Breaking News

ဟာရိုးရော်ဘင်နှင့်မောင်မိုးသူ



ဟာရိုးရော်ဘင်နှင့်မောင်မိုးသူ

(မိုးမခ) ဩဂုတ် ၃၊ ၂၀၁၉
(သူ့ပုံနှိပ်စာမူများမှ ယူပါတယ်)
ကမ္ဘာကျော်အရောင်းအရဆုံးစာရေးဆရာဖြစ်သည့် ဟာရိုးရောဘင်ဟာ သူ့ရဲ့အရောင်းအရ ဆုံးကမ္ဘာ ကျော်စာအုပ်တွေ ၂၀လောက်ရှိပါတယ်၊ သူ့စာအုပ်တွေကို မောင်မိုးသူရဲ့ရေးဖော်မိတ်ဆွေ များဖြစ်တဲ့ အထောက်တာ်လှအောင် မောင်ပေါ်ထွန်းနှင့်အခြားခြားသောသူများကထုတ်ဝေပါတယ်၊ မောင်မိုးသူကိုယ် တိုင်ကတော့ ဟာရိုးရော်ဘင်ရဲ့ အပါးဆုံးနဲ့ ခံစားမှုအားကြီးတဲ့ အိပ်မက်ကုန်သည် နှင့် ပစ်မသွားနဲ့အချစ်ရယ် ဝတ္ထုနှစ်ပုဒ်ကိုပဲ ဘာသာပြန်ဖို့ ဆုံးဖြတ်ခဲ့မိပါတယ်။

 အိပ်မက်ကုန်သည် ဝတ္ထုက တော့ နာမည်ကအစ ဖမ်းစား မှုရှိခဲ့ပါတယ်၊ အဲဒီအချိန်မှာ လူကုန်သည် ငွေကုန်သည် ရွှေကုန်သည် လက်နက်ကုန်သည်အစရှိသည့် ကုန် သည်စာအုပ်တွေအများကြီး ပြန်ဆိုထုတ်ဝေကြရာ မောင်မိုးသူက ဟာရိုးရော်ဘင်ရဲ့ အိပ်မက်ကုန်သည် ပြန်ဆို လိုက်ခြင်းဖြစ်ပါတယ်၊ ဟုတ်ပါတယ်၊ ငွေတို့ရွှေတို့ လက် နက်တို့စတဲ့ ပစ္စည်းများကိုရောင်းဝယ်ဖောက်ကားတာ မဟုတ်ပဲ အိပ်မက်များကို စီမံဖော် ထုတ်ရောင်း ဝယ်ဖောက်ကားကြတဲ့ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာကျော်ဟော လိဝုဒ်လောကကြီးဖြစ်ပေါ်လာပုံကို ပုံဖော်ရေးသားထားတဲ့ဝတ္ထုဖြစ်လေတော့ အဲဒီအချိန်မှာ ရုပ်ရှင်ပိုးထနေ ပြီဖြစ်တဲ့ မောင်မိုးသူ အလွန် စွဲလန်းပြီး အိပ်မက်ကုန်သည် ဝတ္ထုကိုဘာသာပြန်ထုတ်ဆိုခဲ့ပါတယ်၊ အိပ်မက် ကုန်သည် ဝထ္ထုဟာ တကယ်တော့ ရုပ်ရှင်သမိုင်းတာဝန် ရုပ်ရှင်ဆိုတဲ့အနုပညာ ဘယ်လိုပေါ်ပေါက်လာခဲ့တယ် ဘယ်လို ကြိုးစားဖန်တီးကြတယ် ဘယ်လိုရုန်းကန်ကြတယ် ဘယ်လိုအိပ်မက်ကို ရောင်းဝယ်ဖောက်ကား ကြတယ် ရေးဖွဲ့ထားတဲ့ဝတ္ထုဖြစ်ပါတယ်။

