Breaking News

မောင်မောင်စိုး - ကျိုင်းတုံ စစ်တမ်း (အခန်း ၁၊ အပိုင်း ၂)


မောင်မောင်စိုး - ကျိုင်းတုံ စစ်တမ်း (အခန်း ၁၊ အပိုင်း ၂)

(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၉

လက်ရှိ အစိုးရအုပ်ချုပ်ရေးဖွဲ့စည်းပုံရှမ်းပြည်နယ်အရှေ့ခြမ်းတွင် လက်ရှိ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၏ အုပ်ချူပ်ရေးဖွဲ့စည်းပုံအရ ခရိုင် ၃ ခရိုင်ကို အောက်ပါအတိုင်း ဖွဲ့စည်းထား ရှိသည်။

၁။ ကျိုင်းတုံခရိုင်
၂။ တာချီလိတ်ခရိုင်
၃။ မိုင်းဆတ်ခရိုင် တို့ဖြစ်ကြသည်။

ခရိုင်အလိုက်ပါဝင်သည့် မြို့ နယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ကျိူင်းတုံခရိုင်

(က) ကျိူင်းတုံမြို့နယ်
(ခ) မိုင်းခတ်မြို့နယ်
(ဂ) မိုင်းယန်းမြို့ နယ်
(ဃ) မိုင်းပျ ဉ်းမြို့နယ်
(င) မိုင်းလားမြို့ နယ်

၂။ တာချီလိတ်ခရိုင်

(က) တာချီလိတ်မြို့ နယ်
(ခ) မိုင်းဖြတ်မြို့နယ်
(ဂ) မိုင်းယောင်းမြို့နယ်

၃။ မိုင်းဆတ်ခရိုင်

(က) မိုင်းဆတ်မြို့နယ်
(ခ) မိုင်းတုံမြို့ နယ် တို့ဖြစ်ကြသည်။

အဆိုပါမြို့ နယ်တခုချင်းနှင့်ပတ်သက်၍ အစိုးရ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနနှင့် အခြားအသင်းအဖွဲ့တို့မှထုတ်ပြန်သည့် အားထားလောက်သည့် ကိန်းဂဏန်းအချက်အလက်များကို ဦးစွာဖေါ်ပြပြီး ၎င်းတို့နှင့်ဆက်နွယ်နေသည့်အချက်အလက်များနှင့် သုံးသပ်ချက်များ၊ သမိုင်းကြောင်းများ၊ ပကတိ အချက်အလက်များကို ဆက်လက်ဖေါ်ပြပါမည်။

ကျိူင်းတုံမြို့ နယ် ကျိူင်းတုံသည် ရှမ်းအရှေ့၌ အချက်အခြာကျသောမြို့ ဖြစ်သည်။  ကျိူင်းတုံမြို့ နယ်သည် အရှေ့အနောက် ၆၂ မိုင်၊ တောင်မြောက် ၆၃ မိုင်ရှိပြီး ဧရိယာ ၁၄၆၀.၉ စတုရန်းမိုင်ရှိသည်။ အရှေ့ဖက်တွင် မိုင်းယောင်းမြို့နယ်၊ အနောက် ဖက်တွင် မိုင်းပျ ဉ်းမြို့နယ်၊ တုံတာ၊ တောင်ဖက်တွင် မိုင်းဖြတ်မြို့နယ်၊ မိုင်း ဆတ်မြို့နယ်၊ မြောက်ဖက်တွင် မိုင်းလားမြို့ နယ်၊ မိုင်းခတ်မြို့နယ်များနှင့်ဆက် စပ်နေသည်။

ကျိူင်းတုံချိူင့်ဝှမ်းလွင်ပြင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၁၀ ပေ တွင်ရှိပြီး ပေ ၅၀ဝ၀မှ ၇၀ဝ၀ ထိမြင့်မားသော တောင်းတန်းများ ယှက်သွယ်၍ ဝိုင်းရံနေသည်။ မြစ်ချောင်း နဲပါးသည်။ ချောင်းများသည် တောင်မှမြောက်သို့ စီးဆင်းသည်။ နမ့်ခင်ချောင်းသည် ထင်ရှားသည်။

ကျိူင်းတုံမြို့နယ်တွင် အမြင့်ဆုံးတောင်မှာ ကတ်ထိုက်အုပ်စုတွင်းမှ လွယ်ဖီးတောင် ဖြစ်ပြီး ၇၅၀ဝ ပေခန့်မြင့်မားသည်။ မြို့ နယ်တွင်း အမြင့်ဆုံးအရပ်ဒေသမှာ လွယ်မွေကျေးရွာအုပ်စုဖြစ်သည်။

