Breaking News

ဟိန်းလတ်မိုး - ငါ့ဆံပင်ကို ဘယ်သူရွှေ့သလဲ

 
KT#
ငါ့ဆံပင်ကို ဘယ်သူရွှေ့သလဲ
ဟိန်းလတ်မိုး

(မိုးမခ) စက်တင်ဘာ ၁၃ ရက်၊ ၂၀၁၉

အသားနီလန်တဲ့တောင်ကြီးတစ်ခြမ်းလို
ငါ့ဆံပင်တွေကို ဘာကြောင့်ရွှေ့သလဲ
ရှုမျှော်ခင်းဟာပြောင်းလဲနေတယ်
ရှေ့ဆက်ပြီးလည်းပြောင်းလဲဦးမယ်
ကျန်တာတွေကိုဖြိုသွားစမ်းပါ
ငါ့ဆံပင်မှ ဘာကြောင့်ရွှေ့လဲ
အရိုးပေါ်အဆီမတင်အောင်လို့
ငါအကောင်းဆုံးဖိသိပ်ဖွဲ့စည်းခဲ့တယ်
အနာဂတ်မှာလမ်းလျှောက်တတ်အောင်
နည်းကောင်းကောင်းတွေငါပေးခဲ့တယ်
မင်းအတွက်ငါက အဓိကဆို
အခုတော့မင်းအတွက်ငါက သာမညလား
ဘယ်သူမဆိုမှားယွင်းတတ်တယ်
မှားယွင်းတာပဲဖြစ်ကောင်းဖြစ်မယ်
မင်းကလွဲပြီးဘယ်သူမှမသိဘူး
မြေပုံအရမင်းသွားတာပဲ
ငါ့ဆံပင်ကိုကွေ့ပြီးတော့မှမင်းသွားပါလား
အခြားမြတ်ခင်းလည်းစိမ်းနေတာပဲ
စားကျက်ရွှေ့ပြီးစားပါတော့လား
အရေးကြီးတာထက်အရေးကြီးတယ်
မင်းရပ်နားချိန်ငါစောင့်မိတယ်
ငါ့ကိုယ်ငါနဲ့အချင်းများတော့
ခန္ဓာကိုယ်ကမေးခွန်းထုတ်တယ်
ယဉ်ကျေးတဲ့ကမ္ဘာမှဟုတ်ရဲ့လားတဲ့
ရှုခင်းရှုကွက်တွေယုတ်လျော့လာတော့
ငါ့ဆံပင်ကိုဘယ်သူရွှေ့သလဲသိလိုလာတယ်
ငါစောင့်ခဲ့တယ် စူးစမ်းခဲ့တယ် အန်ထုတ်ကြည့်တယ်
အလို.....ဘုရား ဘုရား
ရှေ့တည့်တည့်ကငါ့ငိုသံပါ အိုသွားခဲ့တယ်။---