 ဒီဝတ္ထုမှာ မင်းသားဂျော်နီက ပီတာတို့ဇနီးမောင်နှံကို အရိပ်ပြ စက်က လေး စတင်တည်ထောင်ခဲ့ရာမှ ရုပ်ရှင်လုပ်ငန်းကြီး တည်ထောင်ဖြစ်အောင်အထိ လုပ်ဆောင်ခဲ့ သူများကို လှပစွာရေးဖွဲ့ခဲ့ပါတယ်၊ ပီတာတို့ဇနီးမောင်နှံမှာ သမီးကလေးဒေါ်ရစ်ရှိပါတယ်၊ သမီးကလေး ဒေါရစ်က ငယ်ငယ် ကလေးကပဲ သမီးကြီးရင် အန်ကယ်ဂျော်နီကို ပြောဆိုခဲ့တဲ့ မိန်းမလေ၊ ရုပ်ရှင်တွေစ တင်ရိုက်ကူးချိန်က နယူးယောက်မှာ အခြေပြုစတင်ရိုက်ကူးကြပါတယ်၊ နယူးယောက်ဟာ မိုးလည်း များ ရာသီဥတုကလည်း အေးစက်တဲ့ အရပ်ဒေသဖြစ်လေတော့ ရုပ်ရှင်ရိုက်ကူးရာမှာ သိပ်ပြီးတွင် ကျယ်မှုမရှိလှဘူး၊ အဲဒီအချိန်မှာ ဂျော်နီတို့က ကယ်လီဖိုးနီးယားရောက်သွားပြီး ရုပ်ရှင်ဇာတ်ကားတစ် ကားရိုက်ကူးပါတယ်၊ ကယ်လီဖိုးနိီး ယားကတော့ နေရောင်အမြဲရနေတဲ့အရပ် လှပတဲ့ရှုမျှော်ခင်းတွေ ရှိနေတဲ့အရပ်လို့ နယူးယောက်ရုပ်ရှင် လောကကို အဲဒီကားပြလိုက်တော့မှ ရုပ်ရှင်လောကသားတွေ ကယ်လီဖိုးနီးယားကို စိတ်ဝင်စားကြတယ်။

အဲဒီတော့ ဂျော်နီက သူတို့ဟာ တကိုယ်ကောင်းဆန်တဲ့ သူတွေမဟုတ်ဖူး၊ အဲဒီကယ်လီဖိုးနီးယားမှာ အားလုံးအတွက် မြေတွေဝယ်ထား ပါတယ်ဆိုပြီး ပါးစပ် နဲ့ရောင်းချတော့တာ၊ အဲဒီရောင်းချပြီးကာမှ ကယ်လီဖိုးနီးယားကိုဖုန်းဆက်ပြီး မြေတွေရ သလောက် ဝယ်ထားဖို့ညွှန်ကြားပါတယ်၊ အဲဒီလို အဲဒီလို ရုပ်ရှင်လောက်ကသားများကို မြေယာလိမ်ရောင်းပြီး ရုပ်ရှင်လောကဟောလိဝုဒ်ကြီးကိုတည်ထောင်ခဲ့ကြ တာဖြစ်ပါတယ်၊ 

အိပ်မက်ကုန်သည် ဝတ္ထုဟာ ဟာရိုးရော်ဘင်ရဲ့ အစောပိုင်းဝတ္ထုများဖြစ်သည့်တိုင် ဂန္ထဝင်ဆန်တဲ့အရေးအသား စေ့စပ်သေချာတဲ့ဇာတ် အိမ်တည်ဆောက်မှု ပီပြင်တဲ့စရိ်ုက်ဇာတ်ဆောင်များနှင့် ဟောလိဝုဒ်ရုပ် ရှင်လောကကြီးအကြောင်းကို အပီပြင်ဆုံးဖွဲ့ဆိုရေးသားထားတဲ့ဝတ္ထုဖြစ်ပါတယ်၊ အဓိကဇာတ်ဆောင် များဖြစ်တဲ့ ဂျော်နီနဲ့ဒေါရစ်ရဲ့ အလွန်လှပတဲ့ အချစ်ဇာတ်လမ်းကိုဖွဲ့ဆိုရေးသားခဲ့ပါတယ်။

