Breaking News

နေလင်း - စီးမျောနေသော ငြိမ်းချမ်းရေးကမ်းခြေ


KT#
စီးမျောနေသော ငြိမ်းချမ်းရေးကမ်းခြေ

နေလင်း
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၉



ငြိမ်းချမ်းရေးရရင်
တပ်ထဲကအပြီးထွက်ပြီး ခြံစိုက်စားမယ်၊
အနာကသိ ဆေးကရှိ
ဆေးဖိုးကမပြည့်ဝသော တော်လှန်ရေးကာလ။




မကျက်တကျက် အနာတွေထုတ်ကြည့်
မဝတဲ့အစာကို ဆုပ်ကြည့်
ဟုတ်တိပတ်တိ ပွဲကြမ်းလိုက်ဖို့ကျ

ရှေ့တိုးနောက်ဆုတ် အလုပ်ခံရပြန်ပါတယ်

ဖောက်ပြန်သော တော်လှန်ရေးကာလ။




သေရင်မြေကြီး ရှင်ရင်ဘကြီးပဲ
ဗူးမစိုက်ရခင် အရီးအတော်ခံနေရတာလဲ"အမော"

နောက်ဆုံးတော့

ဘယ်လောက်ခုန်ခုန် ဖုန်ထရုံပဲ အဖတ်တင်ရဲ့
မွေမသေတုတ်မကျိုး တော်လှန်ရေးကာလ။




တစ်ကွက်မှားတော့ အစားခံရ
နှစ်ကွက်မှားတော့ ပိုအစားခံရ
ထူးဆန်းတာက ဘယ်လောက်မှားမှား
ကင်းမပေါက်ဘူး ပွဲမပြီးဘူး၊
အကျအရှုံးများဆဲ တော်လှန်ရေးကာလ။




"ငကန်း"မှာလည်း ညီတော်နောင်တော်
သွေးသောက် စစ်သည်ရဲမက်အများကြီး
"ငဆွေ" မှာလည်း ညီတော်နောင်တော်
သွေးသောက် စစ်သည်ရဲမက်အများကြီး
ငကန်းနဲ့ငဆွေဟာ ဆွေတော်မျိုးတော်များဖြစ်ရဲ့၊
ကျောက်ချထားတဲ့အာဏာရှင်တွေအတွက်
စီးဆင်းနေတဲ့ခေတ်ကိုဆက်ပြီးတော်လှန်ကြဦးမယ်။


နေလင်း