ပြီးခဲ့သော ၇ နှစ်အတွင်းမှတ်တမ်းများအရ တနှစ်လျင် အနဲဆုံး ၈၀ ရက်မှ အများဆုံး ၁၁၅ ရက်ထိ မိုးရွာပြီး နွေရာသီတွင်ပုံမှန်အားဖြင့် ၃၀ ဒီဂရီ စင်တီဂရိတ်ခန့်ရှိပြီး ဆောင်းတွင်း၌ ယေဘူယျအားဖြင့် ၁၈ ဒီဂရီခန့်ရှိပါ သည်။

ကျိူင်းတုံမြို့နယ်တွင် တောတောင်များတွင် သစ်မာအုပ်စုဝင် သစ်ယား၊ သစ်ချ ၊ သစ်အယ်၊ ပျ ဉ်းမ၊ တောင်တမာစသည့်အပင်များ၊ တင်းဝါး၊ ဝါးဘိုး နှင့်အခြားဝါးများပေါက်ရောက်သည်။ အများဆုံးတွေ့ရသည့် တောရိုင်းတိရိ စ္ဆာန်မှာ တောဝက်၊ ဂျီ နှင့်တောကြောင်တို့ဖြစ်သည်။

 မြို့နယ်တွင်း၌ ကြိုးဝိုင်း သစ်တော ၅၃၀၁၀၉ ဧက၊ ကြိုးပြင် ၂၅၁၀၂၀၃ ဧက နှင့် လွယ်မွေသဘာဝ ထိမ်းသိမ်းရေး ၁၀၂၁၈ ဧကရှိသည်။၂၀၁၇ ခုနှစ် မတ်လအထိ အထွေထွေအုပ်ချ ုပ်ရေးဌာန၏ စာရင်းများအရ ကျိူင်းတုံမြို့ နယ်အတွင်း၌

၁။ ရှမ်း      ၇၀,၈၅၄ ဦး
၂။ လားဟူ ၄၁,၂၄၇ ဦး
၃။ အာခါ  ၂၉,၃၇၉ ဦး
၄။ ဝ          ၇၂၀၂ ဦး
၅။ ဗမာ      ၇၁၀၄ ဦး
၆။ လီရှော ၄၈၁၂ ဦး
၇။ လွယ်   ၃၆၉၈ ဦး
၈။ ကချင်   ၁၃၁၆ ဦးတို့သည်အများစုနေထိုင်ကြသူများဖြစ်ပြီး ကျန် တိုင်းရင်းသားအချိူ့ရှိသေးသော်လည်း လူဦးရေ ဆယ်ဂဏန်း ရာဂဏန်း မျှ သာရှိသည်။ စုစုပေါင်းလူဦးရေမှာ ၁၆၉,၇၃၀ ဦးဖြစ်သည်။ နိုင်ငံခြားသား တရုတ် ၂၆၁၂ ဦး ၊ အိန္ဒိယနွယ်ဖွါး ၃၃၃ ဦးနှင့်ပါကစ္စတန် ၄ ဦးရှိသည်။

ကျိူင်းတုံမြို့ နယ်အတွင်း မြို့ ပေါ်ရပ်ကွက် ၅ ခု၌ အိမ်ခြေ ၇၁၄၄ အိမ်ရှိ ပြီး အိမ်ထောင်စု ၇၁၉၃ ရှိသည်။ မြို့နယ်တွင်း ကျေးရွာအုပ်စု ၃၀ နှင့်ကျေးရွာ ပေါင်း ၆၄၁ ရွာရှိပြီး အိမ်ခြေ ၁၉၁၆၅ အိမ်၊ အိမ်ထောင်စု ၁၉၆၉၆ ရှိသည်။

ဘာသာရေးကိုးကွယ်မှု မှာဗုဒ္ဓဘာသာ - ၁၁၆,၁၄၅ ဦး
ခရစ်ယာန် - ၃၆,၀၈၀ ဦး
ဟိန္ဒူ -  ၂၉၇ ဦး
မွတ်စလင် - ၂၁၆၅ ဦး
အခြား -  ၁၅,၄၃၄ ဦး ဖြစ်သည်။ အခြားဆိုသူများမှာ ရိုးရာကိုးကွယ်သူများဖြစ်သည်။ သို့သော် လားဟူနှင့်အာခါတို့၏ ရိုးရာကိုးကွယ်မှု မတူညီသော်လည်း ခွဲခြားဖေါ်ပြသည်ကို မတွေ့ရပါ။

