Breaking News

နေစိမ့်- ဗင်းဆင့်ဗန်ဂိုး


ဗင်းဆင့်ဗန်ဂိုး
နေစိမ့်
(မိုးမခ) အောက်တိုဘာ ရက်၊ ၂၀၁၉

နေကြာပန်းတွေက မီးတောက်မီးလျှံ
ကြယ်ဖူးကြယ်ငုံတွေက ဆင်ဖိုနီ
တိမ်ကမ္ဗလာကြီးက သက်တံတေးတွေ
ဟောဒီမှာ သေနတ်တစ်လက်
သွေးမခြောက်သေးတဲ့ နားရွက်တစ်ဖက်
ချစ်ခြင်းမေတ္တာပုရပိုဒ်နဲ့တကွ
ငါတို့မသိတဲ့ကမ္ဘာမှာ ဂူသွင်းထားခဲ့တယ်။