 ဂျော်နီဟာ ပီတာကို မဂနန်ဆိုတဲ့ ရုပ်ရှင်ကုမဏီကြီးဖြစ်မြောက်အောင်စီစဉ်လုပ်ပေးခဲ့တဲ့တစ်ဦးဖြစ်ပါတယ်၊ တကယ်တော့ အစစအရာရာ ဂျော်နီခြေ ဂျော်နီလက်နဲ့စီစဉ်ခဲ့တာဖြစ်ပြီး ရုပ်ရှင်ကုမဏီကြီးရဲ့ ဒါရိုက် တာကတော့ ပီတာဖြစ်ပါတယ်၊ တချိန်တော့ ရုပ်ရှင်လုပ်ငန်းအစုလုပ်လုပ်ငန်းက ပီတာကိုဖယ်ရှားပြီး ဂျော်နီကို ဥက္ကဌအဖြစ်တင်မြောက်ကြပါတယ်၊ ရုပ်ရှင်လုပ်ငန်းရဲ့ ဥက္ကဌကြီးဖြစ်လာတဲ့ဂျော်နီဟာ အ လွန်ပျော်ရွှင်နေတုန်း ဒေါရစ်ဆီက ဖုန်းလာပါတယ်၊ ပီတာနေထိုင်မကောင်းဖြစ်နေုလို့ ဂျော်နီနဲ့တွေ့ ချင်တယ်လို့လှမ်းပြောတာပါ၊ ဂျော်နီက ချက်ချင်းထလိုက်ဖို့ပြန်ဆင်ဖို့ လုပ်တော့ ရုပ်ရှင်လုပ်ငန်းရှင် တွေက သဘောမကျပါဘူ၊ အခုမှပူ ပူနွေးနွေးခန့်လိုက်တဲ့ ဥက္ကဌဟာ လုပ်ငန်းတွေထားပစ်ပြီး ပီတာ ဆီသွားဖို့ဆုံးဖြတ်လိုက်တာကို ၊ သူတို့တွေက စီးပွးရေးသမားတွေဖြစ်ပြီး ပီတာနဲ့ ဂျော်နီတို့ရဲ့ နှလုံး သားဆက်ဆံရေးကို နားမှမလည်နိုင်ပဲကို။

ဂျော်နီက စစ်အတွင်းမှာ စစ်ထဲဝင်ခဲ့ပြီး တိုက်ပွဲဝင်တော့ ခြေထောက်မှာဒဏ်ရာရပြီး ခြေတစ်ဖက်ဖြတ်ခံခဲ့ရပါတယ်၊ အဲဒီလိုခြေတစ်ဖက်ပြတ် ဒုက္ခိတဖြစ်နေတဲ့ ဂျော်နီကို အားလုံးကအားပေးပြီး ရုပ်ရှင်လောကထဲကိုပြန် လည်ထည့်သွင်းပြီး အောင်မြင်တဲ့ရုပ်ရှင်သ မားဖြစ်အောင် လုပ်ဆောင်ပေးခဲ့ကြပါတယ်၊ အောင်မြင်တဲ့ရုပ်ရှင် သမားဖြစ်တဲ့ဂျော်နီဟာ ရုပ်ရှင်မင်း သမီးချောချောလှလှလေးတစ်ယောက်ကိုလက်ထက်ပြီးယူလိုက်ပါတယ်၊ စရိုက်ချင်းမတူတဲ့သူတို့အိမ် ထောင်ရေးဟာ ပြိုကွဲသွားခဲ့ပါတယ်၊

 ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ အပြိုင်အဆိုင် စီးပွားရေးသမားတွေ အပြိုင်အဆိုင်ဘဏ်တွေကငွေချေးရတဲ့အခြေအနေတွေ ဘဏ်လုပ်ငန်းငန်းရှင်တွေက ရုပ်ရှင်လောက သားတွေရဲ့အပေါ်စီးကရနေချိန်တွေ ၊ ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ အဖြစ်အပျက်တွေကို ပီပြင် အောင်ဖော်ဆောင်ရေးဖွဲ့ခဲ့ပါတယ်၊ ဟောလိလုဒ်ရုပ်ရှင်လောကမှာ ရုပ်ရှင်လုပ်ငန်းဥက္ကဌဖြစ်တဲ့ဂျော်နီ အတွက် ဘဏ်လုပ်ငန်းရှင်ကြီးနှစ်ခုကြားထဲမှာ ညှပ်မိနေရာက နောက်ဆုံး ဂျော်နီရဲ့ ငယ်ဆရာ သူဌေးကြီးအိမ်ရောက် တော့မှ အဲဒီအပြိုင်အဆိုင်ဘဏ်လုပ်ငန်းရှင်ကြီးနှစ်ခုစလုံးဟာ သူဌေးကြီး တစ်ဦးထဲကပိုင်ဆိုင်ကြောင်း ရေးသားဖော်ပြပုံကအလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်၊ ဟောလိဝုဒ် ရုပ်ရှင်တင်မက အမေရိကန်ရဲ့ ဘဏ်လုပ် ငန်းအားလုံးကို လှစ်ဟပြလိုက်သလိုဖြစ်နေပါတယ်၊ ဒီအိပ်မက်ကုန်သည် ဝတ္ထုမှာတော့ ဂျော်နီနဲ့ဒေါရစ်နဲ့ ပေါင်းစုံကြတာနဲ့ လှပစွာအဆုံးသတ်ထားပါတယ်၊ အဲဒီတ္ထုကို မောင်မိုးသူ ပြန်ဆိုထုတ်ဝေစဉ်က ဟောလိဝုဒ်ရုပ်ရှင်ရဲ့ သင်္ကေတဖြစ်တဲ့ မာရီလီမွန်ရယ် ပြုံးနေတဲ့ ပုံနဲ့ ထုတ်ဝေခဲ့တာကိုမောင်မိုးသူမှတ်မိ နေခဲ့ပါတယ်၊