ဗုဒ္ဓဘာသာ အဆောက်အအုံများအဖြစ် စေတီ ၈၄ ဆူ၊ ပုထိုး ၁၅၀၃ ၊ ဘုန်းတော်ကြီးကျောင်း ၃၂၁ ကျောင်း၊ မယ်သီလရှင်ကျောင်း ၁ ကျောင်း၊ ဓမ္မာရုံ ၆၇ ရုံရှိသည်။ ဘုန်းတော်ကြီး ၈၁၇ ပါး၊ သာမဏေ ၂၇၁၇ ပါး၊ သီလရှင် ၆၆ ပါးရှိသည်။ ခရစ်ယန်ဘာသာအတွက် မြို့ပေါ်တွင် ဘုရားရှိခိုးကျောင်း ၃၅ ကျောင်း၊ကျေးရွာများတွင် ၁၃၄ ကျောင်းရှိသည်။ ကျိူင်းတုံမြို့ပေါ်တွင် တရုတ်ဘုံကျောင်း ၆ ခု၊ ဗလီ ၂ လုံးနှင့် ဟိန္ဒူ ဘုရားကျောင်း ၁ ကျောင်းရှိပါ သည်။

ကျိူင်းတုံမြို့ နယ်အတွင်း မြေအမျိူးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ လယ်မြေ - ၄၁,၅၉၉ ဧက
၂။ ယာမြေ  - ၁၃,၅၃၃ ဧက
၃။ ဥယျ ဉ်မြေ  - ၅,၂၅၄ ဧက
၄။ တောင်ယာ - ၁,၅၉၁ ဧက
၅။ ကြိုးဝိုင်း/ကြိုးပြင် သစ်တော -  ၁၅၉,၄၆၃ ဧက
၆။ တောရိုင်း - ၁၂၇,၄၁၅ ဧက
၇။ မြေရိုင်း - ၂၆၉,၄၈၅ ဧက
၈။ စိုက်ပျိူးမရသည့်မြေ - ၁၄,၄၇၅ ဧက

စိုက်ပျိုးထုတ်လုပ်မှု စာရင်းဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

စဉ် - အမျိူးအစား - စိုက်ဧက - ထွက်ရှိမှု

၁။ မိုးစပါး - ၄၆,၇၉၄ - ၃၉၆,၂၇၆၁တင်း
၂။ နွေစပါး - ၆၈၁၀ -
၃။ မိုးမြေပဲ - ၂,၇၁၀ - ၉၇,၈၆၆
၄။ ဆောင်းမြေပဲ - ၉၈၀ - ၄၆,၆၉၇
၅။ မိုးပြောင်း - ၂၅၁၇ - ၁၅၆,၁၇၈
၆။ ဆောင်းပြောင်း - ၂၈၅ - ၁၃,၈၉၄
၇။ အာလူး - ၅၇၉ - ၁,၄၉၃,၇၄၆ ပိသာ
၈။ ရာဘာ - ၄၄၅၆ -  ၁,၀၂၅ ,၈၄၀,၅၀ဝ

( လက်ရှိထွက်)

၉။ လဘက် - ၆၂၃ - ၃,၉၇ ,၁၀၈,၇၇၈

( လက်ရှိထွက်)

ကျိူင်းတုံမြို့နယ်တွင်း စိုက်ပျိူးရေးလုပ်ငန်းတွင် လက်တွန်းထွန်စက် ၃၅၉၈ စီး၊ ကျွဲ - ၂၄၅၀ဝ နှင့် နွား - ၁၈၅၀ အသုံးပြုသည်ကို တွေ့ရသည်။

ကျိူင်းတုံမြို့ နယ်၏ အဓိကလူအများစု၏ အသက်မွေးဝမ်းကြောင်းမှာ စိုက်ပျိုးရေးဖြစ်သည်။ ကျယ်ပြန့်သော ကျိူင်းတုံကွင်းအတွင်း ဆန်စပါးကို အဓိက စိုက်ပျိူးကြပြီး ဒေသထွက်ဆန်ဖူလုံမှု မှာ ၁၇၂.၆၇% ရှိသည်။ ဆီဖူလုံမှု မှာ ၃၉.၆၈% ဖြစ်သည်။ ဒေသထွက်ပြောင်းအား အဓိက တရုတ်ပြည် သို့ ပေးပို့ကြသည်။ ယခုနောက်ပိုင်း ရာဘာနှင့် လဘက်ကို တိုးချဲ့ စိုက်ပျိူးလာ သည်ကိုတွေ့ရသည်။ အချိူ့စိုက်ဧကများ ထုတ်လုပ်နိုင်ပြီဖြစ်သော်လည်း အချိူ့ မှာ ထုတ်လုပ်နိုင်သည့်ကာလမရောက်သေးပါ။ စိုက်ပျိူးရေးလုပ်ငန်းတွင် လက်တွန်းလယ်ထွန်စက်အချို့ သုံးစွဲလာနေပြီဖြစ်သော်လည်း ကျွဲကိုအဓိကအားထားနေရဆဲဖြစ်သည်။

