Breaking News

လင်းသက်ငြိမ် ● တရားကတော့ ကျသွားရှာပြီ

 
လင်းသက်ငြိမ် ● တရားကတော့ ကျသွားရှာပြီ
(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၉

ချောက်ထဲကျရန် လက်မတင်လေးအလို
ချောက်ထဲ တွန်းချလိုက်ပါတယ်။

ဇာတ်လမ်းက သွေးညှီနံ့အပြည့်ပါတဲ့
မှတ်တမ်းပဲ။

ချိန်ခွင်ကိုင်မိန်းမရဲ့ပေါင်ကြားမှာ
နိစ္စဓူဝ သုတ်ရည်တွေ စိုရွှဲစီးကျ။

တရားကတော့ ကျသွားရှာပြီ
ငါတို့ ကျနေခဲ့တာလည်း ကြာပြီ။

လင်းသက်ငြိမ်