ပစ်မသွားနဲ့အချစ်ရယ် ဝတ္ထုကတော့ ဟာရိုးရော်ဘင်ရဲ့ အရှားပါးဆုံးနဲ့ အကောင်းဆုံး အချစ်ခံစား မှုဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်၊ ဒီဝတ္ထုကို မောင်မိုးသူ မောင်ပေါ်ထွန်း ဘဝတက္ကသိုလ်ကို နေဝင်း စာမော်ကွန်း ကိုဝင်းခက်တို့နှင့် မေမြို့ကိုသွားပြီး မောင်ပေါ်ထွန်းနှင့် မောင်မိုးသူတို့က သူတစ်အုပ်ကိုယ်တစ်အုပ် နှင့်အတူတကွ စားပွဲရှည်ကြီးတစ်ခုမှာထိုင်ပြီး ဘာသာပြန်ခဲ့ကြတာဖြစ် ပါတယ်၊ အဲဒီဝတ္ထု ကို ဟာရိုးရော်ဘင်က အစောပိုင်းခံစားမှု အချစ်ကိုအားပြုတဲ့ ဝတ္ထု ရေးသားခဲ့ တဲဝတ္ထုဖြစ်ပါတယ်၊ မောင်မိုးသူကလည်း ဒီဝတ္ထုဘာသာပြန်စဉ်က အချစ်နှင့်စိတ်ခံစားမှုများ အားပြု ပြန်ဆိုခဲ့မိတဲ့အတွက် မောင်မိုးသူရဲ့ ဘာသာပြန်လက်ရာတွေထဲမှာ အချစ်ခံစားမှုနဲ့ပတ်သက်ပြီး အပေါ်လွင်ဆုံး ဘာသာပြန်ဝတ္ထုတစ်ပုဒ်အဖြစ် စာဖတ်သူများက အသိအမှတ်ပြုခဲ့ကြပါတယ်၊

ပစ်မသွားနဲ့အချစ်ရယ် ဝတ္ထုကို ဟာရိုးရော်ဘင် စဖွင့်လိုက်ပုံက ဇာတ်ဆောင် အယ်လိန်းကွယ် လွန်သွားကြောင်းနှင့် စဖွင့်ထားပါတယ်၊ အယ်လိ်န်းကွယ်လွန်သွားရတာဟာ မင်းသား ဘရက်က သူ့ကြောင့်ကွယ်လွန်ရတာလို့ အသည်းနှင့်အောင်ခံစားရရှာပါတယ်၊ စိတ်အင်မတန်ထိခိုက်နေတဲ့ ဘရက်ကို သူ့ဖခင်ကလာတွေ့ပါတယ်၊ သူ့ဖခင်က အယ်လိန်းကွယ်လွန်တဲ့သတင်းကို ကြားလို့လာ တွေ့တာဖြစ်ပါတယ်၊ ဘရက်က သူ အယ်လိန်းကွယ်လွန်တဲ့အရပ်ကို မသွားရဲ ရင်မဆိ်ုင်ရဲဘူးလို့ပြော ပါတယ်၊ မင်းဟာ ငါ့သားဖြစ်တဲ့အတွက် မှားယွင်းမှုမိိုက်မဲမှုတွေအများကြီးလုပ်ဖူးခဲနိုင်တယ်။ ဒါပေမယ့် ငါတို့မျိုးရိုးတိုင်း ပြဿနာကိုရင်မဆိုင်ရဲ့တဲ့အမျိုးတွေမဟုတ်ဖူး၊ မင်းအယ်လိန်းရဲ့အလောင်းကိုသွား တွေ့ပြီး စိတ်ဖြေဆည်းလိုက်ပါ၊ ပစ်မသွားနဲ့အချစ်ဟာ အဲဒီအခန်းနဲ့ဖွင့်ပါတယ်။