ကျိူင်းတုံမြို့ နယ်၏ မွေးမြူ ရေးကဏ္ဏတွင် ၂၀၁၆/၂၀၁၇ ခုနှစ် ၌

၁။ ကျွဲ ၄၃,၈၉၃ ကောင်
၂။ နွား ၃၈,၄၄၈ ကောင်
၃။ ဝက် ၉၅,၀၇၅ ကောင်
၄။ သိုး/ဆိတ် ၆,၀၆၄ ကောင်
၅။ ကြက် ၅၆၇,၈၆၀ ကောင်
၆။ ဘဲ ၇၅,၈၅၇ ကောင် ရှိသည်ဟုသိရပါသည်။

ကျိူင်းတုံမြို့တွင် ဟိုတယ် ၁၃ လုံး၊ အခန်း ၄၃၂ ခန်းရှိပြီး တည်းခိုခန်း ၁၃ ခန်းရှိသည်။ အဓိကအားဖြင့် ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်တို့နှင့်ဆက် စပ်သည့် ခရီးသွားလုပ်ငန်းဖြစ်ထွန်းစပြု နေသည်။

ဆန်စပါးရောင်းဝယ်ရေး၊ သတ္တုတူးဖေါ်ရေး၊ ဆောက်လုပ်ရေး၊ မီးပေးရေး၊ စက်ပစ္စည်းရောင်းဝယ်ရေး ကုမ္မဏီ ၂၀ ခန့်အခြေစိုက်သည်။

စက်ရုံအနေနှင့် အရက်ချက်စက်ရုံ ၁ ရုံ၊ ဆန်စက် ၁၄ လုံး၊ ရေသန့် စက်ရုံ ၁၁ ရုံရှိသည်။

ထို့ပြင် ယွန်းထည်လုပ်ငန်း၊ ဖယောင်းတိုင်လုပ်ငန်း၊ အခါရိုးရာအထည်လုပ်ငန်း၊ လားဟူရိုးရာအထည်လုပ်ငန်း၊ရေခဲစက်၊ ခေါက်ဆွဲစက် စသည့် အိမ်တွင်းစက်မှု လက်မှု လုပ်ငန်းများရှိသည်။

သစ်တောထွက်အနေနှင့် ထင်း၊ဝါး၊ သစ်ခေါက် ထုတ်လုပ်မှုရှိသည်။

ပုဂ္ဂလိကဓါတ်ဆီ၊ ဒီဇယ် အရောင်းဆိုင် ၁၁ ဆိုင်ရှိသည်။

သယ်ယူပို့ဆောင်ရေးလုပ်ငန်းအနေနှင့် ကျိူင်းတုံမှ မိုင်းယန်း၊ မိုင်းလား၊ မိုင်းဖြတ်၊ တာချီလိတ်၊ တောင်ကြီး၊ မိုင်းယောင်းတို့သို့ မှန်လုံအသေး၊အကြီး နှင့် ယဉ်ငယ်များဖြင့် ပြေးဆွဲသည်။

ကျိူင်းတုံမြို့ နယ်တွင် အလုပ်လုပ်နိုင်သူ ၁၀၇,၉၆၃ ယောက်အနက် လုပ်ငန်းခွင်၌ ၉၄,၃၉၇ ယောက်ရှိရာ အလုပ်လက်မဲ့ ၁၃,၅၆၆ ယောက်ရှိသည် ဟုဆိုသည်။ အလုပ်လက်မဲရာခိုင်နှုံးမှာ ၁၂.၅% ဖြစ်သည်။

ကျိူင်းတုံမြို့နယ် အတွင်း မြစိမ်းရောင်ရွာ ၁၀ဝ ရှိပါသည်။ မြစိမ်းရောင်ရွာဆိုသည်မှာ ကျေးလက်ဖွံ့ဖြိုးရေးခေါင်စဉ်အောက်၌ ဝိုင်းကြီးချုပ်စနစ်ဖြင့် တရွာလျင် အစိုးရမှ သိန်း ၃၀ဝ ထုတ်ချေးပေးထားသောရွာများဖြစ်သည်။

