Breaking News

မောင်မောင်စိုး - ကျိုင်းတုံ စစ်တမ်း၊ (အခန်း ၁ အပိုင်း ၃)



မောင်မောင်စိုး - ကျိုင်းတုံ စစ်တမ်း၊ (အခန်း ၁ အပိုင်း ၃)

(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၉

မိုင်းခတ်မြို့ နယ်

မိုင်းခတ်မြို့နယ်သည် အရှေ့ အနောက် ၄၁ မိုင်၊ တောင် မြောက် ၃၂.၄ မိုင်ရှိပြီး ဧရိယာ ၉၇၃.၃၃ စတုရန်းမိုင် ကျယ်ဝန်းသည်။ မိုင်းခတ်မြို့နယ်၏ အရှေ့ဖက်တွင် ကျိုင်းတုံမြို့နယ်၊ အရှေ့မြောက်တွင် မိုင်းယန်းမြို့နယ်၊ အ နောက်ဖက်တွင် မက်မန်းမြို့နယ်၊ အနောက်တောင်ဖက်တွင် မိုင်းပျ ဉ်းမြို့နယ်၊ အရှေ့ဖက်တွင် ပေ ၈၀၀၀ ကျော်မြင့်မားသည့် လွယ်မီးတောင်၊ အနောက်ဖက်တွင် ပေ ၇၀၀၀ ကျော်မြင့်သည့် လွယ်စီးတောင်တို့ ဝိုင်းရံထာသည်။ မိုင်းခတ် သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၂၇၀၀ ပေတွင်ရှိသည်။မြို့ နယ်၏ဧရိယာ တဝက်အား သစ်တောများ ဖုန်းလွှမ်းနေသည်။ မိုင်းခတ်မြို့ နယ်အတွင်း နမ့်
လွေ၊ နမ့်ဟူး၊ နမ့်ခတ်ချောင်းများ ဖြတ်သန်းစီးဆင်းနေသည်။

မိုင်းခတ်သည် သမပိုင်းရာသီဥတုရှိပြီး ပြီးခဲ့သော ၇ နှစ်အတွင်း အမြင့် ဆုံး အပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်ရှိပြီး အနိမ့်ဆုံးအပူချိန် ၄ ဒီဂရီ စင်တီဂ ရိတ်ထိရှိသည်။ မိုးအနဲဆုံး ၅၄ ရက်ခန့်သာရွာသွန်းမှု ရှိခဲ့ပြီး အများဆုံး ၁၀၄ ရက်ထိ ရွာသွန်းသည်။ မိုင်းခတ်မြို့နယ်၏တောတောင်များတွင် သစ်မာပင်၊ ထင်းရူးပင်၊ ဝါးပင်များပေါက်ရောက်သည်။ တောတောင်များအတွင်း ဆင်၊ ကျား၊ကျားသစ်၊ တောဝက်၊ တောင်ဆိတ်၊ ဂျီ ၊ တောခွေး၊ ခွေးတူဝက်တူ၊ တော ကြောင်၊ သင်းခွေချပ်၊ ဝက်ဝံ၊ မျောက်၊ ဒေါင်း စသည့်တိရိစ္ဆာန်များရှိသည်ဟု ဆိုပါသည်။

 မြို့နယ်တွင်း သစ်တောဖုံးလွှမ်းမှု ၅၀% အနက် ကြိုုးပြင်ကာကွယ်တော ဖုံးလွှမ်းမှု မှာ ၄၀% ၂၆၀၀၀ ဧက ရှိသည်ဟုဆိုပါသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလထိ ရရှိသည့် ကိန်းဂဏန်းများကို အခြေပြု ထားသည့် အထွေထွေအုပ်ချုုပ်ရေးဦးစီးဌာန၏စာရင်းအရ မိုင်းခတ်မြို့နယ်အတွင်း အများစုနေထိုင်သည့် တိုင်းရင်းသားများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ လားဟူ ၁၅,၉၅၆ ဦး
၂။ ရှမ်း ၉,၄၅၈ ဦး
၃။ အာခါ ၈,၁၃၀ ဦး
၄။ ဝ ၇,၈၄၉ ဦးတို့ အများစုနေထိုင်ကြပြီး ကျန်တိုင်းရင်းသားအနဲစုများလည်း အနည်းငယ်ရှိသည်။ မိုင်းခတ်မြို့နယ်၏ လူဦးရေ စုစုပေါင်းမှာ ၄၅,၃၃၀ ဦးဖြစ်ပါသည်။

