Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၁) အပိုင်း (၁၀)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၁) အပိုင်း (၁၀)
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၉

● မိုင်းတုံမြို့နယ်
မိုင်းဆတ်ခရိုင်အတွင်းမှ မြို့နယ်တခုဖြစ်သည်။ မိုင်းတုံမြို့နယ်သည် အရှေ့အနောက် ၄၅ မိုင်၊ တောင်မြောက် ၃၅ မိုင်ရှိပြီး အကျယ်အဝန်း ဧရိယာ ၂၅၂၂.၂၈၅ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ မိုင်းတုံမြို့နယ်သည် အရှေ့ဖက်တွင် မိုင်းဆတ်၊ တောင်ဖက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဖက်တွင် သံလွင်မြစ်နှင့် မိုင်းပန်မြို့နယ်၊ မြောက်ဖက်တွင် မိုင်းပျဉ်းမြို့နယ်တို့နှင့် ထိ စပ်နေပါသည်။

မိုင်းတုံမြို့နယ်အတွင်း ပုံပါကျင်မြို့၊ မုန်းထမြို့တို့ပါဝင်ပြီး စိုစွတ်၍ အေးမြသော ရာသီဥတုရှိသည်။ နွေရာသီအမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်ရှိပြီး ဆောင်းရာသီ အနိမ့်ဆုံးအပူချိန်မှာ ၁၂ ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ် ဇွန်လမှ စက်တင်ဘာထိ ၄ လအတွင်း မိုးရွာရက် ၃၈ ရက်ရှိပြီး မိုးရေချိန် ၃၇.၃၅ လက်မရှိပါသည်။

မိုင်းတုံမြို့နယ်တွင် ပေ ၃၀၀၀ အထက်တောင်တန်းများ၊လျှိုများ၊ ချိုင့်ဝှမ်းများ၊ ချောင်းများပေါများသည်။ မိုင်းတုံမြို့နယ်တွင်း သစ်တောဖုံးလွှမ်းမှု ၅၇.၀၈% ရှိသည်။ မြို့နယ်တွင်း ထင်ရှားသောချောင်းမှာ နမ့်ဆင်းချောင်းဖြစ်ပြီး ရေစီးသန်သည်။ မိုင်း တုံမြို့ နယ်အနောက်ဖက်မြို့ နယ်အစပ်တွင် သံလွင်မြစ် စီးဆင်းလျက်ရှိသည်။

မိုင်းတုံမြို့နယ်အတွင်း တောတောင်များတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သစ်ယာ၊ အင်ကြင်း၊ တမလန်း၊ စကားဝါ၊ သစ် ပုပ်၊ သစ်ဆိမ့်၊ တောသရက်၊ ယမနေ၊ ဖန်ခါးနှင့် ထင်းရူးစသည့်အပင်များစွာ ပေါက်ရောက်သည်။ ထိုတောတောင်များတွင် ဝက်ဝံ၊ ချေ၊ ဆိတ်၊ ဆတ်၊ သမင်တို့ ကျက်စားပါသည်။

မိုင်းတုံမြို့နယ်အတွင်း လူဦးရေ ၅၅၁၄၂ ဦးရှိပြီး အဓိက လူဦးရေများသော လူမျိုးများမှာ ... 
၁။ ဝ ၂၄၈၀၉ ဦး
၂။ ရှမ်း ၁၃၁၅၈ ဦး
၃။ လားဟူ ၁၁၈၂၃ ဦး ဖြစ်ပါသည်။

မိုင်းတုံမြို့ ပေါ်တွင် ရပ်ကွက် ၃ ခု၊ အိမ်ခြေ ၆၄၁ အိမ်၊ အိမ်ထောင်စု ၆၄၄ စု၊ ပုံပါကျင်မြို့တွင် ရပ်ကွက် ၅ ခု၊ အိမ်ခြေ ၆၅၁ အိမ်၊ အိမ်ထောင်စု ၆၅၁ စု ၊ မုန်းထတွင် ရပ်ကွက် ၃ ခု၊ အိမ်ခြေ ၄၈ အိမ်၊ အိမ်ထောင်စု ၄၈ စုရှိပြီး ကျေးလက်တွင် ကျေးရွာ အုပ်စု ၁၆ စု၊ ကျေးရွာ ၁၂၀ ရှိပါသည်။

မိုင်းတုံမြို့နယ် ဘာသာရေးကဏ္ဏ၌
၁။ ဗုဒ္ဓဘာသာ ၃၉၀၈၈ ဦး
၂။ ခရစ်ယန် ၈၂၂၈ ဦး
၃။ နတ် ၇၈၀၆ ဦး
၄။ မွတ်စလင် ၄၀ ဦး ရှိပါသည်။

