Breaking News

ကျော်ဟုန်း - ညကွယ် ဗျူဟာ

Youtube 

ကျော်ဟုန်း - ညကွယ် ဗျူဟာ

(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၉
သိန်း၊ စွန်မှ
ငှက်မုဆိုး ထင်နေကြ။

ည အမှောင်ကွယ်မှာ
ဗျူဟာခင်းတဲ့ ဇီးကွက်ကို
မေ့ထားကြတယ်။

သားသတ်သမားဇီးကွက်ကို
တချို့တွေများ
လာဘ်ကောင်သတ်မှတ်
ဘုရားစျေးနဲ့ အိမ်ခန်းမထဲ
ခမ်းနား မင်းမူခွင့်ပြုလို့
အယူတိမ်းကြလေတယ်။

ညမှာ ပွင့်တဲ့
ဆိပ်ဖလူးပန်း
ရွာလုံးပျံ့မွှေးသလေ့။

ဆိပ်ဖလူးပန်းလှ ရနံ့
အဆိပ်သင့်တတ်တာ
မသိတဲ့ လူတွေ
အရသာခံ ရှုရှိုက်ကြဆဲ။

ဝဋ်နာ ကံနာသင့်ခံသူတွေအတွက်
ညအမှောင်ခိုသမားတွေဟာ
တခမ်းတနားရှိနေဦးမှာ မဆန်းဘူး။။

၂၀၁၉၀၇၂၉