ဖေါ်ပြထားပါသည်။

မိုင်းယန်းမြို့နယ်တွင်း အလုပ်လုပ်နိုင်သူ ၃၈,၃၃၇ ဦးရှိပြီး၊ အလုပ်ရှိသူ ၁၇,၆၉၇ ဦးရှိပြီး အလုပ်လက်မဲ့ ၂၀,၆၄၀ ဦးရှိရာ အလုပ်လက်မဲ့ရာခိုင်နှုံး ၅၃.၈၄% ရှိသည်ဟုဆိုသည်။ မိုင်းယန်းမြို့နယ်အတွင်း မြစိမ်းရောင်ရွာ မရှိ ပါ။

အဓိက ဆက်သွယ်ရေးလမ်းကြောင်းမှာ အရှည် ၇၃ မိုင်ရှည်လျားသည့် မိုင်းယန်း၊ မိုင်းခတ်၊ ကျိုင်းတုံကားလမ်းဖြစ်သည်။ ရွှေကျားဖြူ ယာဉ်လိုင်းသည် မိုင်းယန်းမှ ကျိုင်းတုံနှင့်တာချီလိတ်သို့ ပြေးဆွဲသည်။ မိုင်းယန်း၊ ကျိုင်းတုံ ကားလမ်းအား ကတ္တရာခင်းထားသော်လည်း လမ်းကျ ဉ်း၍ လမ်းကြမ်းသည်။ ကားနှစ်စီး ယှဉ်မောင်း၍မရပေ။ မိုင်းယန်းမှ PSC/NDAA ထိမ်းချ ုပ် ဆီလူးနှင့် မိုင်းလားသို့၎င်း၊ USA ထိမ်းချ ုပ်ရာ ဟိုတောင်း၊ မိုင်းပေါက်သို့၎င်း ကူးသန်းသွားလာနိုင်သည်။ မိုင်းယန်းမှ ဆီလူးသို့ ၆ မိုင်ခန့်ကွာဝေးပြီး မိုင်းလားသို့ ၄၀ မိုင်ခန့်ကွာဝေးသည်။ မိုင်းယန်းမှ ဆီလူး၊ မိုင်းလားလမ်း သည် အထူးကောင်းမွန်သည်။ ကား၂ စီးလွတ်လပ်စွာယှဉ်၍မောင်းနိုင်သည့် ကတ္တရာလမ်းကျယ်ဖြစ်သည်။ မိုင်းယန်းမှ ဟိုတောင်းသို့ ၂၂ မိုင်၊ မိုင်းပေါက် ထိ မိုင် ၅၀ ဝေးကွာပြီး လက်ရှိ လမ်းအနဲငယ်ကြမ်းသည်။ သို့သော် ၂၀၁၉ ခုနှစ် ဧပြီမတိုင်မီ အပြီးရာထား၍ UWSA က လမ်းဖေါက်လုပ်ခဲ့သည်။

ပညာရေးကဏ္ဏ၌ မိုင်းယန်းမြို့၌ အထက ၁ ကျောင်း( ဆရာ ၇ ဦး၊ ကျောင်းသား ၄၈၃ ဦး)၊ အလက ၁ ကျောင်း ( ဆရာ ၇ ဦး၊ ကျောင်းသား ၁၈၂ ဦး)ရှိသည်။ မြို့နယ်တွင်း၌ အမက ၁၈ ကျောင်း (ဆရာ ၄၉ ဦး၊ ကျောင်းသား ၄၀၉ ဦး)၊ အမကခွဲ ၂၉ ကျောင်း (ဆရာ ၂၉ ဦး၊ ကျောင်းသား ၁၈၉ ဦး) ရှိပါသည်။ UWSA ထိမ်းချ ုပ်ရာ မိုင်းပေါက်တွင် အထက ကျောင်းတကျောင်း NDAA ထိမ်းချ ုပ်ရာ ဆီလူးတွင် အလက ကျောင်းတကျောင်းဖွင့်လှစ်ထားရှိသည်ဟုဆိုသည်။

မိုင်းယန်းမြို့နယ်အတွင်း ကျောင်းနေရွယ်ကလေးအပ်နှံမှု မှာ
၅ နှစ်ပြည့်ကလေး ၄၆၄ ဦး
ကျောင်းအပ်နှံမှု ၂၀၉ ဦး
ကျောင်းအပ်နှုံ း ၄၅% ရှိပါသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်မှု မှာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၌
စာရင်းရှိ ၆၀ ဦး
ဖြေဆို ၅၉ ဦး
အောင်မြင် ၁၀ ဦး၊
အောင်ချက် ၁၆.၉၅% ဖြစ်ပါသည်။

စာတတ်မြောက်မှုနှုံ းမှာ
မြို့ နယ်လူဦးရေ ၄၉၅၃၇ ဦး
၁၅ နှစ် အထက်လူဦးရေ ၂၅၁၄၁ ဦး
စာတတ်မြောက်သူ ၂၄၀၀၀ ဦး
စာတတ်မြောက်နှုံ း ၉၅.၄၆%