မြို့နယ်တွင်း၌ ဗုဒ္ဓဘာသာ ဘုရား ၁၉၇ ဆူ ၊ စေတီ ၂၈ ဆူ၊ ပုထိုး ၄ ဆူ၊ ဓမ္မာရုံ ၂၇ ၊ ဘုန်းကြီးကျောင်း ၄၀၊ ရဟန်း ၉၄ ပါး၊ သာမဏေ ၂၂၄ ပါး၊ သီလရင် ၇ ပါး ရှိပါသည်။ ခရစ်ယန်ဘုရားကျောင်း မြို့ပေါ်တွင် ၃ ကျောင်း၊ ကျေးလက်တွင် ၂၂ ကျောင်းရှိပါသည်။

မိုင်းတုံမြို့နယ်တွင်းရှိ မြေအမျိုးအစားများမှာ
၁။ လယ်မြေ - ၃၇၂၄ - ၄၇၀၀ - ၆၅
၂။ ယာမြေ - ၁၉၁၁ - ၈၂၀၄ -
၃။ ဥယျာဉ်မြေ ၄၂၄၇ ၈၅၃၅ -
၄။ တောင်ယာ ၃၉၁ ၂၄၃၇ -
၅။ ကြိုးဝိုင်း/ပြင် ၇၁၄၄၀၁ ၃၃၈၁၅ ၃၃၅၇၂၆
၆။ တောရိုင်း - ၁၀၃၉ -
၇။ မြေရိုင်း ၃၃၃၄၄ ၂၂၇၅၃၃ -
၈။ စိုက်ပျိုးမရသည့်မြေ ၁၅၁၅၆ ၂၀၅၄၇၈ - ဖြစ်ပါသည်။

မိုင်းတုံမြို့နယ်တွင်းရှိ သစ်တောကြိုးဝိုင်းများမှာ
၁။ နမ့်ဆိုင်ကြိုးဝိုင်း ၁၈၄၈၇၈ ဧက
၂။ လွယ်ပွတ်ကြိုးဝိုင်း ၂၆၃၃၇၈ ဧက
၃။ မိုင်းကန်ကြိုးဝိုင်း ၁၆၂၃၇၄ ဧက
၄။ မဲကင်ကူကြိုးဝိုင်း ၁၃၇၅၈၈ ဧက
၅။ မဲဆာကြိုးဝိုင်း ၁၆၅၁၁၀ ဧက
၆။ နမ့်ညင်းကြိုးဝိုင်း ၁၇၀၆၁၇ ဧက တို့ဖြစ်ပါသည်။

စိုက်ပျိုးသည့်သီးနှံနှင့် ထွက်ရှိမှုမှာ
စဉ် - အမျိုးအစား - စိုက်ဧကထွက်ရှိမှု
၁။ စပါး (မိုး) - ၂၅၅၂၄ - ၁၈၅၄၀၀၀ တင်း
၂။ စပါး (နွေ) - ၇၃ - ၅၆၅၆ တင်း
၃။ မြေပဲ (မိုး) - ၄၅၆ - ၂၀၈၁၁ တင်း
၄။ နှမ်း (မိုး) - ၁၆၅၆ - ၁၆၅၀၂ တင်း
၅။ ပြောင်း (မိုး) - ၂၃၆၄ - ၁၁၉၉၁၆ တင်းတို့အပြင် ငရုတ်၊ ကြက်သွန်ဖြူ၊ ဟင်းသီးဟင်းရွက်များ ဧကရာချီ၍ စိုက်ပျိုးကြ ပါသည်။

နှစ်ရှည်သီးနှံများမှာ
စဉ် - အမျိုးအစား - စိုက်ဧက - လက်ရှိထွက်ဧက - ထွက်ရှိမှုပိဿ
၁ - ရာဘာ - ၁၈၁၃၅ - ၆၂၀ - ၃၇၂၀၀၀
၂ - ကော်ဖီ - ၇၅ - ၅၀ - ၁၀၀၀၀
၃ - ရှောက် - ၈၀ - ၈၀ - ၉၈၈၈၂
၄ - သရက် - ၁၂၅ - ၁၁၃ - ၁၃၀၄၉၂၄ တို့ ဖြစ်ပါသည်။