မိုင်းခတ်မြို့နယ်အတွင်း၌ မြို့ပေါ် ရပ်ကွက် ၂ ခု၊ အိမ်ခြေ ၃၇၆ အိမ်၊ အိမ်ထောင်စု ၃၂၇ စုရှိပြီး ကျေးရွာအုပ်စု ၁၆ အုပ်စု၊ ကျေးရွာ ၁၆၆ ရွာတွင် အိမ်ခြေ ၅,၃၇၁ အိမ်၊ အိမ်ထောင်စု ၅,၄၂၀ စုရှိသည်။

ဘာသာရေးကိုးကွယ်မှု မှာ
၁။ ဗုဒ္ဓဘာသာ ၃၀,၀၅၇ ဦး
၂။ ခရစ်ယန် ၇,၅၄၃ ဦး
၃။ အခြား ၇,၇၃၀ ဦး ဖြစ်သည်ဟုဆိုသည်။ မိုင်းခတ်မြို့ နယ် အတွင်း နိုင်ငံခြားသားမရှိဟု မှတ်ချက်ပြုထားသည်။ အခြားကိုးကွယ်သူများ ဆိုသည်မှာ မိရိုးဖလာ နတ်ကိုးကွယ်သူများဖြစ်နိုင်ပါသည်။

ဘာသာရေးအဆောက်အအုံများအနေနှင့် ဗုဒ္ဓဘာသာ ဘုရား ၃ ဆူ၊ စေတီ ၃၀၊ ဘုန်းကြီးကျောင်း ၅၉ ကျောင်းရှိပြီး ဘုန်းကြီး ၈၃ ပါး နှင့် ကိုရင် ၅၂၉ ပါးသီတင်းသုံးသည်။ ခရစ်ယန်ဘုရားကျောင်း မြို့ ပေါ်တွင် ၅ ကျောင်း ကျေးရွာများတွင် ၂၅ ကျောင်းရှိပါသည်။

မိုင်းခတ်မြို့နယ်အတွင်း မြေအမျိူူးအစားများမှာ အောက်ပါအတိုင်းဖြစ်
သည်။

၁။ လယ်မြေ ၁၂,၆၅၉ ဧက
၂။ ယာမြေ   ၁၁,၄၈၅ ဧက
၃။ တောင်ယာ ၁,၇၁၀ ဧက
၄။ ဥယျ ဉ်မြေ ၆၈၇ ဧက
၅။ ကြိုးဝိုင်း/ပြင်ပ ၇,၆၅၆ ဧက
၆။ အခြား  ၇၄,၅၈၉ ဧက

စိုက်ပျိိူူူူးထုတ်လုပ်မှု စာရင်းဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

စဉ် - အမျိိူိူးအစား - စိုက်ဧက - ထွက်ရှိမှု
၁။ နွေစပါး - ၃၇၀ - ၃,၄၁၅၁ တင်း
၂။ မိုးစပါး - ၂၂,၈၈၀ - ၁၇၄,၆၈၈၈ တင်း
၃။ မိုးမြေပဲ - ၁,၇၂၅ - ၉၄,၇၀၃ တင်း
၄။ ဆောင်းမြေပဲ - ၁,၇၂၅ - ၉,၄၇၀၃ တင်း
၅။ ပြောင်း - ၂,၅၄၃ - ၁၅၁,၆၇၇ တင်း
၆။ ရာဘာ - ၃၆၅ - မထွက်သေး
၇။လဘက် - ၂၀၀ - ၂၉,၃၅၃ ပိသာ
၈။ နေကြာ - ၅၂၀ - ၁၂,၈၁၁ တင်း