ပညာရေးနှင့်ပတ်သက်၍ ကျိုင်းတုံသည် ရှမ်းအရှေ့၏ အချက်အခြာမြို့ဖြစ်သည့်အားလျော်စွာ

- ဆရာ ၁၃၉ ဦး၊ ကျောင်းသား ၁,၀ဝ၆ ဦးရှိသည့် ကျိူင်းတုံတက္ကသိုလ်၊
- ဆရာ ၅၁ ဦး၊ ကျောင်းသား ၂၆၉ ဦးရှိသည့် နည်းပညာတက္ကသိုလ်၊
- ဆရာ ၁၆ ဦး ကျောင်းသား ၁၀၅ ဦးရှိသည့် ကွန်ပြူ တာတက္ကသိုလ် စသည်ဖြင့် တက္ကသိုလ်၃ ခုရှိသည်။

ထို့ပြင် ကျိူင်းတုံမြို့နယ်တွင်း၌

- အထက ၉ ခု၊ အထကခွဲ ၃ ခု ( ဆရာ ၄၅၆/ ကျောင်းသား ၁,၄၀၉ ) ၊
- အလက ၉ ခု(ဆရာ ၂၂၈/ ကျောင်းသား ၅,၂၁၄)။
- အမက ၁၇၃ ကျောင်း ( ဆရာ ၅၈၃/ ကျောင်းသား ၁၁,၆၅၅)
- ဘုန်းတော်ကြီးပညာသင်ကျောင်း ၆ ခု ( ဆရာ ၃၂ / ကျောင်းသား ၈၀ဝ )ရှိ သည်။

ကျိူင်းတုံမြို့ နယ်အတွင်း ကျောင်းနေအရွယ် ကလေးအပ်နှံမှု နှုံးမှာ  -  ၅ နှစ်ပြည့်ကလေး ၄,၅၂၂ ဦး - ကျောင်းအပ်နှံမှု ၄,၂၅၈ ဦး - ကျောင်းအပ်နှုံး ၉၄.၁၆% ရှိသည်။

မြို့နယ်အတွင်းရှိ စာတတ်မြောက်မှုနှုံးမှာ
မြို့နယ်လူဦးရေ ၁၆၉,၇၃၀ ဦး - ၁၅ နှစ်အထက်လူဦးရေ ၃၆,၂၉၂ ဦး - စာတတ်မြောက်သူ ၃၃,၆၅၇ ဦး - စာတတ်မြောက်မှု နှုံး ၉၂.၇၄% ရှိပါသည်။

၂၀၁၆/၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းသို့ရောက်ရှိ ဖြေဆိုမှု နှုံးမှာ - စာရင်းရှိ  ၂,၃၈၇ ဦး - ဖြေဆို ၂၂,၅၅ ဦး
အောင်မြင် ၇၅၇ ဦး - အောင်ချက် ၃၃.၅၇ % ဖြစ်ပါသည်။

ကျန်းမာရေးနှင့်ပတ်သက်၍ ကုတင် ၂၀ဝ ဆန့် ခရိုင်ဆေးရုံ ၁ ခု (ကျိူင်းတုံ)၊ ၁၆ ကုတင်ဆန့် တိုက်နယ်ဆေးရုံ ၃ ခု ( လွယ်မွေ၊ မိုင်းခွန်၊ မိုင်းကိုင်)၊ ၁၆ ကုတင်ဆန့် ပုဂ္ဂလိက စေတနာ ဆေးရုံ ၁ ခုရှိပြီး ကျေးလက် ကျန်းမာရေးဌာန ၆ ခု ( ကတ်တောင်၊ ကတ်ဖ၊ ယန်းခ၊ ဝင်းဘို၊ မိုင်းခွန်၊ လွယ်မွေ) နှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ ၃၃ ခုရှိသည်။