စိုက်ပျိုးရေးကဏ္ဍတွင် လယ်ထွန်စက် ၅ စီး၊ လက်တွန်းလယ်ထွန်စက် ၈၁ စီး၊ ရိတ်သိမ်းစက် ၂၂ စီး၊ ကျွဲ ၈၄ ကောင်၊ နွား ကောင်ရေ ၁၅၀ အသုံးပြုသည်ကို တွေ့ရသည်။ မြို့နယ်တွင် ဆန်ဖူလုံမှု ၂၀၄.၄၈ % ၊ ဆီဖူလုံမှု ၅၄.၄၇ % ရှိပါသည်။

မွေးမြူရေးကဏ္ဍ၌ ၂၀၁၆/၂၀၁၇ တွင်
၁။ ကျွ ၁၄၉၆၇ ကောင်
၂။ နွား ၁၀၁၄၇ ကောင်
၃။ ဝက် ၂၄၁၂၄ ကောင်
၄။ သိုး/ဆိတ် ၃၆၇၁ ကောင်
၅။ ကြက် ၂၅၇၆၀၆ ကောင်
၆။ ဘဲ ၁၄၇၃၄ ကောင် ဖြစ်ပါသည်။

မိုင်းတုံမြို့နယ်အတွင်း သတ္တုတူးဖေါ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းများ မရှိပါ။

မိုင်းတုံမြို့နယ်တွင် အလုပ်လက်မဲ့နှုန်းမှာ
အလုပ်လုပ်နိုင်သူ ၃၂၉၇၉ ဦး
လုပ်ငန်းခွင်၌ရှိသူ ၂၅၅၈၈ ဦး
အလုပ်မရှိသူ ၇၃၉၁ ဦး
အလုပ်လက်မဲ့နှုန်း ၂၂.၄၁ %

မြို့နယ်တွင်း ဆက်သွယ်ရေးလမ်းအဖြစ် တာဆန်း၊ မိုင်တုံ၊ မိုင်းဆတ် ၅၅ မိုင် ၄ ဖါလုံ၊ မိုင်းတုံး၊ ပုံပါကျင်၊ ဘီပီဝမ်း ၄၃ မိုင်၊ မိုင်းတုံ၊ မုန်းထ ၆၄ မိုင်၂ ဖါလုံတို့အား မော်တော်ကားလမ်းဖေါက်လုပ်ထားသည်။ မိုင်းတုံမှ ပုံပါကျင်၊ ဘီပီဝမ်းသို့၎င်း၊ မိုင်း ဆတ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ တောင်ကြီးမြို့များသို့၎င်း မော်တော်ယဉ်လိုင်း ၇ လိုင်းဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိသည်။

မိုင်းတုံမြို့နယ် ပညာရေးကဏ္ဍ၌ အထက ၄ ကျောင်း (ဆရာ ၆၇ ဦး ၊ ကျောင်းသား ၂၆၅၇ ဦး)၊ အလက ၁ ကျောင်း (ဆရာ ၇ ဦး၊ ကျောင်းသား၂၁၆ ဦး)၊ အမက ၃၃ ကျောင်း (ဆရာ ၉၁ ဦး၊ ကျောင်းသား ၂၅၇၃ ဦး) ရှိပါသည်။

ကျောင်းနေအရွယ်ကလေး ကျောင်းအပ်နှံမှုမှာ
၅ နှစ်ပြည့်ကလေး ၇၆၈ ဦး
ကျောင်းအပ်နှံမှု ၇၃၈ ဦး
ကျောင်းအပ်နှုန်း ၉၀.၆၄% ဖြစ်ပါသည်။

တက္ကသိုလ်ဝင်တန်းရောက်ရှိဖြေဆိုမှုမှာ ၂၀၁၆/၂၀၁၇ ၌
စာရင်းရှိ ၁၇၃ ဦး
ဖြေဆို ၁၅၈ ဦး
အောင်မြင် ၁၉ ဦး
အောင်ချက် ၁၂.၀၃% ဖြစ်ပါသည်။

စာတတ်မြောက်မှုနှုန်းမှာ
မြို့နယ်လူဦးရေ ၅၅၁၄၂ ဦး
၁၅ နှစ်အထက် ၃၇၉၀၃ ဦး
စာတတ်သူဦးရေ ၃၁၆၃၇ ဦး
စာတတ်မြောက်နှုန်း ၈၃.၄၆ % ဖြစ်ပါသည်။

