Breaking News

နေစိမ့် - မံမီ

SKB
မံမီ
နေစိမ့်
(မိုးမခ)၊ သြဂုတ် ၃၁ ရက်


ကန္တရကြီးထဲ
အနှစ်နှစ် အလလ
ကျောက်တုံးကျောက်ချပ်တွေကြားက
တစိမ့်စိမ့်ထွက်နေဆဲ သွေးစက်တွေ
လိုဏ်ခေါင်းနက်နက်ထဲက အော်သံစူးစူးတွေ
သဲပွင့်တွေပွတ်တိုက်ရာက ညည်းတွားသံတွေ
တစ်ခါတစ်ခါ မုန်တိုင်းဆိုတာက
ဝိညာဉ်ကျိန်စာလွှတ်ပွဲတော်ပါ
ကြက်ကန်းဆန်အိုးတိုး
ဆေးရည်စိမ် ကျပ်စည်းအတတ်အစွမ်းအစနဲ့
သက်ဦးဆံပိုင် ဘုရင်နဲ့မိဖုရားက ရူးသွပ်
လူကုံထံအမည်ခံ
ထီးရိပ်နန်းခို လူ့မိစ္ဆာတွေ ကိုယ်ရေးကိုယ်တာ
သမိုင်းစစ်မျက်နှာထဲ အက္ခရာတွေဖြစ်ခဲ့
သိုက်စာမြေပုံအညွန်းများဖြားယောင်းရာ
ကောက်ကောက်ပါ အနံ့ခံလို့။  ။