ကုတင် ၂၀ဝ ဆေးရုံမပါ စုစုပေါင်းဆရာဝန် ၇ ဦး၊ သူနာပြု ၃၈ ဦး၊ ကျန်းမာရေးမှူး ၄ ဦးရှိသည်။ ဆရာဝန်နှင့်လူဦးရေအချိူးမှာ ၁: ၂၄,၂၄၇၊ သူနာပြုနှင့် လူဦးရေ အချိူးမှာ ၁:၄,၄၆၆ ဖြစ်ပြီး၊ လက်ထောက်ကျန်းမာရေးမှူးနှင့် လူဦးရေအချိူးမှာ ၁: ၄၂,၄၃၂ ဖြစ်ပါသည်။ ကုတင် ၂၀ဝ ဆေးရုံတွင် အထူးကုများအပါ ဆရာဝန် ၂၀ ခန့်ရှိသည်။ ထို့ပြင် ပုဂ္ဂလိက ဆရာဝန်နှင့် ဆေးခန်း ၅၅ ခုဖွင့်လှစ်ထားပါသည်။ အဖြစ်များသောရောဂါများမှာ ဝမ်းလျှော၊ ဝမ်းကိုက်နှင့် တီဘီတို့ဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင် သေဆုံးနှုံ းဝ.၆%၊ မွေးကင်းစ ကလေးသေနှုံး ဝ.၇% နှင့် ကိုယ်ဝန်ပျက်ကျ နှုံ း ၁% ရှိပါသည်။

လမ်းပမ်းဆက်သွယ်ရေးအရ ကျိူင်းတုံမှ တုံတာ၊ မိုင်းပျ ဉ်း၊ တောင်ကြီး သို့ ၎င်း၊ ကျိူင်းတုံမှ မိုင်းခတ်၊ မိုင်းယန်းမှတဆင့် PSC/NDAA ထိမ်းချုပ်ရာ ဆီလူး၊ မိုင်းလားသို့၎င်း၊ ကျိူင်းတုံမှ တာပင်း၊ မိုင်းလားသို့၎င်း( ၂၀၁၆ မှ စ၍ သွားလာခွင့်ပိတ်ထားသည်)။ ကျိူင်းတုံမှ မိုင်းခတ်၊ မိုင်းယန်းမှတဆင့် UWSA ထိမ်းချုပ်ရာ မိုင်းဖျင်၊ ဟိုတောင်း၊ မိုင်းပေါက်၊ ပန်ဆန်းသို့၎င်း၊ ကျိူင်းတုံမှ လွယ်မွေသို့၎င်း၊ ကျိူင်းတုံမှ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယုသို့ ၎င်း၊ ကျိူင်းတုံမှ မိုင်းဖြတ်၊ တာလေ၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ နားကောင်းမူး၊ ပုံ ပါကျင်သို့၎င်း ကားလမ်းများ ဖေါက်လုပ်ထားပြီးဖြစ်၍ ၂၄ နာရီသွားလာနိုင်သည်။ ကျိူင်းတုံမှ ရှမ်းအရှေ့ နယ်ပယ်အားလုံးသို့ ကားဖြင့် သွားလာနိုင်သည်။ သို့သော် လမ်းကျ ဉ်းပြီး လမ်းအားလုံးအား ကတ္တရာ အပြည့်ခင်းထားနိုင်ခြင်း မရှိသေးဘဲ အချို့လမ်းပိုင်းများသည် ကျောက်ကြမ်း လမ်း ပိုင်းမျှ သာဖြစ်သည်။ ကျိူင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ် လမ်းသာလျင် အတန်အသင့် အဆင်ပြေသည်ဟု ဆိုနိုင်သည်။ 

ကျိူင်းတုံတွင် လေယဉ်ကွင်းရှိပြီး ပြည်တွင်းရှိ လေကြောင်းတိုင်းအများစုဆင်းသက်သည်။ သို့သော် နေ့စဉ် လေယဉ်မရှိပါ။ ရန်ကုန်နှင့် ကျိူင်းတုံ တပတ် လျင် ၆ ရက် လေယျာဉ် ခရီးစဉ်ရှိပါသည်။

ကျိူင်းတုံ ရေပေးစနစ်မှာ ချောင်းရေတင်စနစ်၊ သဘာဝစိမ့်စမ်းရေထွက်တို့ကို အသုံးပြု၍ ဖြန့်ဝေပါသည်။ 

ကျိူင်းတုံနှင့်ရှမ်းအရှေ့တခွင်လုံးသို့ National Grid ဟုခေါ်သော အမျိူးသားမဟာဓါတ်အားလိုင်းမရောက်သေး ပါ။ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ရှမ်းအရှေ့သို့ မဟာဓါတ်အားလိုင်း ရောက်ရှိရန် စီမံကိန်းရှိသည်ဟု လျပ်စစ်မှ တာဝန်ရှိသူများကဆိုပါသည်။ ယခုအခါ မိုင်းခွန်ရေအားလျပ်စစ်အား ပုဂ္ဂလိက စွမ်းအင်ကုမ္ပဏီတခုမှ တာဝန်ယူ လုပ်ကိုင်နေပြီး လက်ရှိတွင် လျပ်စစ် ၆.၄ မီဂါဝပ်ထုတ်လုပ်၍ ကျိူင်းတုံမြို့ပေါ်သို့ လျှပ်စစ်ဓါတ်အားဖြန့်ချိ လျက်ရှိပါသည်။ မီတာခမှာ အိမ်သုံး တယူနစ် ၁၀ဝ ကျပ်၊ စက်မှု လုပ်ငန်း တယူနစ် ၁၆၀ ကျပ် ကျသင့်ပါသည်။