လယ်ယာလုပ်ငန်းခွင်သုံးအဖြစ် ကျွဲ ၇၁၈၄ ကောင်၊ နွား ၈,၀၁၆ ကောင် နှင့် လက်တွန်းလယ်ထွန်စက် ၃၉၅ စီးရှိပါသည်။

မိုင်းခတ်မြို့နယ်၏ အဓိက အသက်မွေးဝမ်းကြောင်းမှာ စိုက်ပျိိူိူးရေးဖြစ်သည်။ လယ်ယာနှင့်တောင်ယာ စပါးစိုက်ပျ ို းရေးမှ မြို့နယ်တွင်း စပါးဖူလုံမှု မှာ ၂၂၃.၀၇%ဖြစ်ပြီး ဆီဖူလုံမှု မှာ ၁၀၃%ရှိသည်။ ပိုလျံှသော စပါးနှင့် ပြောင်းအား တရုတ်သို့နယ်စပ်ကုန်သွယ်ရေးမှတင်ပို့သည်။ ရာဘာတိုးချဲ့ စိုက်ပျ ို းလာသည်ကိုတွေ့ရသည်။ စိုက်ပျ ို းရေးလုပ်ငန်းများတွင် ကျွဲ နှင့်အတူ လက်တွန်းလယ်ထွန်စက်များပါ အသုံးပြု လာပြီဖြစ်သည်။

မိုင်းခတ်မြို့နယ်တွင်ူမွေးမြူ ရေးကဏ္ဏ၌ ၂၀၁၇/၂၀၁၈ အခြေအနေမှာ

၁။ ကျွဲ - ၇,၁၈၄ ကောင်
၂။ နွား - ၈,၀၁၆ ကောင်
၃။ ဝက် - ၁၄,၆၉၇ ကောင်
၄။ သိုး/ဆိတ် - ၅၄၉ ကောင်
၅။ ကြက် - ၈၂,၇၄၇ ကောင်
၆။ ဘဲ - ၂,၈၉၃ ကောင် ရှိသည်ဟု အထွေထွေအုပ်ချ ုပ်ရေး ဦးစီးဌာနမှ ဖေါ်ပြထားပါသည်။

သယ်ယူပို့ဆောင်ရေးကဏ္ဏတွင် ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းယန်း ၇၃ မိုင် ရှည်လျားသည် ကားလမ်းသည် အဓိကဆက်သွယ်ရေးလမ်းဖြစ်သည်။ ရွှေကျားဖြူ ယျာဉ်လိုင်းဖြင့် မိုင်းယန်း၊ ကျိုင်းတုံ၊ တာချီလိတ်မြို့ များသို့ပြေးဆွဲ သည်။ ကားလမ်းအခြေအနေမှာ ယခင်က ကတ္တရာခင်းထားသော်လည်း လမ်းကျ ဉ်းမြောင်းပြီး ကားနှစ်စီးရှောင်ရန်ခက်သည်။ သာမန်မျှ သာဖြစ်သည်။ ၂၀၁၉ ခုနှစ်၌ လမ်းပြင်နေဆဲဖြစ်သော်လည်း အများစုလမ်းပိုင်းများပြီးစီးပြီး ကားနှစ်စီးကောင်းစွာရှောင်တိမ်းနိုင်သည့် အခြေအနေမရှိသေးပါ။

