Breaking News

ဖိုးရွှေညီမှိုင်း - မရှိဘူး

မရှိဘူး
ဖိုးရွှေညီမှိုင်း
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၉

အလင်းရောင် မရှိတဲ့နေရာမှာ

အမှောင်ဆိုတာ မရှိဘူး

မြေ မရှိတဲ့နေရာမှာ

သစ်တောဆိုတာ မရှိဘူး

ရေ မရှိတဲ့နေရာမှာ

ငါးဆိုတာ မရှိဘူး

လေ မရှိတဲ့နေရာမှာ

ငှက်ဆိုတာ မရှိဘူး

မီး မရှိတဲ့နေရာမှာ

စွမ်းအင်ဆိုတာ မရှိဘူး။


"ဒါ မရှိရင် ဒါလည်းမရှိဘူး"

အရိုးသားဆုံးသော

သဘာဝရဲ့ လောဂျစ်*1အရ

ဘဝ မရှိတဲ့နေရာမှာ

တရားဆိုတာ မရှိနိုင်ဘူး။


ဒီ ဘဝတွေ ရှိပေမယ့်

ဒီ တရားရဲ့ မျှတမှု 

မရှိတဲ့နေရာမှာ

ဘာငြိမ်းချမ်း​ရေးမှ မရှိနိုင်ဘူး။

ဖိုးရွှေညီမှိုင်း

၂၀၁၉ အောက်တိုဘာ ၁၅