ကျိူင်းတုံတွင် အခြေပြု နေသော INGO ၆ ခု ရှိပါသည်။ 
၎င်းတို့မှာ 
၁။ World Vision ဒေသဖွံ့ဖြိုးရေး၊ လူကုန်ကူးမှု တားဆီးရေး၊
၂။ PSI Population Services International HIV/AIDS/TB ကျန်းမာရေး အသိပညာပေး။ ဆေးဝါးဖြန့်ဖြူးခြင်း။
၃။ Malteser International ကျန်းမာရေးစောင့်ရှောက်မှု ၊ ရေရရှိရေး
၄။ Foscive မြန်မာ့မျိူးဆက်သစ် စိုက်ပျိူးရေး၊ ရေပေးဝေရေး၊ ကျေးလက်ဖွံ့ဖြိုးရေး
၅။ Aide Medicde International အခြေခံကျန်းမာရေးစောင့်ရှောက်မှု ၊ ရေရရှိရေး၊ HIV/AIDS လုပ်ငန်းများဆောင်ရွက်ခြင်း။
၆။ Luxembourg development cooperation Agency (LUX DEV ) မှ ယူရို ၁၀ သန်းအကုန်အကျခံမည့် MYA 002 ၅ နှစ်စီမံကိန်း ( ၂၀၁၇-၂၀၂၂) ဆောင်ရွက်လျက်ရှိသည်။ 

ကျိူင်းတုံမြို့နယ်တွင်း၌ လူဦးရေ ၁၁,၀ဝ၀ ခန့်နေ ထိုင်ကြသည့် တောင်ပေါ် ၅ အုပ်စုတွင် ရေရှိရေး၊ လမ်းပမ်းဖေါက်လုပ်ရေး၊ လျှပ်စစ်ရရှိရေး၊မွေးမြူ ရေး၊ပညာရေးနှင့် ဆက်သွယ်ရေး နယ်ပယ် ၆ ခုတွင် အစိုးရချင်းဆက်သွယ် ပူးပေါင်းပြီး ဒေသ ဖွံ့ဖြိုးရေးလုပ်ဆောင်ခြင်းတို့ဖြစ်ပါ သည်။

 နိုင်ငံရေးကဏ္ဏ၌ ကျိူင်းတုံတွင် ရှမ်းအရှေ့တွင် လှု ပ်ရှားနေသည့် နိုင်ငံရေးပါတီ ၁၁ ခုလုံး အခြေပြု ပါသည်။ 

၎င်းတို့မှာ
၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ - USDP
၂။ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD
၃။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - တစည
၄။ အမျိူးသားဒီမိုကေရစီအင်အားစု - NDF
၅။ အမျိူးသားတိုးတက်ရေးပါတီ
၆။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချူပ် - SNLD
၇။ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP
၈။ ရှမ်းပြည်(အရှေ့ပိုင်း) ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ESSDDP
၉။ အာခါအမျိူးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ANDP
၁၀။ လားဟူအမျိူးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP
၁၁။ ဝ အမျိူးသားစည်းလုံးညီညွတ်ရေးပါတီ WNUP တို့ဖြစ်ကြသည်။ 

ကျိူင်းတုံမြို့ နယ်အတွင်း ၂၀၁၆ ခုနှစ်၌ မဲပေးပိုင်ခွင့်ရှိသူမှာ 
ကျား - ၄၈,၉၀၂ ၊ မ-၅၀,၅၅၀ စုစုပေါင်း ၉၉,၄၅၂ ဦးရှိသည် ဟု ၂၀၁၇ ခုနှစ်အတွင်း မြို့နယ်အထွေထွေအုပ်ချ ုပ်ရေးဌာနက ဖေါ်ပြထားခဲ့သော်လည်း ၂၀၁၅ ရွေး ကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ မဲပေးနိုင်သူ ၁၁၂,၄၃၄ ဦးရှိပြီး မဲပေးသူဦးရေ ၆၁,၄၆၃ ဦးရှိပြီး မဲပေးသူရာခိုင်နှုန်းမှာ ၅၄.၆၇% ဖြစ်ပါသည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် ကျိူင်းတုံမြို့ နယ်၏ ပြည် နယ်လွှတ်တော် ၂ နေရာ၊ ပြည်သူ့လွှတ်တော် ၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ စုစုပေါင်း ၄ နေရာလုံးအား USDP မှအနိုင်ရရှိထားခဲ့သည်။ 