မိုင်းခတ်မြို့ နယ်အတွင်း အလုပ်လုပ်နိုင်သူ ၂၅,၅၅၅ ဦးရှိပြီး လုပ်ငန်းခွင်၌ ၂၅,၁၉၅ ရှိသည်။ အလုပ်လက်မဲ့ ၃၆၀ ရှိပြီး ၁.၄% ရှိသည်။ မိုင်းခတ်မြို့နယ်အတွင် မြစိမ်းရောင်ရွာ ၁၅ ရွာရှိပါသည်။

မိုင်းခတ်မြို့ နယ်တွင်း ပညာရေးကဏ္ဏအနေနှင့် မိုင်းခတ်တွင် အထက ၁ ကျောင်း( ဆရာ၃၁၊ ကျောင်းသား ၉၆၀ )၊ မိုင်းညှင်းတွင် အလကခွဲ ၁ ကျောင်း(ဆရာ ၅၊ ကျောင်းသား ၁၀၀) နှင့် အမက ၃၀ (ဆရာ ၉၁၊ ကျောင်း သား ၁၃၀၈ ) ရှိပါသည်။

မိုင်းခတ်မြို့နယ်တွင် ကျောင်းနေရွယ်ကလေး ကျောင်းအပ်နှံမှု မှာ
၅ နှစ်ပြည့်ကလေး - ၂၁၁ ဦး
ကျောင်းအပ်နှံမှု - ၁၉၆ ဦး
ကျောင်းအပ်နှုံး - ၉၂.၈၉%ရှိပါသည်။

၂၀၁၆-၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းရောက်ရှိ အောင် မြင်နှုံ းမှာ
စာရင်းရှိ ၈၉ ဦး
ဖြေဆို ၇၉ ဦး
အောင်မြင်သူ ၅ ဦး
အောင်ချက် ၆.၃၃% ဖြစ်ပါသည်။

စာတတ်မြောက်မှုနှုံးမှာ
မြို့နယ်လူဦးရေ ၄၅,၃၃၀ ဦး
၁၅ နှစ်အထက်လူဦးရေ ၂၇,၈၉၄ ဦး
စာတတ်မြောက်သူ ၈,၉၅၆ ဦး
စာတတ်မြောက်နှုံး ၁၉.၈% ဖြစ်ပါသည်။

ကျန်းမာရေးကဏ္ဏ၌ မိုင်းခတ်တွင် ၂၅ ကုတင်ဆန့် ဆေးရုံတရုံ၊ မိုင်းနှုံး၊ မိုင်းညှင်းနှင့် ဟုတ်ပုံ တို့တွင် ကျေးလက်ကျန်းမာရေးဌာန တခုစီနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၂ ခု ထားရှိသည်။ ဆရာဝန် ၂ ဦး၊ ကျန်းမာရေးမှူး ၂ ဦး၊ သူနာပြု ၁၃ ဦးရှိသည်။ ဆရာဝန်နှင့်လူဦးရေအချိိူးမှာ ၁:၂၂,၆၆၅ ၊ သူနာပြုနှင့် လူဦးရေအချ ို းမှာ ၁: ၃,၄၈၇ ၊ လက်ထောက်ကျန်းမာရေးမှူ းနှင့် လူဦးရေအချ ို းမှာ ၁: ၂၂,၆၆၅ ဖြစ်ပါသည်။ အဖြစ်အများဆုံးရောဂါမှာ ဝမ်းလျှော ဝမ်းကိုက်ရောဂါဖြစ်ပါသည်။ မွေးခါစကလေ သေဆုံးမှု မှာ ၁% အောက်တွင်သာ ရှိသော်လည်း ကိုယ်ဝန်ဆောင် ကလေးပျက်ကျနှုန်းမှာ ၁၀% နီးပါးရှိပါသည်။

မိုင်းခတ်မြို့နယ်တွင် အစိုးရပိုင် ဒီဇယ်အင်ဂျင်သုံးမီးစက်ရုံ ၅ ရုံ ရှိပြီး တနှစ်တွင် ကီလိုဝပ် ၂၉,၂၀၀ ထွက်ရှိသည်ဟုဆိုသည်။ ၅၀၀ KVA နှင့် ၂၀၀ KVA မီးအားခွဲစက် ၂ လုံးဖြင့် လျပ်စစ်ဓါတ်အား ၅၆၀ ကီလိုဝပ် ဖြန့်ဖြူးသည် ဟုဆိုပါသည်။