ကျန်းမာရေးကဏ္ဏ၌ မိုင်းယန်းမြို့ နယ်၌ ၂၅ ကုတင်ဆန့် ဆေးရုံ ၁ ခုနှင့် နားကျော့၊ မိုင်းလွေ၊ ဝမ်ယိုမိုင်၊ နမ့်မုတ်တို့တွင် ကျေ းလက်ကျန်းမာရေးဌာန ၄ ခုဖွင့်လှစ်ထားသည်ဟုဆိုသည်။ ဆရာဝန် ၃ ဦး၊ သူနာပြု ၂၀၊ လက်ထောက်ကျန်းမာရေးမှူ း ၂ ဦးရှိသည်ဟုဆိုသည်။ ဆရာဝန်နှင့်လူဦးရေအချ ိုးမှာ ၁: ၁၆၅၀၁ ၊ သူနာပြု နှင့် လူဦးရေအချ ို းမှ ၁: ၂၄၇၆ ၊ လက်ထောက်ကျန်းမာရေးမှူ းနှင့်လူဦးရေအချ ို းမှာ ၁: ၂၄၇၆၈ ဖြစ်သည်။ ဒေသတွင်းအဖြစ်များဆုံးရောဂါမှာ ဝမ်းလျှော၊ ဝမ်းကိုက်နှင့် တီဘီဟုဆိုသည်။ ကိုယ်ဝန်ဆောင် မိခင် ကိုယ်ဝန်ပျက်ကျ နှုံ းမှာ ၃.၃၇% ဖြစ်သည်ဟုဆိုပါသည်။

UWSA ထိမ်းချ ုပ်ရာ မိုင်းပေါက်နှင့် မိုင်းဖျန်တွင် ၁၆ ကုတင်ဆန့်ဆေးရုံ ၂ ခု၊ ဟိုတောင်းတွင် နယ်စပ်ဆေးပေးခန်း ၁ ခု၊ NDAA ထိမ်းချ ုပ်ရာ ဆီလူး ဒေသတွင် နယ်စပ်ဆေးပေးခန်းတခုဖွင့်လှစ်သည်ဟု စာရင်းပြထားသော် လည်း ဖွဲ့စည်းပုံမပြည့် သို့မဟုတ် ဝန်ထမ်းများမရှိဟု ဒေသခံများက ဆိုပါသည်။

၂၀၁၆/၁၇ ဘဏ္ဏာနှစ်အတွင်း အစိုးရ၏ လျပ်စစ်မီးလင်းရေးစီမံကိန်းများ ဆောင်ရွက်ခြင်းမရှိဟုဆိုပါသည်။

မိုင်းယန်းမြို့ နယ်အတွင်း အခြေစိုက်သော နိုင်ငံရေးပါတီများမှာ

၁။ NLD
၂။ USDP
၃။ SNLD
၄။ SNDP
၅။ တစည
၆။ NDF တို့ဖြစ်ပါသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မိုင်းယန်းမြို နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလည်နေရာအတွက် အရွေးခံရာတွင်

မဲပေးနိုင်သူ ၇၉၀၃ ဦး
မဲလာပေးသူ ၄၆၅၁ ဦး ၅၈.၈၅%
USDP က ၂၁၁၃ ဦး ၄၅.၄၃% ဖြင့်အနိုင်ရသည်။
NLD က ၁၀၅၃ ဦး ၂၂.၆၄% ဖြင့် ဒုတိယ၊
SNDP က ၃၂၉ ဦး ၇.၂၁% ဖြင့်တတိယ
SNLD က ၃၁၇ ဦး ၆.၈၁% ဖြင့် စတုတ္တလိုက်ပါသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ပြည်နယ်လွှတ်တော်အမှတ် ၁ ၌

မဲပေးနိုင်သူ ၄၁၂၂ ဦး
မဲလာပေးသူ ၃၁၄၇ ဦး ၇၆.၃၅%
USDP က ၁၁၆၄ ဦး ၄၇.၄၉% ဖြင့်အနိုင်ရသည်။
NLD က ၇၅၅ ဦး ၃၀.၈၀% ဖြင့် ဒုတိယ။
SNLD က ၂၆၃ ဦး ၁၀.၇၃% ဖြင့်တတိယလိုက်ပါသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ပြည်နယ်လွှတ်တော် အမှတ် ၂ တွင်

မဲပေးနိုင်သူ ၃၇၈၁ ဦး
မဲလာပေးသူ ၂၀၀၉ ဦး ၅၃.၁၃%
USDP က ၉၆၁ ဦး ၅၇.၀၇% ဖြင့်အနိုင်ရပါသည်။
NLD က ၂၇၅ ဦး ၁၆.၃၃% ဖြင့် ဒုတိယ
SNDP က ၂၃၁ ဦး ၁၃.၇၂% ဖြင့် တတိယလိုက်ပါသည်။

၂၀၁၅ ခုနှှစ် မိုင်းယန်းမြို့နယ်မဲဆန္ဒပေးခွင့်ရှိသူလူဦးရေမှာ
ကျား ၄၀၃၁ ဦး
မ ၃၈၇၂ ဦး
စုစုပေါင်း ၇၉၀၃ ဦးဖြစ်သည်ဟူ၍ ၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်တွင် ထုတ်ပြန်သည့် အထွေထွေအုပ်ချ ပ်ရေးဦးစီးဌာနစာရင်းတွင်လည်း ထပ်မံဖေါ်ပြထားပါသည်။

ဆက်လက်ဖေါ်ပြပါမည်

မောင်မောင်စိုး