၂၀၁၅ ရွေးကောက်ပွဲ၌ ကျိူင်းတုံမြို့ နယ်၏ ပြည်သူ့လွှတ်တော်နေရာ အတွက် မဲပေးပိုင်ခွင့်ရှိသူ ၁၁၂,၃၄၃ ဦးရှိပြီး မဲလာပေးသူ ၆၁,၄၆၃ ဦး၊ ရာခိုင်နှုံး ၅၄.၆၇%ရှိသည်။

USDP မှ ၁၈,၉၈၇ မဲ - ရာခိုင်နှုံး ၃၀% ဖြင့်အနိုင်ရခဲ့သည်။
NLD က ၁၄,၈၃၇ - မဲ ၂၄% ရရှိခဲ့သည်။
SNLD က ၃,၆၀၁ မဲဖြင့် ၅% ရရှိခဲ့သည်။

ကျိူင်းတုံပြည်နယ်လွှတ်တော် အမှတ် ၁ တွင် မဲပေးခွင့်ရှိသူ ၆၁,၁၅၃ ဦးရှိပြီး မဲလာပေးသူ ၃၃,၅၉၁ ဦး ၅၄.၉၃% ရှိသည်။ USDP မှ ၉၀၉၀ မဲဖြင့် ၃၃.၇၀% ရရှိပြီး အနိုင်ရသည်။

NLD က ၈၇၇၂ မဲဖြင့် ၃၂.၅၂%ရပြီး ဒုတိယ၊ SNLD က ၅၄၈ မဲဖြင့် ၉.၄၅% ရပြီးတတိယလိုက်သည်။

ကျိူင်းတုံပြည်နယ်လွှတ်တော်အမှတ် ၂ တွင် မဲပေးခွင့်ရှိသူ ၅၁,၂၈၁ ဦး မဲလာပေးသူ ၂၈,၂၃၁ ဦး ရာခိုင်နှုံး ၅၅.ဝ၅% - USDP မှ ၉,၆၇၉ မဲ - ရာခိုင်နှုံး ၄၀.၅၅%ဖြင့်အနိုင်ရသည်။

NLD မှ ၇,၃၆၂ မဲ - ရာခိုင်နှုံး ၃၀.၈၅% ဖြင့် ဒုတိယ၊ SNLD မှ ၁၇၈၉ မဲ - ရာခိုင်နှုံး ၇.၅၀% ဖြင့် တတိယလိုက်ပါသည်။ 

သို့သော် ပြည်နယ် အမှတ် ၂ မှ USDP ကိုယ်စားလှယ် ကွယ်လွန်၍ ၂၀၁၇ ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်ရာ မဲပေးခွင့်ရှိသူ ၅၆, ၁၃၆ ဦး မဲလာပေးသူ ၂၂,၇၆၂ မဲ ရာခိုင်နှုံး ၄၀.၅၅%ရှိပြီး ပထမ မဲပေးမှုတွင် USDP မှ ၇,၀၂၆ မဲ - ရာခိုင်းနှုံး ၃၄.ဝ၆%ဖြင့် အနိုင်ရပြီး NLD မှ ၄,၅၀၈ မဲ ရာခိုင်နှုံး ၂၁.၉၀%ဖြင့် ဒုတိယ၊ SNLD မှ ၃,၃၉၇ မဲ ရာခိုင်နှုံး ၁၆.၄၇% ဖြင့် တတိယလိုက်ပါသည်။ သို့သော် USDP ကိုယ်စားလှယ်သည် ရွေးကောက်ပွဲ စည်းမျ ဉ်း စည်းကမ်းနှင့် မညီညွတ်သည်များရှိ၍ ရွေးကောက်ပွဲကော်မရှင်သို့ NLD ကိုယ်စားလှယ်မှ ကန့်ကွက်ပြီး အယူခံဝင်ခဲ့ရာ NLD ကိုယ်စားလှယ်မှပြန် လည်အနိုင်ရခဲ့သည်။

ဆက်လက်ဖေါ်ပြပါမည်