မိုင်းခတ်မြို့ နယ်အတွင်း၌ ရုံးဖွင့်လှစ်ထားသော နိုင်ငံရေးပါတီ ၇ ခုရှိသည်။

၁။ NLD
၂။ USDP
၃။SNLD
၄။ SNDP
၅။ တစည
၆။ အာခါအမျ ို းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ
၇။ လားဟူ အမျ ို းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ဖြစ်ကြပါသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မိုင်းခတ်မြို့နယ်၌ USDP မှ ပြည်နယ် လွှတ်တော် ၂ နေရာ၊ပြည်သူ့လွှတ်တော် ၁ နေရာ စုစုပေါင်း ၃ နေရာလုံး အနိုင်ရရှိထားသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်၏
ထုတ်ပြန်ချက်အရ မိုင်းခတ်မြိုနယ်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလည်နေရာ အတွက် မဲပေးနိုင်သူ ၁၆,၄၈၀ ဦးရှိပြီး မဲပေးသူ - ၆,၅၈၇ ဦး ၃၉.၉၇% ရှိသည်။

USDP က ၃,၄၀၃ မဲ ၅၁% ဖြင့်အနိုင်ရသည်။
NLD က ၉၄၂ မဲ ၁၄.၃၀% ဖြင့် ဒုတိယ၊
SNLD က ၆၃၄ မဲ ၉.၆၂% ဖြင့် တတိယလိုက်သည်။

ပြည်နယ်လွှတ်တော် အမှတ် ၁ တွင် မဲပေးနိုင်သူ ၈၈၁၃ ဦးရှိပြီး မဲလာပေးသူ ၄၉၇၉ ဦး ၅၆.၅၀% ရှိသည်။
USDP က ၂,၃၁၀ မဲ ၅၂.၄၆ % ဖြင့် အနိုင်ရသည်။
NLD ပါတီ က ၇၈၁ မဲ ၁၇.၇၄% ဖြင့် ဒုတိယ၊
SNLD က ၄၆၄ မဲ ၁၀.၅၄% ဖြင့် တတိယလိုက်သည်။

ပြည်နယ်လွှတ်တော် အမှတ် ၂ တွင် မဲပေးနိုင်သူ ၇,၆၆၈ ဦးရှိပြီး မဲလာပေးသူ ၂,၃၅၁ ဦး ၃၀.၆၆ % ရှိသည်။
USDP က ၉၇၃ မဲ ၅၂.၀၃% ဖြင့်အနိုင်ရသည်။
NLD က ၂၄၇ မဲ ၁၃.၂% ဖြင့် ဒုတိယ၊
SNLD က ၁၉၇ မဲ ၁၀.၅၃% ဖြင့် တတိယလိုက်သည်။

၂၀၁၇ စက်တင်ဘာ ၃၀ ရက်နေ့ထုတ်ပြန်သည့် မိုင်းခတ်မြို့ နယ်အထွေထွေ အုပ်ချ ုပ်ရေးဦးစီးဌာန၏စာရင်းအရ မိုင်းခတ်မြို့နယ်၏ မဲဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ ကျား ၈,၀၄၇ ဦး၊ မ ၇,၈၆၈ ဦး စုစုပေါင်း ၁၅,၉၁၅ ဦးဖြစ်သည်။ ဤကွာခြားမှု မှ အထွေထွေအုပ်ချ ုပ်ရေးဦးစီးဌာနစာရင်းတွင် တပ်မ
တော် တပ်ရင်းတပ်ဖွဲ့များ၏ စာရင်းမပါ၍ ဖြစ်ပုံရသည်။


ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စိုး