အဲဒီအချိန် နယူး ယောက်ရဲ့ အင်မတန်အောင်မြင်တဲ့ မက်ဒီဆင်စကွဲရပ်ကွက်ရဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ဘရက်ဟာ ဒီလို ပြာမှိ်ုင်းမှိုင်းရာသီဥတုမှာ ပထမဆုံးစတင်တွေ့ခဲ့ပုံနှင့် နောက်ကြောင်းဇာတ်လမ်းကိုစရေးပါတော့ တယ်၊ ဒီဝတ္ထု၏အဖွင့်မှာ ဇာတ်ဆောင်မင်းသမီး ဖြစ်သည့် အယ်လိန်းကွယ်လွန်ကြောင်းနှင့် စဖွင့်လိုက် သည့်ဝတ္ထုဖြစ်ပါတယ်။

 ၄င်းဝတ္ထုကို ပထမအကြိမ်ထုတ်ဝေစဉ်က မောင်မိုးသူရဲ့ တူတစ်ယောက်လိုဖြစ် သည့် မန္တလေး ရီမြင့်ရုပ်ရှင် ဖြန့်ချိရေးမှ မောင်ဇော်မြင့်ကို လက်ဆောင်ပေးအပ်ခဲ့ပါတယ်၊ တူဖြစ်သူဟု ရေးသားရခြင်းမှာ မောင်ဇော်မြင့်ရဲ့ဖခင်ကိုချိုမှာ မောင်မိုးသူရဲ့ အစ်ကိုလိုဖြစ်သည့် သူငယ်ချင်းဖြစ် သည့်အပြင် မောင်ဇော်မြင့်၏ မိခင်မှာလည်း မောင်မိုးသူ မန္တလေးတက္ကသိုလ်တက်စဉ်က ဆရာမတစ် ဦးဖြစ်ပါတယ်။

“ပစ်မသွားနဲ့အချစ်ရယ်” ဝတ္ထုကို မောင်ဇော်မြင့်က ဖတ်ရှုပြီးစီးသည်နှင့်မောင်မိုးသူကို ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ပါတယ်၊ ဝတ္ထုအဖွင့်ခန်းမှာပင် ဇာတ်ဆောင်အယ်လိန်းကွယ်လွန်ကြောင်း ဖော်ပြခဲ့သည့် နောက်မှာ ဝတ္ထုဇာတ်လမ်းထဲတွင် အယ်လိန်းပေါ်လာပြီးနောက် အင်မတန်ဖြူစင်လှပ ချစ်စရာကောင်းလှသည့်အမျိုးသမီးတစ်ဦးအဖြစ် ဟာရိုးရော်ဘင်ကပေါ်လွင်ရေးသားထား သည့်အ တွက် မောင်ဇော်မြင့်က ဝတ္ထုဖတ်စဉ် အယ်လိန်းအပေါ်တွင် ခင်မင်တွယ်တာလာပြီး အယ်လိန်းကွယ် လွန်သွားမည်ကိုနှမြောနေမိကြောင်းပြောဆိုဝေဖန်ခြင်းခံရဖူးပါတယ်။

ပစ်မသွားနဲ့အချစ်ရယ် ဝတ္ထုကို တတိယအကြိမ်အဖြစ် ၂၀၁၈ စက်တင်ဘာလလယ်တွင် နန်းဒေဝီမှ ထုတ်ဝေဖြန့်ချိပါတယ်၊ အဲဒီစာအုပ်ရဲ့ ကျောဖုံးမှာတော-့

“ဒီတော့ ကျွန်မဟာ ရှင့်ရဲ့အချစ်ကို သစ္စာဖောက်သွားတယ်လို့များ ထင်မှတ်မမှားလိုက်ပါနဲ့နော် ၊ ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မကိုယ်တိုင်လည်း အဲဒီအချစ်ကို ရှင်သန်ဖွံ့ဖြိုးအောင် အစွမ်းကုန်ကြိုးစားခဲ့တာကတော့ ကျွန်မဖွင့်မပြောနိုင်လောက်အောင်ပါပဲ၊ ဒီတော့ ကျွန်မအပေါ်မှာ ကြင်ကြင်နာနာ တွေးမြင်ပါနော်၊ ကျွန်မအတွက်လည်း ဆုမွန်ကောင်းတောင်းပေးပါ၊ ချစ်လျက် အယ်လိန်း”လို့ ဖော်ပြထားတာတွေ့ရပါတယ်၊ 

ဟာရိုးရော်ဘင်နှင့်မောင်မိုးသူ