Breaking News

ဖိုးရွှေညီမှိုင်း ● ၃၁

ဖိုးရွှေညီမှိုင်း ● ၃၁
(မိုးမခ) သြဂုတ် (၄) ၂၀၁၉

ဒီရစ်သမ်ကြီးက လှတယ်
နှစ်တနှစ်ရဲ့ ရှစ်ကြိမ်မြောက်လတိုင်း
ဒို့ပြက္ခဒိန်ပေါ်ကို
သြဂတ်စ် ရောက်လာမြဲ
အတိတ်က တကယ်ရှိခဲ့သလို
ပစ္စုန်ပ္ပန်မှာလည်း တကယ်ရှိ
မရှိသေးတဲ့ အနာဂတ်ကို
ဖြတ်ရိုက် ကန်ကျောက် ထိုးနှက်
ရက်စက် ညှင်းဆဲ ထောင်ချ တိုက်ပိတ်
မသေချင်ရင် 
အားလုံး တိတ်တိတ်နေကြပါတဲ့

ဒီအချိန်မှာ တခါက
တိုင်းပြည်ကို ချစ်လွန်းလို့ဆိုပြီး
သူတို့ကိုယ်သူတို့ ကယ်တင်ခဲ့တဲ့
ဆိုရှယ်လစ်အတုတွေကိုဖြုတ်ချ
ဒို့ နိုင်ခဲ့ကြတယ်
ဒီအချိန်မှာ တခါက
တိုင်းပြည်ကို ချစ်လွန်းလို့ဆိုပြီး
သူတို့ကိုယ်သူတို့ ကယ်တင်ခဲ့တဲ့
နီယိုနာဇီအစစ်တွေက
ဒေါင်းအလံတွေကို ပစ်သတ်
ဒို့ရှုံးခဲ့ကြတယ်

ဘယ်တော့မှ မမေ့ဘူး
ဒို့ နိုင် ခဲ့ တယ်
ဒါပေမယ့်
ဒို့ ရှုံး ခဲ့ တယ်
၈ ၈ ၈ ၈ ...

ဖိုးရွှေညီမှိုင်း
(၂၀၁၉ သြဂတ်စ် ၈ သို့ ....)