မိုင်းတုံမြို့နယ် ကျန်းမာရေးကဏ္ဍ၌ ၂၅ ကုတင်ဆံ့ မြို့နယ်ဆေးရုံ ၁ ရုံ (မိုင်းတုံ)၊ ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံ ၂ ရုံ ( ပုံပါကျင်၊ မုန်းထ)၊ ကျန်းမာရေးဌာန ၃ ခုနှင့် ကျန်းမာရေးဌာနခွဲ ၉ ရှိသည်။ ဆရာဝန် ၂ ဦး၊ သူနာပြု ၄၆ ဦး၊ လက် ထောက်ကျန်းမာရေးမှူး ၃ ဦးရှိသည်။ ကျန်းမာရေးဝန်ထမ်းနှင့် လူဦးရေအချိုးမှာ ...
ဆရာဝန် ၁ : ၂၇၅၇၁
သူနာပြု ၁ : ၁၁၉၉
လက်ထောက်ကျန်းမာရေးမှူး ၁ : ၁၈၃၈၁ တို့ဖြစ်ပါသည်။

မြို့နယ်တွင်းအဖြစ်များသော ရောဂါများမှာ ငှက်ဖျား၊ တီဘီ၊ ဝမ်းလျှော၊ ဝမ်းကိုက်တို့ဖြစ်ပါသည်။ မိခင်သေနှုံး ဝ.၂% ရှိပြီး ကိုယ်ဝန်ပျက်ကျနှုန်း ၅၁.၅ % ရှိပါသည်။

မိုင်းတုံတွင် အခြေစိုက်သည့် နိုင်ငံရေးပါတီများမှာ
၁။ NLD
၂။ USDP
၃။ SNLD
၄။ SNDP
၅။ တစည
၆။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP တို့ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မိုင်းတုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာရွေးချယ်ရာတွင်
မဲပေးနိုင်သူ ၃၀၉၁၂ ဦး
မဲလာပေးသူ ၂၃၂၀၄ ဦး ၇၅.၀၆ % ရှိပြီး
NLD က ၈၀၄၀ မဲ ၃၄.၆၄ % ဖြင့်အနိုင်ရသည်။
USDP က ၅၅၂၂ မဲ ၂၃.၇၉ % ဖြင့် ဒုတိယ
SNLD က ၃၃၇၄ မဲ ၁၄.၅၄ % ဖြင့်တတိယ
LNDP က ၂၀၀၇ မဲ ၈.၆၄ % ဖြင့် စတုတ္ထနေရာတွင်ရှိသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ၌ မိုင်းတုံမြို့ နယ် ပြည်နယ်လွှတ်တော် အမှတ် ၁ နေရာအတွက် ရွေးချယ်ရာတွင်
မဲပေးနိုင်သူ ၁၃၂၉၃ ဦး
မဲလာပေးသူ ၁၀၂၅၂ ဦး ၇၇.၁၂ % ရှိပြီး
USDP က ၄၁၆၂ မဲ ၄၃.၈၅ % ဖြင့် အနိုင်ရသည်။
NLD က ၂၄၃၇ မဲ ၂၅.၆၇ % ဖြင့် ဒုတိယ
SNLD က ၁၄၀၈ မဲ ၁၄.၈၃ % ဖြင့် တတိယ
LNDP က ၁၀၆၈ မဲ ၁၁.၂၅ % ဖြင့် စတုတ္ထရရှိသည်။

၂၀၁၅ ရွေးကောက်ပွဲ၌ မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၂ နေရာအတွက် ရွေးချယ်ရာတွင်
မဲပေးနိုင်သူ ၁၇၆၁၉ ဦး
မဲလာပေးသူ ၁၂၉၅၂ ဦး ၇၃.၅၁ % ရှိပြီး
NLD က ၆၁၈၆ မဲ ၅၄.၇၂ % ဖြင့် အနိုင်ရပါသည်။
SNLD က ၂၂၅၈ မဲ ၁၉.၉၈ % ဖြင့် ဒုတိယ
USDP က ၁၄၅၉ မဲ ၁၂.၉၁ % ဖြင့် တတိယ
LNDP က ၁၀၂၄ မဲ ၉.၀၆ % ဖြင့် စတုတ္ထနေရာတွင်ရှိကြသည်။

၂၀၁၅ ရွေးကောက်ပွဲကော်မရှင်စာရင်းအရ မိုင်းတုံမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၃၀၉၁၂ ဦးရှိသည်။ ၂၀၁၇ ခုနှစ် စက်တင် ဘာလကုန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ထုတ်ပြန်ချက်အရ မိုင်းတုံမြို့နယ်တွင် အသက်၁၈ နှစ်ပြည့်ပြီးသူ ၃၂၉၇၉ ဦးရှိသည်ဟု ထုတ်ပြန်ထားပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး